၀န်ထမ်းနဲ့ သူ့ရဲ့အရှင်သခင်
ယုန်ဖြူလေးက တောင်ခြေက လှိုင်ဂူတစ်ခုရှေ့မှာစာရေးနေတယ်။
ယုန်ကပြန်ဖြေတယ် [{ အားနွဲ့တဲ့ ယုန်ဖြူငယ်လေးတစ်ကောင်က မြေခွေးကိုဘယ်လိုသတ်စားလိုက်တယ်}] ဆိုတဲ့အကြောင်းလေး.. ။
မြေခွေးက မယုံဘူး၊ ဒါနဲ့ ယုန်က မြေခွေးကိုလှိုဏ်ဂူထဲခေါ်သွားတယ်။
ခဏကြာတော့ ယုန်တစ်ကောင်ထဲ လှိုဏ်ဂူထဲကပြန်ထွက်လာတယ်၊
စာဆက် ရေးတယ်။
တောဝက်တစ်ကောင်က အနားကပ်လာပြီး ယုန်ကိုမေးတယ်.. “မင်းဘာအကြောင်းရေးနေတာလဲ”
ယုန်ကပြန်ဖြေတယ် [{ အားနွဲ့တဲ့ယုန်ဖြူငယ်လေးတစ်ကောင်က တောဝက်ကိုဘယ်လိုသတ်စားလိုက်တယ်}] ဆိုတဲ့အကြောင်းလေး.. ။
တောဝက်ကလည်း မယုံဘူး၊ ဒါနဲ့ ယုန်က တောဝက်ကိုလှိုဏ်ဂူထဲခေါ်သွားတယ်။
နောက်ဆုံး လှိုဏ်ဂူထဲမှာ ခြင်္သေ့တစ်ကောင်က မြေခွေးအရိုးစုနဲ့ တောဝက်အရိုးစု ကြားထဲမှာ မိန့်မိန့်ကြီးထိုင်နေတယ်၊ အင်မတန်ရွှင်ပြုံးနေတဲ့ရုပ်နဲ့ သွားကြားထိုးရင်း ယုန်ကလေး လာပို့တဲ့စာတိုလေးကို ရွတ်ဖတ်ကြည့်လိုက်တယ်..
<ဝန်ထမ်းတစ်ဦးရဲ့စွမ်းရည်က သူဌေးအပေါ်လည်းအများကြီးမူတည်ပါတယ် >
ဒဿန ~~ လူတစ်ယောက်ရဲ့ စွမ်းရည်ရှိမရှိထက် အဲဒီလူက ဘယ်သူနဲ့လက်တွဲလုပ်နေသလဲအပေါ်မူတည်တယ်၊ သင်ဘယ်လောက်ပဲ အားစိုက်ထုတ်ထုတ် သူဌေး Background မကောင်းရင်အလကားပဲ၊ တစ်ခါတစ်လေ စိုက်ထုတ်မှုထက် ရွေးခြယ်မှုက အများကြီးအရေးပါတယ်၊ တစ်ချက်အရွေးမှားသွားတာနဲ့ နောက်က ကြိုးစားသမျှအချည်းအနှီးပဲ၊ သင်ရွေးခြယ်တဲ့ ကုမ္ပဏီနဲ့ သူဌေးက Backgroundတောင့်ရဲ့လား...
အပိုင်း (၂)
ယုန်ဖြူလေးက ဒီအကြောင်းကို သူ့သူငယ်ချင်းကို လွှတ်ခနဲပြောပြမိလိုက်တယ်၊ သတင်းက ချက်ချင်းကြီး တောအုပ်ထဲမှာ ပျံ့နှံ့သွားတယ်၊ ခြင်္သေ့ကြီးက ဒေါသအရမ်းထွက်သွားတာပေါ့၊
“ ဒီတစ်ပတ်အတွင်း ငါ့ကို အစာမပို့ပေးနိုင်ရင် မင်းကိုသတ်စားပစ်မယ်” လို့ ခြိမ်းခြောက်တယ်
ဒါနဲ့ ယုန်ကလေးက မှိုင်တိုင်တိုင်လေးနဲ့ လှိုဏ်ဂူဝမှာ စာဆက် ရေးတယ်။
ဒရယ်တစ်ကောင်က အနားကပ်လာပြီး ယုန်ကိုမေးတယ်.. “မင်းဘာအကြောင်းရေးနေတာလဲ”
ယုန်ကပြန်ဖြေတယ် [{ အားနွဲ့တဲ့ယုန်ဖြူငယ်လေးတစ်ကောင်က မြေခွေးကိုဘယ်လိုသတ်စားလိုက်တယ်}] ဆိုတဲ့အကြောင်းလေး.. ။
ဒရယ်က တဟက်ဟက်နဲ့ရယ်ပြီးပြန်ပြောတယ်.. “ တစ်တောတောင်လုံးဒီအကြောင်း သိနေပြီ.. မင်းအကွက်ကရိုးနေပြီ.. ဒါတွေ မြို့မှာသွားပြော.. ဟဟ”
ယုန်ကပြန်ဖြေတယ် “ အဲဒီလို တစ်တောတောင်လုံးသိကုန်လို့ပေါ့ ကိုဒရယ်ကြီးရယ်.. ခြင်္သေက ကျနော့်ကို အလုပ်ဖြုတ်မယ်လုပ်နေတယ်၊ ကျနော့်အစား အခြားတစ်ယောက်လိုတယ်တဲ့၊ ကိုဒရယ်ကြီး ဒီရာထူးကို မလိုချင်ဘူးလားဗျာ..”
