သက်ငြိမ်
ကြေကွဲရင်း ခံစားရင်း…ကျဉ်းမြောင်းတဲ့ အခန်းတွင်း…အရာရာ ကိုယ်နဲ့ မသက်ဆိုင်သလိုမျိုး….အရက်ဆိုင် လည်းမထိုင်တတ်တော့…သက်ဆိုင်သူကိုလည်းအပြစ် ပုံမချချင်…မနက်ဖန်အတွက် ခွန်အားမဲ့…လွန်သွားတဲ့ အချစ်တွေ ရုပ်သိမ်းမရ…ကိုယ်တွေ့နေရတာ မျက်ဝန်းတစုံ…ဒီလိုနဲ့…ဘဝကလုံးပါးပါးလာခဲ့….။နှုတ်ခမ်းမွှေးတွေ ရှည်လာတယ်….စီးကရက်ဘူးခွံတွေ များများလာတယ်…ကာရံမဲ့ စကားလုံးတွေ တိတ်ဆိတ် လာတယ်…အသက်ရှူ သံကျယ်လာတယ်….မိုးကောင်းကင် ကို မော့ မကြည့်ဖြစ် တော့ တာအတော်ကြာပြီပဲ လေ……………။အစဉ်စိမ်းလန်းပါစေ……သျှင်ငြိမ်းချမ်း……(13th,Aug,2014…..02:00 Am )
No comments:
Post a Comment