မြန်မာပြက္ခဒိန်

။......ယခုရောက်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။.......ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ.........။......... လည်ပတ်ရောက်လာ ဆွေသဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။ ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ......။..........သျှင်ငြိမ်းချမ်း...........Shin Nyein Chan............shinnyainchann@gmail.com
"မှတ်တမ်းလေးတခုချန်ထားခဲ့ရုံပါပဲ....။ တယောက်ယောက်အတွက် ...တခုခု အကျိုးရှိသွားရင် ကုသိုလ် ရတာပေါ့.....။"

Thursday, April 18, 2024

Photoshop ကို အခမဲ့လေ့လာနိုင်မဲ့ Website (၅) ခု


Photoshop ကို အခမဲ့လေ့လာနိုင်မဲ့ Website (၅) ခု

 Facebook လို လူမှုကွန်ရက်များမှာ ဓါတ်ပုံများ မျှဝေရတာ နှစ်သက်တဲ့ လူများအတွက် ဓါတ်ပုံများကို လှပအောင် ပြင်ဆင်နိုင်တဲ့ Photoshop ကို တတ်ကျွမ်းထားရင် အလွန် အသုံးဝင်ပါတယ်။ ဓါတ်ပုံ ပြင်ဆင်တဲ့ ဆော့ဖ်ဝဲများထဲမှာတော့ Photoshop ဟာ စွမ်းဆောင်ချက် အများဆုံးပါပြီး နာမည်အကြီးဆုံး ဖြစ်ပါတယ်။ Photoshop ကို လေ့လာရတာ မလွယ်ကူပါဘူး။ သူ့မှာ အမျိုးအစား မတူတဲ့ Commands , Actions, Effects, Tools များစွာ ပါတဲ့အတွက် အလွန် ခက်ခဲပါတယ်။ Photoshop ကို သင်ကြားပေးတဲ့ သင်တန်းများစွာ ရှိပါတယ်။ ဒါပေမယ့် အိမ်မှာနေရင်း လေ့လာနိုင်မယ့် ဝက်ဆိုက်များလည်း ရှိပါတယ်။


၁။ Lynda
Lynda ဟာ ဆော့ဖ်ဝဲ ရေးသားခြင်း၊ စီးပွားရေး စီမံခန့်ခွဲမှုနဲ့ တီထွင်ဖန်တီးမှုများအတွက် သင်ကြားပေးတဲ့ ဗီဒီယို ထောင်ပေါင်းများစွာကို ပံ့ပိုးပေးထားတဲ့ အွန်လိုင်း ပညာရေး ဝက်ဆိုက် ဖြစ်ပါတယ်။ Photoshop နဲ့ ပတ်သက်တဲ့ သင်ခန်းစာပေါင်း ၄၅၀ ကျော်ရှိပြီး Lynda ဟာ Photoshop လေ့လာချင်သူများအတွက် အကောင်းဆုံး ဝက်ဆိုက်တစ်ခု ဖြစ်ပါတယ်။
 
၂။ Tuts Plus
Photoshop ပညာရပ်ကို အသေးစိတ် လေ့လာချင်ရင် TutsPlus က ကောင်းမွန်ပါတယ်။ သူ့ရဲ့ ဝက်ဆိုက်မှာ အခမဲ့ Photoshop Tutorials ပေါင်း ၂၅၀၀ ကျော် ရှိပါတယ်။ အခမဲ့ လေ့လာနိုင်ခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။
 
၃။ Photoshop Tutorials from Adobe
Photoshop Software ကို ဖန်တီးထားတဲ့ Adobe ကတော့ Photoshop အကြောင်းကို အသိဆုံး ဖြစ်မှာပါ။ Adobe ရဲ့ Tutorial များဟာ Photoshop ရဲ့ စွမ်းဆောင်ချက် အသစ်များကို လေ့လာဖို့ အကောင်းဆုံး ဖြစ်ပါတယ်။ အခြေခံ သင်ခန်းစာများကို လေ့လာပြီး ကိုယ်ပိုင် ဖန်တီးမှုများကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Beginner နဲ့ Experienced စတဲ့ အဆင့်များကို အခြေခံထားတဲ့ Tutorials များ ရှိပါတယ်။

၄။ Photoshop Café
Photoshop ကို လွယ်ကူရှင်းလင်းစွာ သင်ကြားချင်ရင် Photoshop Café က အကောင်းဆုံး ဖြစ်ပါတယ်။ သူ့ရဲ့ ဝက်ဆိုက်မှာ Tutorial များကို အတိုချုပ် သင်ကြားပေးပြီး ထိရောက်စေပါတယ်။ သင်ဟာ Beginner တစ်ယောက်ဆိုရင် Photoshop Café ရဲ့ Tutorial များဟာ လွယ်ကူ ပါတယ်။

၅။ Spoon Graphics
Spoon Graphics ကတော့ အရည်အတွက်ထက် အရည်အသွေးကို ပိုမို ဦးစားပေးပါတယ်။ သူ့ရဲ့ ဝက်ဆိုက်မှာ Tutorial အသစ်များကို သိပ်တင်လေ့ မရှိပါဘူး။ ဒါပေမယ့် Tutorial တိုင်းဟာ ထူးခြား ဆန်းသစ်ပြီး အသုံးပြုနည်းများစွာကို ပြသပေးပါတယ်။ Spoon Graphics ဟာ Photoshop ကို အခမဲ့ လေ့လာချင်သူများအတွက် အသုံးဝင်တဲ့ ဝက်ဆိုက်တစ်ခု ဖြစ်ပါတယ်။



Credit to ==> DigitalTimes.com.mm

No comments:

Post a Comment