File များကို Hidden ပြုလုပ်ခြင်း
ကွန်ပျူတာအတွင်းရှိ အခြားသူတစ်ဦးဦး မတွေ့မြင်စေလိုသော File များ Folder များကို Hidden ပြုလုပ်ထားလို့ ရပါတယ်။ဒီလို Hidden ပြုလုပ်ထားတဲ့ File , Folder များကို သာမန်အားဖြင့် Folder View မှာ Display ပြုလုပ်ပေးမှာ မဟုတ်ပါဘူး။ သူ့ကို မြင်တွေ့စေလိုလျှင် Show Hidden File ပြုလုပ်ပြီးမှသာ သီးသန့် ပြန်လည်ကြည့်ရှုလို့ရပါတယ်။
အခုအရင်ဦးဆုံး File များကို Hidden ပြုလုပ်သည့်နည်းလမ်းကို အရင်ပြောပါတယ်။ File တစ် File ကို Hidden ပြုလုပ်ရန်အတွက် နှစ်သက်ရာ File ကို Right Click နှိပ်လိုက်ပါ။ ပြီးနောက် Properties ကို ရွေးလိုက်ပါ။
၎င်း Folder နဲ့ပတ်သက်ပြီး Properties Box ကျလာပါလိမ့်မယ်။
ဒီ Properties Box ရဲ့ အောက်ဆုံးမှာ Attributes ဆိုတာ ရှိပါတယ်။ အဲဒီမှာ Hidden ကို ရွေးချယ်ပေးလိုက်ပါ။ ပြီးနောက် OK ကို နှိပ်လိုက်ပါ။ ဒါဆိုရင်၎င်း File ကို ပုံမှန် Document View မှာ မြင်တွေ့ရတော့မှာမဟုတ်ပါဘူး။
သူ့ကိုပြန်လည်ကြည့်ရှုချင်တယ်ဆိုရင်တော့ Tools Menu ထဲကို သွားပါ။ ပြီးနောက် Folder Options ကို ရွေးချယ်ပေးလိုက်ပါ။
View Tag မှ Show Hidden Files , Folders and drives ကို ရွေးချယ်ပြီး OK ကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ Hidden ဖြစ်နေတဲ့ File များကို ပြန်လည်မြင်တွေ့ရမှာ ဖြစ်ပါတယ်။
Crd;
No comments:
Post a Comment