အခြေအနေနဲ့ အချိန်အခါ
ပင်လယ်ပြင်မှာ လေပြင်းမုန်တိုင်းမိပြီး သင်္ဘောမှောက်တယ်။
သင်္ဘောပေါ်မှာ ရှိတဲ့လူတွေအားလုံးဟာ အဲ့ဒီကျွန်းပေါ်ကို အလူးအလဲ ကူးခပ်ကြတယ်။
ဒါပေမဲ့ ကျွန်းပေါ်ကို မရောက်သေးဘဲ ပင်လယ်ပြန်မှာ နှေးနှေးကွေးကွေး ကူးခပ်နေတဲ့
သင်္ဘောသားတစ်ယောက် ကျန်နေခဲ့တယ်။
ကျွန်းပေါ်က လူတွေက ဘာလို့ အဲ့လောက်တောင် နှေးနှေးရတာလဲလို့ လှမ်းအော်မေးတော့
စုထားတဲ့ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားတွေကို လက်တစ်ဖက်မှာ ဆုပ်ပြီး ကူးခပ်နေရတာကြောင့်ပါလို့ ပြန်ဖြေတယ်။
ကံကောင်းသွားတာတစ်ခုက သူတို့အနီးအနားမှာ ကျွန်းတစ်ကျွန်းရှိနေတယ်။
အသက်ဘေးက လွတ်မြောက်သွားကြတယ်။
အဲ့လိုလည်းဖြေရော ကျွန်းပေါ်က သင်္ဘောသားတွေက အဲ့ဒီရွှေတွေကို ဆက်ပြီး ဆုပ်ကိုင်မထားနဲ့
လွှတ်ချလိုက်တော့။ မဟုတ်ရင် အဲ့ဒီရွှေတွေကြောင့်ပဲ ရေနစ်ရလိမ့်မယ်လို့ အော်ဟစ်သတိပေးတယ်။
ဒါပေမဲ့ သင်္ဘောသားဟာ သူ့ရဲ့ရွှေတွေကို လွှတ်မချဘဲ ဆုပ်ကိုင်ထားမြဲဖြစ်တာကြောင့်
ဒါပေမဲ့ သင်္ဘောသားဟာ သူ့ရဲ့ရွှေတွေကို လွှတ်မချဘဲ ဆုပ်ကိုင်ထားမြဲဖြစ်တာကြောင့်
ရေကောင်းကောင်းမကူးနိုင်တော့ဘဲ နောက်ဆုံးမှာတော့ ရေနစ်သေဆုံးသွားရတော့တယ်။
ဘယ်အချိန်မှာ ဆုပ်ကိုင်ရမယ်၊ ဘယ်အချိန်မှာ လွှတ်ချရမယ်ဆိုတာကို သိပါ။
တစ်ခါတလေမှာ ကျွန်တော်တို့ ဆုပ်ကိုင်ထားတဲ့အရာတွေကပဲ ကျွန်တော်တို့ကို ပြန်ပြီး နစ်မွန်းစေတတ်တယ်။
ဘယ်အချိန်မှာ ဆုပ်ကိုင်ရမယ်၊ ဘယ်အချိန်မှာ လွှတ်ချရမယ်ဆိုတာကို သိပါ။
တစ်ခါတလေမှာ ကျွန်တော်တို့ ဆုပ်ကိုင်ထားတဲ့အရာတွေကပဲ ကျွန်တော်တို့ကို ပြန်ပြီး နစ်မွန်းစေတတ်တယ်။
Crd;
No comments:
Post a Comment