အတိတ်နိမိတ်ပြ ညဉ့်ငှက် (၃)မျိုး
၁။ ဇီးကွက်ငှက်
လာဘ်လာဘရရှိရန်အတွက် အတိတ်နိမိတ်မြည်၏။
၂။ တီးတုတ် (ဒီးဒုတ်)ငှက်
အိမ်တွင်းရေးအတွက် အတိနိမိတ်ပြမည်၏။
အိမ်ဝင်း၊ ကျောင်းဝင်း၊ ခြံဝင်း၌ တရွေ့ရွေ့သွား၍၊ အိမ်၊ကျောင်းအတွင်းရေးကိစ္စအတွက် အတိတ်နိမိတ်ပြ မြည်၏။ ဒီးဒုတ်မြည်လျှင် အိမ်အတွင်းအန္တရာယ်၊ အပြင်အန္တရာယ်ကို အထူးသတိထားကာကွယ်စောင့်ရှောက်ရသည်ဟူ၏။
ပုဂံခေတ်က ရွှေအိမ်သည်မင်းသ္မီး ပဋိက္ခယား ကုလားမင်းသားနှင့် ရည်ငံချိန်တွင် နန်းတော်ဝင်းအတွင်း ဒီးဒုတ် ခဏခဏလှည့်၍ မြည်သောဟူ၏။
(ဒီးဒုတ်မြည်လျှင် ကလေးတို့သည် “ပူစီဒီးဒုတ် လက်ဝါးနှင့်အုပ်”စသည်ဖြင့် အိမ်တွင်းရေး သတိပေးတဘောင်သီချင်းကို ဆိုကြသည်)
၃။ မိန်ကောင်ငှက်
ကျန်းမာရေးအတွက် အတိတ်နိမိတ်ပြမည်၏။
မကျန်းမာသူရှိသော အိမ်ကျောင်းပေါ်သို့ ညဉ့်အခါ ထိုးဆင်းပျံတက်သွားပြီး၊ (ဂီး) ဟု အသံဆိုးကြီးဖြင့်မြည်၍၊ ကျန်းမာရေး အထူးရန် ကြပ်မတ် ကုသကြပါ၊ ဂရုစိုက်ကြပါ၊ ခရီးအန္တရာယ် ဆင်ခြင်ကြပါဟုပြောသကဲ့သို့ သတိပေးအတိတ်နိမိတ်ကို ပြသည်။ လူတို့က ငှက်ပုတ်ထိုးသည် “ဂီး” ဟူသောအသံကို ငှက်ဆိုးငှက်ပုတ် အသံဟုဆိုသည်။ အမှန်စင်စစ်ကား ကျန်းမာရေးသတိပေး အတိတ်နိမိတ် ပြခြင်းသာတည်း။
ကျမ်းညွှန်း မဟာသုတဒီပနီကျမ်း။
No comments:
Post a Comment