မြန်မာပြက္ခဒိန်

။......ယခုရောက်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။.......ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ.........။......... လည်ပတ်ရောက်လာ ဆွေသဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။ ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ......။..........သျှင်ငြိမ်းချမ်း...........Shin Nyein Chan............shinnyainchann@gmail.com
"မှတ်တမ်းလေးတခုချန်ထားခဲ့ရုံပါပဲ....။ တယောက်ယောက်အတွက် ...တခုခု အကျိုးရှိသွားရင် ကုသိုလ် ရတာပေါ့.....။"

Friday, April 19, 2024

မြန်မာစာရေးနည်း အကျဉ်းမှတ်ဖွယ် သံခိပ်နိယံ



 မြန်မာစာရေးနည်း အကျဉ်းမှတ်ဖွယ် သံခိပ်နိယံ

(၁) ကွက်လပ် ( )

၁။ ဝိဘတ်တစ်လုံး၊ ဆုံးခဲ့တုံမှတ်၊ ပုဒ်နောက်ရပ်၊ `ကွက်လပ်´ ခြားရမည်။

 

() ပုဒ်သေး ( ၊ )

၂။ ဝါကျငယ်ပင်၊ ဆုံးခဲ့လျှင်၊ အစဉ် `ပုဒ်သေး´ချရမည်။

၃။ အမည်ဂုဏ်ပုဒ်၊ ယှဉ်တွဲထုတ်က၊ ဂုဏ်ပုဒ် ရှေ့တွင်၊ `ပုဒ်သေး´ဝင်၊ အစဉ်ထားရမည်။

၄။ နေ့စွဲနောက်ရပ်၊ စာအမှတ်နောက်တွင်၊ `ပုဒ်သေး´ဝင်၊ အစဉ်ထားရမည်။

၅။ ဂါထာဗန္ဓ၊ ပ,နှင့် တ, တို့၊ ပါဒဆုံးတွင်၊ `ပုဒ်သေး´ ဝင်၊ အစဉ်ထားရမည်။

၆။ ကဗျာစီမှု၊ ရတု စ,စွာ၊ ပါဒအဆုံးတွင်၊ `ပုဒ်သေး´ဝင်၊ အစဉ်ထားရမည်။

၇။ သံပေါက် ရှည် တို၊ လင်္ကာကို၌၊ ထိုနည်းအတိုင်းပင်၊ `ပုဒ်သေး´ဝင်၊ အစဉ်ထားရမည်။

၈။ သံပေါက်ရေးရာ၊ ရှေးနှစ်ပါဒတွင်၊ `ပုဒ်သေး´ဝင်၊ အစဉ်ထားရမည်။

၉။ ရှစ်လုံးဘွဲ့ထုံး၊ ရှစ်လုံးဆုံးက၊ သုံးပါဒတွင်၊ `ပုဒ်သေး´ဝင်၊ အစဉ်ထားရမည်။

၁၀။ ဒွေးချိုး, တြိချိုး၊ လေးချိုးကဗျာ၊ ရေးကာစီကြ၊ ချိုးရှေ့မှလျှင်၊ ပါဒနောက်တွင်၊ `ပုဒ်သေး´ဝင်၊ အစဉ်ထားရမည်။

၁၁။ တေးထပ်မျိုးမှန်၊ သုံးကဏ္ဍဝယ်၊ ရှေ့ပုဒ်သွယ်၌၊ မှတ်ဖွယ် `ပုဒ်သေး´ချရမည်။

၁၂။ စာမျက်နှာများ၊ ပိုဒ်ရေးများကို၊ ညွှန်ကြားရာတွင်၊ များခဲ့လျှင်၊ ကြားတွင်-`ပုဒ်သေး´ ချရမည်။

၁၃။ သို့မဟုတ် ရှေ့တွင်၊ `ပုဒ်သေး´ဝင်၊ အစဉ်ချရမည်။

၁၄။ အနက်နောက်တွင်၊ `ပုဒ်သေး´ဝင်၊ အစဉ်ချရမည်။

 

(၃) ပုဒ်ကြီး၊ ပုဒ်မ ( ။ )

