Adobe InDesign သင်ခန်းစာများ (7)
Zoom in and Zoom Out
စာစီစာရိုက် လုပ်ငန်းစဉ်အတွက် စာသားများကို ရိုက်ထည့်ရာမှာ Zoom ဟာ အတော်လေး အသုံးဝင်တဲ့ Feature တစ်ခု ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ စာရိုက်နေရင်းနှင့် စာများ မမြင်ရသည့် အခါမျိုးမှာ Zoom ကို ဆွဲပြီး ရိုက်လေ့ ရှိပါတယ်။ ဒီလိုမျိုး Zoom ဆွဲပြီး စာများ ရိုက်ကူးပြီး နောက်မှာ ရိုက်ထည့်ထားတဲ့ စာပုံစံ အရွယ်အစားနှင့် စာမျက်နှာပုံစံကို သိရှိလိုတဲ့အခါမှာ Zoom Out ပြန်လည် ပြုလုပ်ပြီး ၎င်းစာမျက်နှာကို ပြန်လည် ကြည့်ရှုပါတယ်။ ဒါကြောင့် Zoom In / Zoom Out ဟာ စာစီစာရိုက် လုပ်ငန်းစဉ်အတွက် အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။
ဒီလိုမျိုး Zoom in / Zoom Out ကို Zoom Tool ကို အသုံးမပြုပဲ Keyboard Shortcut အနေဖြင့်သာ အသုံးပြုပါတယ်။ ဒါမှသာ လုပ်ငန်းစဉ်အတွက် ပိုမိုလျှင်မြန်မှာ ဖြစ်ပါတယ်။
Zoom In အတွက်ကတော့ Keyboard မှ Ctrl နှင့် + ကို တွဲနှိပ်လိုက်ပါ။ ဒါဆိုလျှင် သင့်ရဲ့စာမျက်နှာကို တဖြေးဖြေး ကြီးမားစွာ မြင်တွေ့ရပါလိမ့်မယ်။
Zoom Out အတွက်ကတော့ Ctrl နှင့် - ကို တွဲနှိပ်လိုက်ပါ။ ဒါဟာ Zoom In / Zoom Out ကို အမြန်ဆုံး ပြုလုပ်ပေးနိုင်တဲ့ Shortcut များ ဖြစ်ပါတယ်။
နောက်ထပ် Zoom In / Out ကို အသုံးပြုနိုင်တာကတော့ Ctrl + 1 ကို တွဲနှိပ်လိုက်ပါ။ ဒါဟာ ပုံမှန် Zoom ဖြစ်ပါတယ်။ ဒီထက် ကြီးချင်တယ် ဆိုရင်တော့ Ctrl +2 ကို တွဲနှိပ်လိုက်ပါ။ ဒါဆိုလျှင် သင်ရေးသားနေတဲ့ စာသားများကို ပိုမိုကြီးမားစွာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
သင့်အနေဖြင့် စာစီစာရိုက် လုပ်ငန်းစဉ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြုလုပ်နိုင်ရန်အတွက် ဒီ Zoom in / out Shortcut များကို ကျွမ်းကျင်စွာ ကျက်မှတ်ထားရမှာ ဖြစ်ပါတယ်။
No comments:
Post a Comment