ဒရယ်တွေဝေသွားတယ်.. နောက်လက်ခံလိုက်တယ်၊ ယုန်နဲ့တူတူ လှိုဏ်ဂူထဲဝင်ပြီးခြင်္သေ့ကြီးကိုသွားတွေ့ဖို့ ဆုံးဖြတ်လိုက်တယ်။
ခဏကြာတော့ ယုန်တစ်ကောင်ထဲ လှိုဏ်ဂူထဲက ပြန်ထွက်လာတယ်၊
စာဆက်ရေးတယ်။ မြင်းတစ်ကောင်ထပ်လာတယ်၊ ခုနလိုပဲပြောပြီးအထဲထပ်ခေါ်သွားတယ်၊
နောက်ဆုံး လှိုဏ်ဂူထဲမှာ ခြင်္သေ့ကြီးက အင်မတန်ရွှင်ပြုံးနေတဲ့ရုပ်နဲ့ သွားကြားထိုးရင်း ယုန်ကလေး လာပို့တဲ့စာတိုလေးကို ရွတ်ဖတ်ကြည့်လိုက်တယ်..
< ဘယ်လိုအခြေအနေပဲရောက်ရောက် Marketing ကောင်းရင် သူဌေးအတွက် ရလာဒ်ဆိုတာ ရှိစမြဲပဲ >
ဒဿန ~~ မိမိတို့ရုံးက ကိစ္စအပြင်မပေါက်ကြားပါနဲ့၊ ပေါက်ကြားမိပြီဆိုရင် အလားတူအတိုင်း အစွမ်းထက်တဲ့ နည်းနဲ့ အမြန်ဆုံးပြန်ဖာထေးသင့်တယ်၊ ဝန်ထမ်းကောင်းက သူဌေးအတွက် တီထွင်ဖန်တီးမှု အိုင်ဒီယာ အမြဲရှိနေရမယ်၊ သူဌေးက မင်းဖန်တီးတဲ့လမ်းကိုနှစ်ခြိုက်နေပြီဆိုရင်တော့ မင်းရဲ့ ပန်းတိုင်ဟာ မဝေးတော့ပါဘူး။
အပိုင်း (၃)
ခြင်္သေ့ကြီးက တစ်နေ့တစ်ခြား ပိုပိုကြီးထွားလာတယ်၊ ယုန်ကလေး ဆက်သတဲ့အစာကို သူစားမဝတော့ဘူး၊ ဒါနဲ့ ယုန်ကိုထပ်ခြိမ်းခြောက်တယ်၊
“ ငါ့ရဲ့ အစာလိုအပ်မှုက ခါတိုင်းထက် နှစ်ဆဖြစ်သွားပြီ၊ ခါတိုင်း ၄ရက်ကို တစ်ကောင်စားတယ်၊ အခု ၂ရက်ကို ၁ကောင်စားမယ်၊ တကယ်လို့ တစ်ပတ်အတွင်းမှ မပြောင်းလဲပေးနိုင်ဘူးဆိုရင် ငါမင်းကိုသတ်စားရလိမ့်မယ်” တဲ့။
ဒါနဲ့ ယုန်က လိုဏ်ဂူဝက ထွက်ခွာသွားတယ်၊ တောအနက်ကြီးထဲပြေးဝင်သွားတယ်၊ တစ်နေရာရောက်တော့ တောင်ဆိတ်နဲ့တွေ့တယ်၊ “ အားနွဲ့တဲ့ ယုန်ဖြူငယ်လေးတစ်ကောင်က မြေခွေးကိုသတ်စားလိုက်တာယုံလား..” တောင်ဆိတ်မယုံဘူး၊ ဒါနဲ့ တောင်ဆိတ်ကို လှိုဏ်ဂူထဲထိလမ်းပြခေါ်ဆောင်သွားတယ်။
ခဏကြာတော့ ယုန်တစ်ကောင်တည်းထွက်လာတယ်၊ ခုနလိုပဲ တောနက်ထဲထပ်ဝင်သွားတယ်၊ သိုးတစ်ကောင်နဲ့ထပ်တွေ့တယ်၊ အဲလိုနဲ့ပဲ အလားတူကိစ္စမျိုး ထပ်မံဖြစ်ပွားတယ်ပေါ့။
လတ်စသတ်တော့ တောနက်ထဲမှာ ယုန်နဲ့ခြင်္သေ့တို့အကြောင်းကို မသိကြသေးဘူးတဲ့၊
လှိုဏ်ဂူထဲမှာ ခြင်္သေ့ကြီးက အင်မတန်ရွှင်ပြုံးနေတဲ့ရုပ်နဲ့ သွားကြားထိုးနေရင်း ယုန်ကလေး လာပို့တဲ့စာတိုလေးကို ရွတ်ဖတ်ကြည့်လိုက်တယ်..
