မြန်မာပြက္ခဒိန်

။......ယခုရောက်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။.......ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ.........။......... လည်ပတ်ရောက်လာ ဆွေသဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။ ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ......။..........သျှင်ငြိမ်းချမ်း...........Shin Nyein Chan............shinnyainchann@gmail.com
"မှတ်တမ်းလေးတခုချန်ထားခဲ့ရုံပါပဲ....။ တယောက်ယောက်အတွက် ...တခုခု အကျိုးရှိသွားရင် ကုသိုလ် ရတာပေါ့.....။"

Thursday, April 11, 2024

ဆုံးမစာ


မြတ်ဗုဒ္ဓဒေသနာနှင့်ယနေ့ကမ္ဘာ



စီးပွါးရေးနဲ့ပတ်သက်ပြီး ကြီးပွါးတိုးတက်နေတဲ့ပုဂ္ဂိုလ်
တွေ ကြီးပွါးတိုးတက်နေတဲ့နိုင်ငံတွေ ကြီးပွါးတိုးတက်နေတဲ့.....။
ကုမ္ပဏီကြီးတွေဟာ မြတ်ဗုဒ္ဓဟောထားတဲ့တရားကို မသိသော်လည်း 
မြတ်ဗုဒ္ဓဟောထားတဲ့ အချက်အလက်တွေနဲ့ ပြည့်စုံတယ်လို့ ပြောနိုင်ပါတယ်၊  
သူတို့မှာ ဥဌာနသမ္ပဒါ ရှိတယ်။
၁။ လုပ်ငန်းကျွမ်းကျင်တယ်။
၂။ နည်းပညာကောင်း ရှိတယ်။
၃။ ကြိုးစားအားထုတ်တယ်။
ဟောဒီအချက်အလက်တွေဟာ ငြင်းလို့ မရတဲ့အချက် အလက်တွေပဲ။ 
နောက်ပြီး သူတို့မှာ အာရက္ခသမ္ပဒါ ရှိတယ်၊ အလေအလွင့် မရှိအောင် ထိန်းသိမ်းတယ်။
ကလျာဏမိတ္တတာခေါ်တဲ့ မိတ်ကောင်းဆွေကောင်း ရှိတယ်၊ 
စီးပွါးရေးအကြံပေးမယ့်ပုဂ္ဂိုလ်တွေ အကျင့်ကောင်းတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်။
သမဇီဝိတာလို့ခေါ်တဲ့ ဝင်ငွေထွက်ငွေ မျှတအောင် သုံးတယ်၊
 ဒီအချက်အလက်တွေနဲ့ ပြည့်စုံလို့ ကြီးပွါးတိုးတက် တာပါ။


ဒေါက်တာနန္ဓမာလာဘိဝံသ(ပါမောက္ခချုပ်ဆရာတော်)

No comments:

Post a Comment