မြန်မာပြက္ခဒိန်

။......ယခုရောက်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။.......ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ.........။......... လည်ပတ်ရောက်လာ ဆွေသဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။ ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ......။..........သျှင်ငြိမ်းချမ်း...........Shin Nyein Chan............shinnyainchann@gmail.com
"မှတ်တမ်းလေးတခုချန်ထားခဲ့ရုံပါပဲ....။ တယောက်ယောက်အတွက် ...တခုခု အကျိုးရှိသွားရင် ကုသိုလ် ရတာပေါ့.....။"

Monday, April 8, 2024

၂၀၁၄ နဲ့ ရန်ဖြစ်ခြင်း


၂၀၁၄ နဲ့ ရန်ဖြစ်ခြင်း


ဒီဇင်္ဘာ ဟာ ကောက်ကွေ့လွန်းတယ်.......။

သစ္စာတရားကို ဖော်ပြဖို့ 

သက်သေအစုံအလင် ရှိပါလျက်နဲ့.....

ဗီလိန် ကိုမှရွေးပြီး အကယ်ဒမီပေးခဲ့တော့

ရိုးသားမှုတွေ ချွတ်ခြုံကျ

အင်္ကျီဗလာ နဲ့ ၂၀၁၄ ကို 

ငါဘယ်လိုနှုတ်ဆက်ရမလဲ မသိ.......။


အချစ်ရေ....

ဒိုရေမီဖာ.....ထံတျာတေ သံစဉ်ပျောက်လို့

သံယောဇဉ်ကြိုးတချောင်း.......ပြတ်နေခဲ့လား.......။


အချစ်ရူးတွေအတွက် နှစ်ကူးဖို့မလို.....

အချစ်စစ်အတွက် ....နှစ်သစ်ဖို့မလို.....

ဗြောင်းဆန် အချစ်တွေကသာ.....

အဟောင်းချန်ရစ်ဖို့....

တောင်းပန်......စစ်ကစားကြတယ်.......

အနှောင်းသေချာချင်ရင်....

တို့တွေ........... အစကောင်းရမယ်မဟုတ်လား.......။


ဟယ်လို ၂၀၁၅ ......

မင်္ဂလာနှုတ်ခွန်းနဲ့ ....

သင့်ကိုကြိုဆိုပါရစေ......

ဒီဇင်္ဘာဟာ....

ငါ့နှလုံးသွေးကို ....

ဝိုင်တခွက်လို...နှစ်နှစ်ခြိုက်ခြိုက်

သောက်သုံးခဲ့တာတောင်.....

ခါးသီးတယ်လို့.....ကဲ့ရဲ့နေတုန်းပဲ........။


(စာတော်တော်များများ ဖြတ်တောက်လိုက်ပါတယ်....အပြည့်အစုံ ကို နွယ်နီ မဂ္ဂဇင်း နဲ့ 

Poems corner www.poemscorner.com/post-type/myanmar-poems မှာ 

သွားရောက်ဖတ်ရှုနိုင်ပါတယ်)


အစဉ်ထာဝရ ပျော်ရွှင်ချမ်းမြေ့ပါစေ‌နော်.....

သျှင်ငြိမ်းချမ်း.................။

(31,Dec,2014………..11:28 Pm)





No comments:

Post a Comment