မြန်မာပြက္ခဒိန်

။......ယခုရောက်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။.......ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ.........။......... လည်ပတ်ရောက်လာ ဆွေသဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။ ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ......။..........သျှင်ငြိမ်းချမ်း...........Shin Nyein Chan............shinnyainchann@gmail.com
"မှတ်တမ်းလေးတခုချန်ထားခဲ့ရုံပါပဲ....။ တယောက်ယောက်အတွက် ...တခုခု အကျိုးရှိသွားရင် ကုသိုလ် ရတာပေါ့.....။"

Thursday, April 11, 2024

နောင်တ( ၁၀ )ပါး

နောင်တ( ၁၀ )ပါး 


၁။ ငယ်ကဥစ္စာ၊ မစုပါ၊ ကြီးခါနောင်တ - ရတတ်သည်။


၂။ ငယ်က ပညာ၊ မသင်ပါ၊ ကြီးခါနောင်တ- ရတတ်သည်။

၃။ စဉ်းလဲကောက်ကျစ်၊ ကုန်းချောပစ်နှင့် စားလစ်တံစိုး၊အကျင့်ဆိုး၊ 
     စိုးရိမ် နောင်တ-ရတတ်သည်။

၄။ သူ့သက်သတ်ကာ၊ကြမ်းကြုတ်ပါ၊ နောင်ခါ နောင်တ-ရတတ်သည်။

၅။ သူ့သားအိမ်ရာ၊ ကျူးမိပါ၊ လွန်စွာ နောင်တ- ရတတ်သည်။

၆။ သဒ္ဓါကြည်ဖြူ၊ မပေးလှူ၊ ထိုသူ နောင်တ- ရတတ်သည်။

၇။ မိဘနှစ်ဆူ၊ မမွေးမြူ၊ ထိုသူ နောင်တ-ရတတ်သည်။

၈။ လက်ဦးဆရာ ဖပိတာ ၏၊ မိန့်မှမယူ၊ ထင်သေးမူ၊ 
      ထိုသူ နောင်တ-ရတတ်သည်။

၉။ မဆည်းကပ်ငြား၊ သူတော်များ၊ ဖြစ်ပွား နောင်တ- ရတတ်သည်။

၁၀။ သုစရိုက် သုံးဖြာ၊ မကျင့်ပါ၊ နောင်ခါ နောင်တ - ရတတ်သည်။

နောင်တဆယ်ပါး၊မဖြစ်ပွားဖို့၊အများလူရှင်၊ခုကပင်၊ကြိုတင်ကျင့်ရမည်။

( ဇာတက ပါဠိ ၊၁၊၂၄၇၊ ဇာ-႒၊၄၊၁၇၇ )
အဘိဓဇမဟာရဋ္ဌဂုရု မကွေးဆရာတော်ဘုရားကြီး

No comments:

Post a Comment