မြန်မာပြက္ခဒိန်

။......ယခုရောက်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။.......ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ.........။......... လည်ပတ်ရောက်လာ ဆွေသဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။ ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ......။..........သျှင်ငြိမ်းချမ်း...........Shin Nyein Chan............shinnyainchann@gmail.com
"မှတ်တမ်းလေးတခုချန်ထားခဲ့ရုံပါပဲ....။ တယောက်ယောက်အတွက် ...တခုခု အကျိုးရှိသွားရင် ကုသိုလ် ရတာပေါ့.....။"

Sunday, April 7, 2024

အစိမ်းရောင်အနားသတ်



အစိမ်းရောင်အနားသတ်

အချစ်ရေ....
ငါလက်ကမ်းခဲ့ပါတယ်...
မင်းလက်မလှမ်းခဲ့ဘူး....။
.
အချစ်ရေ....
လူတွေ ရယ်သွမ်းသွေးတော့....
မင်းပျော်ရဲ့မဟုတ်လား.....။
မုသားနဲ့ဆိုးတဲ့ မင်းနှုတ်ခမ်း ကို
တရှိုက်မက်မက် တမ်းတ.....။
.
ကိန္နရာချောင်းခြား ဇာတ်ထုပ်လည်းမဟုတ်....
သုံးပွင့်ဆိုင် ဇာတ်ရှုပ် လည်းမဟုတ်....
ငါဟာ....
အသက်နဲ့မမျှ ရုန်းကန်ရတဲ့ အညတြသီချင်းတပုဒ်ပါ .....
သူစိမ်းတရံစာ ဖြစ်သွားခဲတဲ့.... အိပ်မက်များ.....။
.
အချစ်ရေ.....
ဒီပန်းကို... နမ်းဘို့ရည်ရွယ်ခဲ့ရိုးအမှန်ပါ....ကွယ်.....
ငါလက်ကမ်းခဲ့ပါတယ်...
မင်းလက်မလှမ်းခဲ့ဘူး....
မှန်ထဲကလက်တစုံကို ပန်းကမ်းခဲ့သလိုမျိုး ....
ငါဟာ
မင်းခွဲခြားခံရတဲ့ ကျောသားပါ.....။
.
.
.

အစဉ်ထာဝရ ပျော်ရွှင်ချမ်းမြေ့ပါစေနော်.....
သျှင်ငြိမ်းချမ်း............။
(7th.April.2013 2:15 Pm)

No comments:

Post a Comment