Auto ကားဗဟုသုတ
ကားအပြင်ကိုရောက်ပြီးခါမှ လော့ခ်(lock) ချမယ်ဆိုပြီး ကားကို ပြန်ကြည့်လိုက်တဲ့အခါ နောက်တံခါးမှန်တွေ မပိတ်ရသေးတာကြုံဖူးကြ မှာပါ။ အဲသည်အခါမှာ ကားထဲပြန်ဝင်၊ သော့ဖွင့်၊ မှန်တွေပြန်တင်၊ တံခါးပြန်ပိတ်၊ လော့ခ်ချအလုပ်တွေမရှုပ်ရအောင် ကီးရီမုတ်နဲ့ ဖြေရှင်းနိုင်ပါတယ်။
♻အဲဒီကီးရီမုတ်ရဲ့ခလုတ် (lock button)ကို ဆက်တိုက်လေးကြိမ် နှိပ်လိုက်ပြီး ဖိထား လိုက်ပါ။ မတင်ရသေးတဲ့တံခါးမှန်တွေ သူ့အလို လိုတက်လာမှာဖြစ်ပြီး တံခါးလော့ခ်တွေ ချပေးပါလိမ့်မယ်။ ဘက်ကြည့်မှန် ခေါက်မသိမ်းမိခဲ့ရင်တောင်မှ ခေါက်သိမ်း သွားပေးပါ လိမ့်မယ်။
ကားကိုနေပူထဲမှာ ရပ်ထားခဲ့မိရင် ပြန်လာတဲ့အခါမျိုးမှာ အဝေးကနေ key remote လေးနဲ့ unlock button ကို လေးကြိမ်ဆက်တိုက်နှိပ်ပြီး ဖိထားလိုက်ပါ။
✡ တံခါးလေးပေါက်စလုံးက မှန်တွေကို သူ့အလိုလို ချပေးပါလိမ့်မယ်။ ခေါက်သိမ်းထားတဲ့ဘက် ကြည့်မှန်လေးကိုပါ ပြန်ဖွင့်ပေးသွားမှာပါ။ လေပူတွေကုန်လောက် တဲ့အခါမှ ကားထဲဝင်တော့ အဆင်ပြေ စေပါတယ်။
No comments:
Post a Comment