< အထိုင်လုပ်ငန်းကနေ ရွေ့လျားလုပ်ငန်းပြောင်းခြင်းရဲ့ တိုးတက်မှု>
ဒဿန ~~ စျေးကွက်ကိုမနားတမ်းထိုးဖောက်ပါ၊ မတူညီတဲ့နေရာဒေသကို လုပ်ငန်းထိုးဖောက်ခြင်းဟာ မထင်မှတ်တဲ့ရလာဒ်ကောင်းတွေရနိုင်တယ်ဆိုတာယုံပါ၊ တကယ်လို့ မထိုးဖောက်ချင်ခဲ့ရင်တောင် စိတ်ပြေလက်ပျောက်ထသွားကြည့်ပါ။
အပိုင်း (၄)
အချိန်ကာလတွေကြာလာတာနဲ့တစ်ပြိုက်နက် စားလိုက်အိပ်လိုက်နဲ့ ခြင်္သေ့ကြီးဟာ တစ်နေ့ တစ်ခြားဝ,ဝ လာတယ်၊ ဒါနဲ့ အပြင်ထွက်လမ်းလျှောက်ကြည့်မယ်လို့ဆုံးဖြတ်လိုက်တယ်၊ ဂူဝလည်းရောက်ကော သူ့ကိုယ်လုံးက ဂူဝထက် မတရားကြီးမားနေတာကိုတွေ့တယ်.. ဘယ်လိုမှထွက်လို့မရတော့ဘူး..။
ယုန်က ဂူဝကနေခြင်္သေ့အဖြစ်ကို ကြည့်ပြီးရယ်ပြီးပြောတယ်..
“နောက်ဆုံးတော့ ငါမျှော်လင့်နေတဲ့ရက်က ရောက်လာပြီပဲ.. ဒီနေ့က စပြီး ငါဘာပြောပြော မင်းနားထောင်ရမယ်၊ တစ်နေ့ မနက်တစ်ခါ ညနေတစ်ခါ ဂူအတွင်းကနေ ဟိန်းသံ ပေးရမယ်၊ နို့မို့ စားဖို့အစာမပို့ပေးတော့ဘူး”
ခြင်္သေ့ကြီးက မဆိုင်းမတွဘဲ" ရပါတယ်၊ ရပါတယ်.. ငါ့ကိုစားစရာသာပို့ပေးရင် မင်းဘာခိုင်းခိုင်းလုပ်ပေးပါ့မယ် ” ဒီအချိန်မှာ ယုန်ထပ်ရေးထားတဲ့စာကြောင်းတိုလေးကို တွေ့လိုက်ရတယ်
“ဗျူဟာရဲ့ အဆုံးမှာ ခွန်အားကြီးတဲ့သူတောင် ပညာရှိတဲ့သူကိုဝပ်တွားရတာပဲလေ” တဲ့။
ဒဿန ~~ ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်သွားပြီဆို ဘယ်သူဌေးမှ လက်လွတ်မခံတော့ပါဘူး၊ အဲအချိန်ကျရင် အခြား ကုမ္ပဏီပြောင်းမလား သူဌေးကို လစာပဲတိုးခိုင်းမလား မင်းစိတ်ကြိုက်ပေါ့၊ မင်းနာမည်က ဟိုးတစ်လေးကျော်နေပြီပဲလေ။
ဂူထဲမှာ အမြဲအောင်းနေတဲ့ သူဌေးမလုပ်မိပါစေနဲ့၊ အမြဲ အပြင်လောကနဲ့ထိတွေ့ဆက်ဆံပါ၊ ဝန်ထမ်း စပယ်ယာပတ်ကိုခန့်ပါ..
