Adobe InDesign သင်ခန်းစာများ (9)
JPEG File အနေဖြင့် သိမ်းဆည်းခြင်း
Adobe InDesign မှာ ပြုလုပ် ဖန်တီးထားတဲ့ Document များကို ပုံမှန် Word File အနေဖြင့် သိမ်းဆည်းခြင်း အပြင် နောက်ထပ် JPEG File ဓါတ်ပုံဖိုင် အနေဖြင့်လည်း သိမ်းဆည်းနိုင်ပါတယ်။
ဓာတ်ပုံဖိုင် အနေဖြင့် သိမ်းဆည်းခြင်းရဲ့ ကောင်းကျိုးကတော့ သင်ပြုလုပ်ထားသော ဒီဇီုင်းဖိုင်များအား အလွယ်တကူ ဓာတ်ပုံစာရွက်ဖြင့် Print ထုတ်ယူနိုင်ခြင်း၊ အခြားသူများ Text ဖိုင်အနေဖြင့် စာသားများအား အလွယ်တကူ Copy မကူးယူနိုင်ခြင်း၊ စာသားများအား နှစ်သက်ရာ Phone , Tablet များအတွင်း ဓာတ်ပုံအနေဖြင့် ပြန်လည်ကြည့်ရှုကာ ဖတ်ရှုနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးများ ရရှိစေပါတယ်။
ယခု JPEG ဓါတ်ပုံဖိုင် အနေဖြင့် ရယူ သိမ်းဆည်းနိုင်ရန်အတွက် File Manu ထဲမှတစ်ဆင့် Export ကို နှိပ်လိုက်ပါ။ Keyboard Shortcut အနေဖြင့် Ctrl + E ကို တွဲဖက်နှိပ်ပြီး အသုံးပြုနိုင်ပါတယ်။
ပြီးနောက် ယခုကဲသို့ Export JPEG Options ကျလာပါလိမ့်မယ်။ Resolution နေရာကတော့ ဓါတ်ပုံများရဲ့ ပုံထွက် အရည်အသွေးကို ပြောတာပါ။ တကယ်လို့ Resolution အလွန်များနေပါက File Size အရွယ်အစား ကြီးမား တာကို တွေ့ရပါတယ်။
ဒါကြောင့် Resolution ကို အသုံးပြုနိုင်မှု အများဆုံး 300 ထက် ပိုမသုံးသင့်ပါဘူး။ သာမန်အားဖြင့်တော့ 72 ဟာ လုံလောက်မှု ရှိပါတယ်။ တကယ်လို့ ဒီထက်ပိုပြီး အရည်အသွေး ပိုမို ကောင်းမွန်ချင်တယ်ဆိုလျှင်တော့ 150 ကို ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။
Quality ဟာလည်း ဓါတ်ပုံရဲ့ ပုံထွက်အရည်အသွေးပါပဲ၊ လိုအပ်လျှင်တော့ High ကို ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ Colour Space ကတော့ RGB နှင့် CMYK ကို ပြောင်းလဲ အသုံးပြုနိုင်တဲ့ Options ဖြစ်ပါတယ်။ လောလောဆယ်တော့ RGB မှာသာ ထားပြီး ထုတ်ယူလိုက်ပါမယ်။ ပြီးနောက် Export ကို နှိပ်လိုက်ပါ။ ဒါဆိုလျှင် သင်ရေးသားထားတဲ့ စာမျက်နှာကို JPEG အနေဖြင့် ပြန်လည် ရယူနိုင်ပြီ ဖြစ်ပါတယ်။
No comments:
Post a Comment