မြန်မာပြက္ခဒိန်

။......ယခုရောက်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။.......ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ.........။......... လည်ပတ်ရောက်လာ ဆွေသဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။ ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ......။..........သျှင်ငြိမ်းချမ်း...........Shin Nyein Chan............shinnyainchann@gmail.com
"မှတ်တမ်းလေးတခုချန်ထားခဲ့ရုံပါပဲ....။ တယောက်ယောက်အတွက် ...တခုခု အကျိုးရှိသွားရင် ကုသိုလ် ရတာပေါ့.....။"

Monday, April 8, 2024

ဒီဇင်္ဘာအဖွင့်

 


ဒီဇင်္ဘာအဖွင့် 

 ဒီဇင်္ဘာအဖွင့် 

နှင်းဆီဖြူတပွင့်နဲ့.....

ငါ့ကိုယ်ငါ သိမ်းပိုက်နိုင်ခဲ့ပြီ........။


ဒါဝါဆောစာချုပ်မှ မဟုတ်ပဲ.....

တို့လက်နဲ့ ရေးခဲ့ကြ

လှပသေသပ်နေဖို့မလိုဘူး

တို့တွေ ကျွမ်းဝင်နေဖို့ပဲလိုတယ်.......။


နေအကျမှာ

ရွှေလဝါရောင်သန်း

ဟိုမှာကြည့်စမ်း ...ငှက်ကလေးတွေ

အဖော်ပါလို့

ပျော်တာမြင်ရဲ့မဟုတ်လား........။


မနက်ဖန်ရဲ့ ဖြစ်တည်မှုကို 

ရှင်နှောင်း နားလည်ဖို့မလိုဘူး.....

အဆုံးမဲ့ချစ်နေဖို့ပဲလိုတယ်.......။


အိုး..... ကြည့်စမ်းပါ့ ချစ်သူ......

နှင်းမှုန်ဖြူဖြူတွေ ကခုန်လို့....

 ဒီဇင်္ဘာဟာ လှပစွာ စီးဆင်းခဲ့ပြီ......

ဒီ တနေ့ရဲ့  အနာဂါတ် 

ကိုယ်ထင်ပြတော့မယ်.....

အချစ်ရေ......အဲဒါ    ဒီဇင်္ဘာပဲ မဟုတ်လား.........။



အစဉ်ထာဝရ ပျော်ရွှင် ချမ်းမြေ့ပါစေနော်......

သျှင်ငြိမ်းချမ်း...............။

(29th,Nov,2014…….10:15 Am )


No comments:

Post a Comment