၁၅။ စုပေါင်းဝါကျ၊ ရေးခဲ့ကျရာ၊ နောက်ဆုံးမှာ၊ ချပါ ` ပုဒ်ကြီး´တည်း။

၁၆။ တစ်ဝါကျတည်း၊ ပြီးဆုံးခဲ့ရာ၊ ထိုအခါ၊ ချပါ ` ပုဒ်ကြီး´တည်း။

၁၇။ အပိုဒ် နံပါတ်၊ နောက်ရပ်တွင်မှာ၊ ချပါ ` ပုဒ်ကြီး´တည်း။

၁၈။ အမှတ်စဉ်ကို၊ ပြဆို နံပါတ်၊ ထိုနောက်ရပ်၊ ချအပ် `ပုဒ်ကြီး´ တည်း။

၁၉။ သင်္ချာနောက်မှ၊ ပြသည့် သင်္ချေ၊ နောင်၌ပေ၊ ချလေ `ပုဒ်ကြီး´တည်း။

၂၀။ ဂါထာဗန္ဓ၊ ဒု,နှင့် စ,ပင်၊ အဆုံးတွင်၊ ချချင် `ပုဒ်ကြီး´ တည်း။

၂၁။ ကဗျာစီမှု၊ ရတု စ,စွာ၊ ပါဒကုန်သုဉ်း၊ အပိုဒ်ဆုံး၊ သုံးလေ `ပုဒ်ကြီး´တည်း။

၂၂။ သံပေါက် တိုရှည် (ရှည်) ဆုံးတုံပေ၊ သုံးလေ `ပုဒ်ကြီး´တည်း။

၂၃။ ကဗျာရှစ်လုံး၊ ဖွဲ့စီကုံး၊ ပြီးဆုံး `ပုဒ်ကြီး´ တည်း။

၂၄။ ဒွေးချိုး၊ တြိချိုး၊ လေးချိုးရေးထုံး၊ ချိုးပုဒ်ဆုံး၊ စွဲသုံး `ပုဒ်ကြီး´တည်း။

၂၅။ တေးထပ်မျိုးမှန်၊ ကဏ္ဍသုံးခု၊ ဆုံးတုံမှု၊ သုံးပြု `ပုဒ်ကြီး´တည်း။

၂၆။ မှတ်, ညွှန်း ကြောင်းရာ၊ အမှာ, ခြွင်းချက်၊ ပြလျက် နောက်တွင်၊ `ပုဒ်ကြီး´ ပင်၊ အစဉ်နှစ်ချက်တည်း။

၂၇။ ခေါင်းစီး, ထိပ်စီး၊ ရေးပြီးဆုံးရာ၊ ချပါ `ပုဒ်သေး ပုဒ်ကြီး´ တည်း။

 

(၄) တုံးတို ( - )

၂၈။ ရှေ့နောက် တည်ငြား၊ ပုဒ်နှစ်ပါးမှ၊ စကားလွှဲဆို၊ မရောလို၊ `တုံးတို´ ချလေမြဲ။

၂၉။ ရှေ့နောက် နှစ်လီ၊ မတူညီ၊ လယ်ဆီ `တုံးတို´ ချလေမြဲ။

၃၀။ ဂဏန်းရှေ့သွား၊ စာနောက် ထား၍၊ ရေးသားတုံမြောက်၊ ဂဏန်းနောက်၊ မဖောက် `တုံးတို´ ချလေမြဲ။

၃၁။ အနက်ပေးရာ၊ ပါဠိနောက်တွင်၊ `တုံးတို´ပင်၊ အစဉ်ချစမြဲ။

၃၂။ ဝေါဟာမကုန်၊ စာကြောင်းကုန်၊ တစ်ဖုံ `တုံးတို´ ချစမြဲ။

၃၃။ မိတ္တူပို့ရာ၊ ဖြန့်ဝေရာ၊ ရှေ့မှာ `တုံးတို´ချစမြဲ။

 

(၅)တုံးရှည်(--)

၃၄။ မိတ္တူဖြန့်ဝေ၊ ပုဒ်နောင်ပေ၊ ချလေ `တုံးရှည်´သာ။

၃၅။ သင်္ချေသရုပ်၊ ရေးစီထုတ်၊ သရုပ်ရှေ့မှာ၊ `တုံးရှည်´သာ။

၃၆။ အဓိပ္ပါယ်ကို၊ ပြန်ဆိုရာဝယ်၊ အဓိပ္ပါယ် နောက်မှာ၊ `တုံးရှည်´သာ။

၃၇။ ပမာ, ပမေ၊ ဆင်လေတန်ဆာ၊ ရေးသောခါတွင်၊ ဥပမာနောက်မှာ၊ `တုံးရှည်´သာ။

၃၈။ ဝါကျဆုံးလျက်၊ ဆက်ရန်စကား၊ ရှိတုံငြား၊ ချထားမှန်စွာ၊ `တုံးရှည်´သာ။

 

(၆) အောက်မျဉ်း ( ___ )

၃၉။ ထူးသတိပြု၊ ကြည့်ရှုစေချင်၊ စာပိုဒ်တွင်၊ ထင်ထင် `အောက်မျဉ်း´ဆွဲ။

 

(၇) ပုဒ်ကန့် ( , )

၄၀။ သရုပ် သင်္ချေ၊ ရေတွက်လေရာ၊ ထိုအခါ၊ ချပါ `ပုဒ်ကန့်´တည်း။

၄၁။ သချင်္ာကိန်းများ၊ သုံးလိုငြားက၊ ငါးလုံးတစ်ဖြာ၊ သုံးလုံးမှာ၊ ထားပါ `ပုဒ်ကန့်´တည်း။

၄၂။ ထက်အောက်စဉ်ခါ၊ ကိန်းသင်္ချာကို၊ ဆုတ်ခါ မြှင့်တင်၊ ရေးလိုလျှင်၊ ဝင်လေ `ပုဒ်ကန့်´တည်း။