ပထမလူတော်သလို ဒုတိယ ပညာသင်ဝန်ထမ်းကိုလည်းတော်အောင်လုပ်ပါစေ၊ ဒါမှ နှစ်ယောက်လုံး အလုပ်မြဲနေမှာပါ၊ ဝန်ထမ်းဗိုလ်ပြန်ကျတာမခံချင်ရင် နားကိုစွင့်ပါ၊ ဝန်ထမ်းထက်ကြိုမြင်တတ်ပါ၊ နို့မို့ ဝန်ထမ်း ပြန်ရောင်းစားခံရမှာ အမှန်ပင်။

ဇတ်သိမ်း။
ယုန်ရဲ့နာမည်က ကြီးသတဲ့ထက်ကြီးလာခဲ့တယ်၊ တောထဲမှာ သူပြီး ဘယ်သူမှမရှိတော့ဘူး၊ ခြင်္သေ့ကတောင် သူ့ကိုကြောက်နေရတာအားလုံးသိသွားတယ်၊
ဒါနဲ့ပဲ တောထဲမှာ ယုန်က စတင်မွှေပါလေကော၊ အပေါ်အနိုင်ကျင့်၊ အောက်အနိုင်ကျင့်နဲ့၊ ခြင်္သေ့အသံနဲ့ လုပ်စားနေတယ်ပေါ့၊
နောက်ဆုံးတစ်နေ့မှာ အဲဒီနာမည်ကြီးတဲ့ယုန်ကို မုဆိုးက အရှင်လတ်လတ်ထောင်ဖမ်းသွားတယ်၊ ဂူဝမှာ စာတိုလေးပြန်ကပ်ထားခဲ့တယ်
“ တစ်တောင်ထက် တစ်တောင်ပိုမြင့်တယ်”
ဒဿန ~~ မိမိကိုယ်မိမိဘဝမမေ့ပါစေနဲ့။ မိမိထက်သာတဲ့ပြိုင်ဘက်က မိမိကိုအသာလေးအလဲထိုးနိုင်မယ်ဆိုတာသိထားပါ။ အောက်ခြေမလွတ်ပါနဲ့၊ မိမိထက် ရာထူးနိမ့်သော သူများကို တလေးတစားဆက်ဆံပါ၊ မမောက်မာပါနဲ့၊ တစ်ယောက်ယောက်နဲ့ ချွန်ပြီးခြေထိုးခံရကိန်းရှိသည်။
နိဂုံး။
တောထဲမှာ အရင်ကလိုပုံမှန်ပြန်ဖြစ်သွားတယ်၊ ယုန်နဲ့ခြင်္သေ့အကြောင်းနဲ့ ယုန်ကမြေခွေးကိုစားတဲ့ ပုံပြင်တွေလည်းမေ့ကုန်တယ်။
အရမ်း.. အရမ်းကိုကြာပြီးတဲ့နောက်မှာ ကျားပျိုလေးက ဒီပုံပြင်လေးကို ပြန်ကြားမိသွားတယ်.. အရမ်းလည်း စိတ်အားထက်သန်သွားတယ်၊
မျောက်တစ်ကောင်ကိုဖမ်းလိုက်ပြီး အဲဒီလိုလုပ်ဇတ်ဖန်တီးကြမယ်.. မလုပ်ဘူးဆိုရင် သတ်ပစ်မယ် ခြိမ်းခြောက်တယ်။
မျောက်လည်း သဘောတူလိုက်တယ်.. ဒါနဲ့ ကျားက သဘောကျပြီး လှိုဏ်ဂူကြီးထဲဝင်သွားတယ်၊ လိုဏ်ဂူထဲမှာ မျောက်ကို စောင့်နေလိုက်တာ သုံးရက်လုံးလုံး တစ်ကောင်မှ လာမပို့ဘူး.. မအောင့်နိုင်တော့တာနဲ့ ဂူပြင်ထွက်ကြည့်တယ်.. လတ်စသတ်တော့ မျောက်မသားက လစ်သွားတာကြာပြီ.။
မြေကြီးပေါ်မှာ စာတိုလေးတစ်စောင်ထားခဲ့တယ်။
" သူဌေးတစ်ယောက်ဖြစ်ဖို့ ဝန်ထမ်းကိုဘယ်လိုစည်းရုံးရမလဲ အရင်နားလည်အောင်လုပ်ပါဦးလို့ "....
ဒဿန~~ လုပ်ဆောင်မှုတိုင်းဟာ လူတိုင်းအပေါ် အသုံးမတည့်ကြပါဘူး.. ခေတ်ကာလရဲ့ပြောင်းလဲမှု၊ အခွင့်အရေးရဲ့အချိန်အပ်စပ်မှုရှိမရှိကို မသိဘဲ ရှေးရိုးထုံးကြီးလမ်းစဉ်နောက်ကိုလိုက်မိရင်တော့ ရှုံးနိမ့်ရမှာ မလွဲမသွေပင်….။
Credit-Original Uploader;
No comments:
Post a Comment