မြန်မာပြက္ခဒိန်

။......ယခုရောက်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။.......ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ.........။......... လည်ပတ်ရောက်လာ ဆွေသဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။ ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ......။..........သျှင်ငြိမ်းချမ်း...........Shin Nyein Chan............shinnyainchann@gmail.com
"မှတ်တမ်းလေးတခုချန်ထားခဲ့ရုံပါပဲ....။ တယောက်ယောက်အတွက် ...တခုခု အကျိုးရှိသွားရင် ကုသိုလ် ရတာပေါ့.....။"

Sunday, April 14, 2024

"ကြောင်တောင်တောင်ဘုန်းကြီးများ"

 


"ကြောင်တောင်တောင်ဘုန်းကြီးများ"

ဝိနည်းကြောင်၊ ပရိယတ်ကြောင်၊ ပဋိပတ်ကြောင်၊ ပရဟိတကြောင်၊ 

နိုင်ငံရေးကြောင်၊ ဘုန်းကြောင်....

#ဝိနည်းကြောင် ....

ကိုယ်တိုင်ကဝိနည်းကို လေးစားတယ် လိုက်နာကျင့်သုံးတယ် သို့ပေမယ့် သူ့လို မကျင့်သုံးနိုင်တဲ့ ရဟန်းသံဃာတွေကို သာသနာနဲ့မတန်သယောင်ယောင် ဒါယကာ ဒါယိကာမေတြ မကြည်ညိုသင့် မကိုးကွယ်သင့် ပစ္စည်းလေးပါး မလှူတန်းသင့်သယောင်ယောင် ကိုးကွယ် လှူဒါန်းရင် အကျိုးမဲ့သယောင်ယောင် ပြောဆိုပုတ်ခတ်ပြီး သူတို့သာလျှင် ဇြတ္ကို ရဟန်းကောင်း ရဟန်းမြတ်ဖြစ်ချင်နေကြသော ဝိနည်းဆောင်တာမဟုတ်ဘဲ ဝိနည်းကြောင် ကြောင်နေတာကို ဝိနည်းကြောင်လို့ခေါ်ပါတယ်။

#ပရိယတ်ကြောင် ...

သူကေတာ့ ပရိယတ်မှမသင်ရင် သာသနာကွယ်တော့မှာဆိုတဲ့အကြောင်း၊ ရိပ်သာဖွင့်တာ တရားဟောဓမ္မကထိကလုပ်တာဟာ စားပေါက်ချောင်အောင် ပြုလုပ်နေတာဖြစ်ကြောင်း၊ စာသင်စာချမှလွဲလို့ တခြားအလုပ်တွေက အပိုအလုပ်တွေဖြစ်ကြောင်းကို စာချရင်း တပည့်တွေနားထဲ အဆိပ်ခတ်ပေးနေတာကို ပရိယတ်ကြောင်လို့ခေါ်ပါတယ်။

#ပဋိပတ်ကြောင် ...

အဋ္ဌကထာ ဋီကာတွေဆိုတာ ဘုရားဟောမဟုတ်လို့ မမှန်ကန်ကြောင်း၊ စာတတ်ဖို့မလိုကြောင်း၊ စာသိက တန္ဖိုးမရွိဘဲ ခန္ဓာသိကသာ တန်ဖိုးရှိကြောင်း၊ တရားအားမထုတ်ရင် လူဖြစ်ရှုံးတဲ့အကြောင်းတွေကို အာဘောင်အာရင်းသန်သန်နဲ့ပြောပြီး သူကိုယ်တိုင်က လောဘ ဒေါသ မောဟသံပေါက်နေတဲ့သူကို ပဋိပတ်ကြောင်လို့ခေါ်ပါတယ်။

#ပရဟိတကြောင် ...

သူထောက်ပံ့နေလို့၊ သူကူညီနေလို့၊ သူစောင့်ရှောက်နေလို့သာ ဒီလူတွေ အဆင်ပြေနေသလိုလို၊ လူတွေရဲ့ စားဝတ်နေရေး အဆင်မပြေမှုတွေကို အစစအရာရာ တာဝန်ယူလုပ်ပေးပြီး လူတွေရဲ့ ကျေးဇူးရှင်နတ်ဘုရားဂိုက်ပုံစံနဲ့ လုပ်ခွင့်မသာလို့၊ မလုပ်နိုင်လို့ အကြည်ညိုခံသက်သက် သီတင်းသုံးနေကြတဲ့ ရဟန်းသံဃာတွေကို အချောင်နေအချောင်စားဆိုတဲ့ စကားမျိုးတွေနဲ့ ပြောဆိုနေပြီး၊ ဟိုဟာဗန်းပြ ဒီဟာဗန်းပြပြီး ဝမ်းဝအောင်ကြံနေတာက ပရဟိတကြောင်လို့ခေါ်တယ်။

#နိုင်ငံရေးကြောင် ...

