မြန်မာပြက္ခဒိန်

။......ယခုရောက်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။.......ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ.........။......... လည်ပတ်ရောက်လာ ဆွေသဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။ ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ......။..........သျှင်ငြိမ်းချမ်း...........Shin Nyein Chan............shinnyainchann@gmail.com
"မှတ်တမ်းလေးတခုချန်ထားခဲ့ရုံပါပဲ....။ တယောက်ယောက်အတွက် ...တခုခု အကျိုးရှိသွားရင် ကုသိုလ် ရတာပေါ့.....။"

Sunday, April 7, 2024

ကြေကွဲခန်း



ကြေကွဲခန်း


ယနေ့မှ စ၍ ရေတွက်သော်.....
မနေ့က ဖြစ်သည်....။
.
လိပ်ပြာငယ် တောင်ပံခတ်သံကြောင့်
အချို့ ရှိုက်ငင်................ရယ်မောလျှက်...
တချို့ အမြင့်ပျံ............လဲ ပြိုကျလျှက်..........။
.
ထိုးချေခံထားရသော "အလွမ်း"တို့ အိပ်မောကျခိုက်
လေပြေ သည် ဒဏ်ရာအား တဆစ်ဆစ် နာကျင်စေခဲ့ပြီ.....။
.
နှလုံးသွေးပွက်သံ ကြား စဉ်ကပင်.....
အချစ် သည် အိမ်ရှေ့မှ တရားဝင် ထွက်ခွါသွားလေသည်.....။
ဤနေရာ သို့ "နာကျင်ခြင်း" မလာရ ဟုတားမြစ်ထားပါလျက်...
သောက သည် ရက်စက်ခြင်း ကိုအဖေါ်ပြုကာ
အိမ်ဦးခန်းသို့ရောက်နှင့်သည်.....။
.
.
အို......အရှင်မ.....
ဘယ်လက်ဖြင့် အကြင်နာကိုပေးပါလော့.....
ညာလက်ဖြင့်မေတ္တာ ကိုပေးပါလော့......
ဤအရပ်ကား......ဂရုဏာဆိတ်သုဉ်းသော
နရသိန် တည်း......။
.
အို......အရှင်မ.....
ကြီးစွာသော သနားညှာတာခြင်းကို အလိုရှိပါသည်.....
ကျိန်စာကိုနှုတ်ယူ ဦးလော့........။
စာမျက်နှာ " ၄၇ " ကို ကိုယ်တိုင်ရေးခွင့်ပြုပါ.....။
.
အထီးကျန် ချိနဲ့တဲအိုပျက်သို့.....
ဟန်ဆောင်ခြင်း၊ လှည့်ဖြားခြင်း နှင့် အပေါင်းပါတို့ မလာစေသင့်ပါဟု
တိုးလျှိုးတောင်းပန်ပါသော်လည်း.....
မာယာ သည် ကြီးစွာသောရယ်သံကိုပြုဘိတကား.......။
.
.
တပေါင်းလ၏ နာမဝိသေသန မှာ ကြေကွဲ ခြင်းဖြစ်ပါသည်......။
ယနေ့မှ စ၍ရေတွက်သော်..... မနေ့က ဖြစ်ပါသည်........။
.
.
.
.
ထာဝရ ကျန်းမာ,ပျော်ရွှင်,ချမ်းမြေ့ပါစေ........နော်......
သျှင်ငြိမ်းချမ်း..........................။
(25th,Mar.2024 1:10 Am)
.
.
.
.
*နရသိန်=အကျဉ်းထောင် ။
*စာမျက်နှာ ၄၇ = အသက် ။
*နှလုံးသွေးပွက်သံ = Duke’s B

No comments:

Post a Comment