မြန်မာပြက္ခဒိန်

။......ယခုရောက်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။.......ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ.........။......... လည်ပတ်ရောက်လာ ဆွေသဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။ ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ......။..........သျှင်ငြိမ်းချမ်း...........Shin Nyein Chan............shinnyainchann@gmail.com
"မှတ်တမ်းလေးတခုချန်ထားခဲ့ရုံပါပဲ....။ တယောက်ယောက်အတွက် ...တခုခု အကျိုးရှိသွားရင် ကုသိုလ် ရတာပေါ့.....။"

Tuesday, April 9, 2024

Memory Stick ထဲက Virus ရှင်းနည်း





Memory Stick ထဲက Virus တွေကို သတ်တဲ့ Bat File လုပ်နည်း

 Memory Stick ကို Computer မှာ ထိုးလိုက်ရင် Autorun.inf တို့ Recycled.exe တို့Rundll32.exe အစရှိတဲ့ Virus တွေ တတ်လာတာကို ကြုံဖူးကြမှာပါ၊ ဒီ Virus တွေကို ဘယ်ဆော့ဝဲလ်မှမသုံးဘဲ သတ်မယ့်နည်းလေးကို ပြောပြချင်ပါတယ်၊ဒီနည်းလေးဟာ ဗဟုသုတအဖြစ်ပြောပြခြင်းသာဖြစ်ပါတယ်။

Memory Stick ထဲက Virus ကိုသတ်တဲ့နည်းသိပ်အခက်ကြီးတော့မဟုတ်ပါဘူး၊ Bat file နဲ့ Command ရေးပြီးရှင်းတဲ့နည်းလေး ဖြစ်ပါတယ်။

ကိုယ့်ရဲ့ Computer မှာ အရင်ဆုံး Notepad ကိုဖွင့်လိုက်ပါ 😃
ဖွင့်ပြီးရင်တော့ အောက်ကပေးထားတဲ့ command လေးတွေကို Copy ယူပြီး
Note ထဲမှာ Paste လုပ် လိုက်ပါ။

 

@echo
del: E:Autorun.inf
del: F:Autorun.inf
del: G:Autorun.inf
del: H:Autorun.inf
del: E:Recycled.exe
del: F:Recycled.exe
del: G:Recycled.exe
del: H:Recycled.exe
del: E:RUNDLL32.exe
del: F:RUNDLL32.exe
del: G:RUNDLL32.exe
del: H:RUNDLL32.exe
@echo

 


ပြီးရင်တော့ ဒီ File လေးကို Save လုပ်လိုက်ပါ၊Save တဲ့နေရာမှာ .bat ဆိုတာလေးနဲ့ Save လိုက်ပါ၊

Stick ထဲကို ဒီ .bat File လေးကို ထည့်ထားလိုက်ပါ၊ Stick ထိုးလိုက်တိုင်း ဒီ File လေးကို double click လုပ်ပြီး run ပေးလိုက်ပါ၊

ဒါဆိုရင်တော့ Stick ထဲက virus တွေ နေပါဆိုတောင် မနေတော့ပါဘူး၊
ဒီနည်းလေးက အဆင်ပြေတယ်ဆိုပေမယ့် အကောင်းဆုံးနည်းလမ်းကတော့ Antivirus တစ်ခုကို သုံးစွဲတာပဲ ဖြစ်ပါတယ်။ 

         Credit to Original uploader 

No comments:

Post a Comment