၄၃။ မျိုးတူ မည်ကွဲ၊ တစ်ကြောင်းတည်း၌၊ တွဲစပ်ရေးလျှင်၊ ဝင်လေ `ပုဒ်ကန့်´တည်း။

 

(၈) မီးပြကြီး ( “ “ )

၄၄။ ပြောဟန်, ဆိုဟန်၊ ပြလိုပြန်၊ ထည့်ရန် `မီးပြကြီး´

၄၅။ အကြံဖြစ်ဟန်၊ ရေးလိုပြန်၊ ထည့်ရန် `မီးပြကြီး´

 

(၉) မီးပြကလေး ( ` ´ )

၄၆။ တစ်ဆင့်ပြောဟန်၊ ကြံစည်ဟန်ကို၊ ရေးရန်ကြုံက၊ `မီးပြကြီး´အတွင်း၊ `မီးပြကလေး´ကိုသွင်း။

 

(၁၀) လက်သည်းကွင်း ( )

၄၇။ ရှေ့ပုဒ်နှင့်မူ၊ သဘောတူ၊ ထည့်ယူ `လက်သည်းကွင်း´

၄၈။ သင်္ချာနှင့်စာ၊ တူပြရာ၊ သင်္ချာ `လက်သည်းကွင်း´

၄၉။ ကိန်းဂဏန်းမှာ၊ သင်္ချာ နှင့် စာ၊ နှစ်ဖြာရေးလျှင်၊ စာတွင် `လက်သည်းကွင်း´

၅၀။ ပိုဒ်ခွဲ က,ခ၊ ရေးသုံးက၊ ထည့်ကြ `လက်သည်းကွင်း´

၅၁။ ဇယားကွက်ထား၊ အမှတ်များ၊ ရေးသား `လက်သည်းကွင်း´

 

(၁၁) တွန့်ကွင်း { }

၅၂။ မြန်မာစာလုံး၊ `တွန့်ကွင်း ´သုံး၊ လုံးလုံးမရှိပါ။

 

(၁၂) ထောင့်ကွင်း [ ]

၅၃။ ရည်ညွှန်း, မှတ်ချက်၊ ရှင်းလင်းချက်နှင့်၊ ခြွင်းချက်တို့မှာ၊ `ထောင့်ကွင်း´သာ။

၅၄။ သတိပြုစရာ၊ အမှာစကား၊ ရေးစီသား၊ ထည့်ငြား `ထောင့်ကွင်း´သာ။

 

(၁၃) တစ်ဘက်ကွင်းရှည် -}

၅၅။ အရေးကြီးလာ၊ ကြောင်းခြင်းရာကို၊ ပေါင်းကာစုကြ၊ `တစ်ဘက်ကွင်းရှည်´ကိုပြ။

၅၆။ စကားပေါရာ၊ များတုံပါလည်း၊ ဓိပ္ပာ, အတ္တ၊ တစ်ခုရ၊ `တစ်ဘက်ကွင်းရှည်´ကိုပြ။

 

(၁၄) ခရေပွင့် ( * )

၅၇။ အောက်ခြေမှတ်စု၊ ညွှန်းပြမှု၊ ရေးပြု `ခရေပွင့်´

 

(၁၅) မျဉ်းစောင်း ( / )

၅၈။ သို့မဟုတ်ကို၊ ခြုံးပြလို၊ သုံးလို `မျဉ်းစောင်း´သာ။

 

(၁၆) အေမးလကၡဏာ ( ? )

၅၉။ အမေးစာသား၊ ရေးစီငြား၊ ပြထား `အမေးလက္ခဏာ´ တည်း။

 

(၁၇) အာမေဍိတ် ( ! )

၆၀။ ကြောက်ခြင်းစာသား၊ အကြောင်းများကြောင့်၊ စကားပြောဟန်၊ ရေးလိုပြန်၊ ထားရန် `အာမေဍိတ်´ လက္ခဏာတည်း။

 

(၁၈) ချန်ကွက် ( ….. )

၆၁။ တမင်ချန်လျက်၊ အညွှန်းဆက်၊ `ချန်ကွက်´ကိုသာသုံးလေတည်း။

 

(၁၉) မြုပ်ကွက် ( … )

၆၂။ ကြွင်းကျန်စာမှတ်၊ နည်းတုံလတ်၊ ချအပ် `မြုပ်ကွက်´တည်း။

 

(၂၀) မြုပ်ကွက်များ ( …… )

၆၃။ ကြွင်းကျန်စာမှတ်၊ များတုံလတ်၊ ချအပ် `မြုပ်ကွက်များ´သာတည်း။

 

မြန်မာစာရေးနည်း အကျဉ်းမှတ်ဖွယ် သံခိပ် နိယံ ပြီးပြီ။

m.facebook.com/story.php?stor

သာသနဓဇဓမ္မာစရိယ ဝိနယပါဠိပါရဂူ လယ်တီအရှင်ကေလာသ

မုံရွာမြို့ လယ်တီတိုက်

 

No comments:

Post a Comment