မြန်မာပြက္ခဒိန်

။......ယခုရောက်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။.......ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ.........။......... လည်ပတ်ရောက်လာ ဆွေသဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။ ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ......။..........သျှင်ငြိမ်းချမ်း...........Shin Nyein Chan............shinnyainchann@gmail.com
"မှတ်တမ်းလေးတခုချန်ထားခဲ့ရုံပါပဲ....။ တယောက်ယောက်အတွက် ...တခုခု အကျိုးရှိသွားရင် ကုသိုလ် ရတာပေါ့.....။"

Wednesday, April 10, 2024

ရန်ငြိုးဖျောက်နည်း


 
ရန်ငြိုးဖျောက်နည်း (၁၁) နည်း 


(၀၁) မေတ္တာဈာန်ကို ဝင်စား၍၎င်း၊

(၀၂) ဒေါသ၏အပြစ်ကို ဆင်ခြင်၍၎င်း၊

(၀၃) ရန်သူ၏အကျင့်ကောင်းတို့ကို အောက်မေ့၍၎င်း၊

(၀၄) ကရုဏာထား၍၎င်း၊

(၀၅) ဘုရား၏ အဆုံးအမတို့ကို ဆင်ခြင်လျက် မိမိကိုယ်ကို ဆုံးမ၍၎င်း၊

(၀၆) သတ္တဝါများသည် သူ့ကံအတိုင်းသာ ဖြစ်သည်ဟူသော ကမ္မဿကတာဉာဏ်ဖြင့်၎င်း၊

(၀၇) သည်းခံပုံဇာတ်တော်များကို ဆင်ခြင်၍၎င်း၊

(၀၈) သံသရာတစ်လျောက်၌ မိဘ, ဆွေမျိုး မတော်ခဲ့ဘူးသူ မရှိပုံကို ဆင်ခြင်၍၎င်း၊

(၀၉) မေတ္တာအကျိုးများကို ဆင်ခြင်၍၎င်း၊

(၁၀) သင်သည်ဆံပင်စသည်ကို အမျက်ထွက်သလော, ပထဝီဓာတ်စသည်ကို 
အမျက်ထွက်သလောစသည်ဖြင့် ဓာတ်ခွဲ၍သော်၎င်း၊

(၁၁) ဥစ္စာပေး, ယူသောအားဖြင့်၎င်း၊ - ရန်ငြိုးဖျောက်ရမည်။ 
                                                                (ဝိသုဒ္ဓိမဂ် ၁- ၂၉၀)

No comments:

Post a Comment