ဒကာ ဒကာမတွေလှူတဲ့ပစ္စည်းလေးပါးကို အလှူခံပြီးရင် ဒကာ ဒကာမတွေအကြိုက် လိုက်ဖို့လိုအပ်ကြောင်း၊ နိုင်ငံရေးမှာ ဝင်မပါတဲ့ဘုန်းကြီးတွေက ဘုန်းကြီးအစစ်မဟုတ်တော့ကြောင်း၊ လွတ်လပ်စွာသဘောထားကွဲလွဲခွင့်တွေ လူ့အခွင့်အရေးတွေ တဖွဖွပြောပြီး သူနဲ့အမြင်မတူလျှင် ပုတ်ခတ်စော်ကား၊ ဒကာ ဒကာမေတြ ပစ္စည်းလေးပါးလှူတာဟာ နိုင်ငံရေးလုပ်နိုင်အောင်ပဲ လှူနေကြတာလိုလိုနဲ့ ကြောင်တောင်တောင် ဂေါက်တောက်တောက်ဖြစ်နေတဲ့သူကို နိုင်ငံရေးကြောင်လို့ခေါ်တယ်။

#ဘုန်းကြောင် ...

ဘုန်းကြောင်ဆိုတာက ဘုန်းကြီးချင် နာမည်ကြီးချင်လို့ ထင်ရာမြင်ရာတွေ လျှောက်ပြော၊ အိပ်မက်တော်အရ အထက်အမိန့်အရဆိုပြီး ဘုရားတွေလျှောက်တည်။ သတင်းမီဒီယာတွေကို ငွေပေးပြီး ကိုယ့်သတင်းကိုယ်ဖြန့်။ တရားပြဲကို ပွဲစားနဲ့လုပ်ဟော။ ဘွဲ့တုတွေ ငွေနဲ့ဝယ်။ ဒင်နာဘောဇနာကို တခမ်းတနားဘုဉ်းပေးနေတဲ့သူကလည်း နတ်တွေလာဖူးကြောင်း နဂါးတွေလာဖူးကြောင်းဆိုတဲ့ လိမ်စဉ်တွေနဲ့လှည့်စားနေတာက ဘုန်းကြောင်လို့ခေါ်တယ်။

မိမိတို့သာသနာမွာ အဲ့ဒီလို တစ်ပါးစ  နှစ်ပါးစ ထထကြောင်နေတဲ့ ကြောင်တောင်တောင်တွေကလည်း ရှိကြတယ်။ (အနည်းစုမျှသာပါ) ဘာကြောင့် ဒီလိုထထကြောင်နေရတာလည်းဆိုရင် လုပ်အားဖြည့်ပြီး စိတ်ထားမပြည့်ဝလို့ပါပဲ။ အတ္တုက္ကံသန၊ ပရဝမ္ဘနစိတ်တွေ အလွန်များတာကြောင့်ပါပဲ။ အလုပ်ကမလုပ်ကြဘူးလားဆိုတော့ မဟုတ္ဘူး တကယ်အလုပ်လုပ်နေကြတာပါ။  သို့သော်လည်း လုပ်အားသာဖြည့်ပြီး စိတ်ထားမပြည့်ဝကြတော့ ငါလုပ်နိုင်တယ် သူတို့ငါ့လိုမလုပ်နိုင်ဘူးဆိုတဲ့ ယုတ်ညံ့တဲ့စိတ်တွေဖြစ်နေကြတာ။ 

"လုပ်အားဖြည့်ပြီး စိတ်ထားမပြည့်ရင် သူ့ရဲ့လုပ်အားကို တခြားသူတွေကို တိုက္ခိုက္ဖို့ လက်နက်တစ်ခုအဖြစ် အသုံးချလာတော့တာပါပဲ"။

လုပ်အားလည်းဖြည့် စိတ်ထားလည်းပြည့်ဝကြတဲ့ဆရာတော်များကတော့ ဘာသံမွမထြက္ဘူး။ သူ့အလုပ်သူ ယုံကြည်ချက်ရှိရှိနဲ့ လုပ်ဆောင်နေကြတာပါ။ သံဃအဖွဲ့အစည်း ညီညွတ်မှုပျက်ပြားစေမယ့် မည့်သည့်စကားသံမှ မပြောဆိုကြပါဘူး။ သံဃာတွေအပေါ် လူပုဂ္ဂိုလ်တွေ အထင်အမြင်လွဲစေမယ့်စကားမျိုးကို ဘယ်တော့မှ မပြောပါဘူး။ အတုယူကြစမ်းပါ။ နွားကလေး ကျွဲကလေးတွေ ချိုပေါက်ကာစလို ဟိုဝှေ့ချင် ဒီဝှေ့ချင် မလုပ္မိဖို့ ဂရုစိုက်စေချင်ပါတယ်။

