Adobe InDesign သင်ခန်းစာများ (6)
New Document တစ်ခု ဖန်တီးခြင်း
ယခု ဆက်လက် လေ့လာရမှာကတော့ Adobe InDesign အတွင်း စာရေးသားခြင်း၊ စာရိုက်ခြင်းများကို ပြုလုပ်ဆောင်ရွက်ရန်အတွက် Document အသစ်တစ်ခုကို စတင်ရယူခြင်း ဖြစ်ပါတယ်။
Adobe InDesignအတွင်း Document အသစ်တစ်ခုကို စတင်ရယူရန်အတွက် File Menu ထဲမှတစ်ဆင့် News Document ကို ရွေးချယ်လိုက်ပါ။ Keyboard Shortcut အနေဖြင့် Ctrl+Nကို နှိပ်၍လည်း အလွယ် ဖန်တီးနိုင်ပါတယ်။
New Document နေရာမှာ Default ကို ပဲထားလိုက်ပါ။ Page Size နေရာမှာ A4 ကို ရွေးချယ်ပေးလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ စာရွက်အနေအထားအရ A4 ကိုသာ စံအနေဖြင့် အသုံးပြုကြတာ များပါတယ်။ Columns နေရာမှာတော့ ပုံမှန်ဆိုလျှင် 1 ကိုသာ ရွေးထားရမှာ ဖြစ်ပါတယ်။ ယခင်သင်ခန်းစာမှာ ရေးသားဖော်ပြခဲ့တဲ့အတိုင်း Preferences တွေကို ပြင်ဆင်ပြီးသွားပြီဆိုလျှင်တော့ Margin နေရာမှာ လက်မနှင့် ယခုလို ပြသနေမှာ ဖြစ်ပါတယ်။
တကယ်လို့ Preferences တွေကို မပြင်ဆင်ပဲ ထားမယ်ဆိုလျှင်တော့ Margins နေရာမှာ စင်တီမီတာကိုသာ ဖော်ပြပေးထားတာကို တွေ့မြင်ရပါလိမ့်မယ်။ ပုံမှန်အားဖြင့်တော့ အပေါ်၊ အောက်၊ ဘယ်၊ ညာမှာ 0.5 လောက်ဆီထားလျှင် လုံလောက်ပါတယ်။ ပုံမှန် ရုံးစာများဆိုလျှင်တော့ 1 လက်မလောက် ချန်ထားလေ့ရှိပါတယ်။ လောလောဆယ် စာများများ ရိုက်ယူချင်တာဖြစ်တဲ့အတွက်ကြောင့် Margin ကို ယခုလို ခပ်ကျဉ်းကျဉ်းသာထားရှိခြင်း ဖြစ်ပါတယ်။
Bleed ကတော့ စာရွက်ဖြတ်သားကို နေရာချန်တဲ့ Options ဖြစ်ပါတယ်။ ဒီနေရာမှာတော့ အသုံးပြုရန် မလိုသေးတဲ့အတွက် ဒီအကြောင်းကို မပြောတော့ပါဘူး။ ပြီးရင်တော့ OK ကို နှိပ်လိုက်ပါ။ ဒါဆိုလျှင် New Document တစ်ခုကို ရရှိသွားပြီ ဖြစ်ပါတယ်။
No comments:
Post a Comment