Adobe InDesign သင်ခန်းစာများ (3)
Create New Document
InDesign ဆောဖ့်ဝဲကို အသုံးပြုပြီး Document အသစ်တစ်ခုကို စတင်ဖန်တီးပါမယ်။
ဒီအတွက် Create New Document ကို နှိပ်လိုက်ပါ။ File > New Document (သို့မဟုတ်) Quickstart ရှိ Create New အောက်ဘက်မှ Document ကို ရွေးချယ်ပေးလိုက်လို့လည်း ရပါတယ်။
Document Setup
1. Document Preset
Document Preset ကတော့ Preset တွေကို ပြုလုပ်ဖန်တီးတဲ့အခါမှာ အသုံးပြုပါတယ်။ ပုံမှန်အားဖြင့်တော့ သုံးလေ့မရှိပါဘူး။ ဒါကြောင့် Default နေရာတွင်မှာသာ ထားပါ။
2. Number of Pages
ဒါကတော့ သင်ပြုလုပ်ဖန်တီးမည့် Document အတွင်းပါဝင်မည့် စာမျက်နှာအရေအတွက်ကို ပြောတာဖြစ်ပါတယ်။ ဒီနေရာမှာ သင်သတ်မှတ်လိုသော စာမျက်နှာအရေအတွက်ကို ထည့်သွင်းပေးရမှာဖြစ်ပါတယ်။ စာစီစာရိုက် ပြုလုပ်နေရင်းမှ စာမျက်နှာ ထပ်တိုးချင်တယ်ဆိုရင်လည်း ဒီနေရာမှာ လိုအပ်သလောက် စာမျက်နှာများ ထပ်မံ ထည့်သွင်းလို့ရပါတယ်။
Facing Page ဆိုတာလေးကို ဘေးနားမှာ မြင်တွေ့ရပါလိမ့်မယ်။ သူ့ရဲ့အဓိပ္ပါယ်ကတော့ စာမျက်နှာနှစ်ရွက်ကို ဘေးတိုက်ယှဉ်တွဲပြီး တစ်ပြိုင်တည်း ပြသပေးတာမျိုး ဖြစ်ပါတယ်။
3. Page Size
Page Size ကတော့ စာရွက်ပုံစံ A4 , A3 , Letter , Legal စသည်ဖြင့် ရွေးချယ်ပေးနိုင်တဲ့နေရာ ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် ရုံးစာများ၊ လျှောက်လွှာပုံစံစာများအတွက် A4 ကိုသာ ရွေးချယ် အသုံးပြုမှုများပါတယ်။ ဒါကြောင့် ပုံမှန်အားဖြင့် Page Size နေရာမှာ ဘာရွေးရမှန်းမသိရင် A 4 ကိုသာ ရွေးချယ်ပေးလိုက်ပါ။ တစ်ခါတစ်ရံ Flyer , Pamphlet များ ပြုလုပ်ခြင်း အတွက်တော့ Legal ကို ရွေးကာ သုံးခေါက်ချိုးအနေဖြင့် Document များ ဖန်တီးလေ့ရှိပါတယ်။
No comments:
Post a Comment