အရှင်ဘုရားတို့ရဲ့ လုပ်အားဖြည့်မှုတွေက အတုယူစရာ လေးစားစရာ အားကျစရာအလွန်ကောင်းပါတယ်။ လုပ်အားနဲ့အတူ စိတ်ထားလေးသာ ပြည့်ဝရင် ဘယ်လောက်ကောင်းလိမ့်မလည်း။ တစ်ပါးတစ်ပေါက်နဲ့ ဘာသာရေးခေါင်းဆောင်ဆိုသူတွေကိုယ်တိုင်က ညီညွတ်မရှိဘူးလို့ ဒကာ ဒကာမတွေပြောနေကြတာကိုကော ပြန်ကြားကြရဲ့လား။ မြတ်စွာဘုရားကလည်း ငါ့တပည့်သားတွေ ကိုယ်စွမ်းနိုင်ရာအပေါ်မှာ မာန်တထောင်ထောင်နဲ့ ဟောင်ပွာဟောင်ပွာဖြစ်နေတာကိုသဘောကျမယ်ထင်လား။ နောင်ပွင့်တော်မူမယ့်ဘုရားရှင်တောင် အရှင်ဘုရားတို့နဲ့ ပြန်တွေ့မှာစိုးလို့ ပွင့်တော်မူဖို့တောင် အတော်စဉ်းစားရမယ့်ကိန်းပါ။

ကိုယ့်ကိုယ်ကိုယ် လူစွမ်းကောင်းကြီးထင်ပြီး ထထမကြောင်ပါနဲ့။ အားလုံးဟာ သူ့အလုပ်နဲ့သူ သာသနာအတွက် လောကအတွက် ကောင်းကျိုးတွေကို ပြုနေကြတာပါပဲ။ ဘာအလုပ်မှမလုပ်ရင်တောင် အနည်းဆုံးတော့ ကျောင်းစောင့်ရပါသေးတယ်။ အဲ့ဒီလို ဖြည့်တွေး ဖြည့်ကြည့်ပါ။ ကိုယ့်လုပ်ရပ်မှ မှန်တယ်ကောင်းတယ် ထင်မနေကြပါနဲ့။ ဆွမ်းတစ်ချိုင့်တိုးလာလည်း ဗိုက်တစ်လုံးထက် ပိုစားလို့မရဘူး။ ကျောင်းတစ်ကျောင်းတိုးလာလည်း ကားယားခွပြီး နေလို့မရပါဘူး။ 

သာသာနာအတွက် လောကကောင်းကျိုးအတွက် ဝိနည်းဆောင်တွေလည်းရှိသင့်ပါတယ်၊ ပရိယတ်ဝန်ဆောင်တွေလည်းရှိသင့်ပါတယ်၊ ပဋိပတ်ဝန်ဆောင်တွေလည်းရှိသင့်ပါတယ်၊ ပရဟိတဝန်ဆောင်တွေလည်းရှိသင့်ပါတယ်၊ နိုင်ငံဝန်ဆောင်တွေလည်းရှိသင့်ပါတယ်။ (ဘုန်းကြောင် ကြောင်နေတဲ့ ကြောင်တောင်တောင်တွေတော့ မရှိသင့်ပါဘူး)။ တစ်ပါးစ နှစ်ပါးစ ထထကြောင်နေလို့ ဒကာ ဒကာမတွေလည်း ဟိုဘုန်းကြီးပြောတာ ဟုတ်သယောင်ယောင် ဒီဘုန်းကြီးပြောတာ ဟုတ်သယောင်ယောင်နဲ့ ကြောင်တောင်တောင်တွေဖြစ်ပြီး အကုသိုလ်တွေလည်း ရကြရပါတယ်။ ။

(ချစ်ခြင်း မုန်းခြင်းမပါဘဲ ဝေဖန်ထောက်ပြခြင်းမျှသာဖြစ်လို့ ဒကာ ဒကာမတွေအနေဖြင့် မည့်သည့်သံဃာကိုမှ အပြစ်မမြင်စေလိုပါ။ အပြစ်မြင်လိုပါက မနေနိုင် မထိုင်နိုင် ကြောင်တောင်တောင်နဲ့ အာထချောင်တဲ့ မိမိကိုသာ အပြစ်မြင်နိုင်ပါသည်)။ ။

အမည်မဖော်လိုသူ ပိဋက၁ ပုံအောင်  ဆရာတော်ကြီးတပါး.......။

No comments:

Post a Comment