မြန်မာပြက္ခဒိန်

။......ယခုရောက်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။.......ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ.........။......... လည်ပတ်ရောက်လာ ဆွေသဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။ ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ......။..........သျှင်ငြိမ်းချမ်း...........Shin Nyein Chan............shinnyainchann@gmail.com
"မှတ်တမ်းလေးတခုချန်ထားခဲ့ရုံပါပဲ....။ တယောက်ယောက်အတွက် ...တခုခု အကျိုးရှိသွားရင် ကုသိုလ် ရတာပေါ့.....။"

Monday, June 3, 2024

Adobe InDesign သင်ခန်းစာများ (5)

 Adobe InDesign သင်ခန်းစာများ (5)

Preferences ကို လေ့လာခြင်း

Preferences ဆိုတာကတော့ Adobe InDesign မှာ ပါဝင်တဲ့ Feature များရဲ့ Unit များ၊ Size ၊ Position များ၊ Autocorrect Function များ၊ Ruler Option များကို သင့်စိတ်တိုင်းကျ ပြင်ဆင် အသုံးပြုနိုင်သည့် Function များကို ပြင်ဆင်ပေးနိုင်သည့် အပိုင်းဖြစ်ပါတယ်။

ပုံမှန်အားဖြင့် Adobe InDesign မှာ စာမျက်နှာတစ်ရွက်ကို စတင်ဖန်တီးတဲ့အခါမှာ Page Margin တွေကို စင်တီမီတာဖြင့်သာ ပြသထားတာကို တွေ့ရပါလိမ့်မယ်။ တကယ် အလုပ်လုပ်တဲ့အခါမှာ လက်မယူနစ်ဖြင့်သာ အလုပ်လုပ်ပါတယ်။ စင်တီမီတာဖြင့် အသုံးပြုရတာ အဆင်မပြေပါဘူး။

ဥပမာ Ruler ပေတံကို အသုံးပြုရာမှာ စင်တီမီတာဖြင့် အသုံးပြုခြင်းထက် လက်မနှင့် အသုံးပြုခြင်းက ပိုအဆင်ပြေတာကို တွေ့ရပါတယ်။  ပုံမှန်အားဖြင့် Adobe InDesign ကို အသုံးပြုတဲ့အခါမှာ သူဟာ ဘေးမျဉ်းတွေ Margin တွေကို စင်တီမီတာဖြင့်သာ ပေးထားပါတယ်။ ဒါကို Preferences မှာ သွားပြင်ပေးရပါမယ်။

အခု Preferences ထဲသို့ ဝင်ရန်အတွက် Edit Menu ထဲမှတစ်ဆင့် အောက်ဆုံးရှိ Preferences ထဲသို့ ဝင်လိုက်ပါ။ ပြီးနောက် General (Ctrl+K) ကို ရွေးချယ်လိုက်ပါ။ ဒီ Preferences ဟာ ယခင် Adobe PageMaker အတိုင်းပါပဲ။ Shortcut Key လည်း တူပါတယ်။



ပြီးနောက် အောက်က ပုံအတိုင်း Preferences Options ကို တွေ့ရပါလိမ့်မယ်။



အဲဒီ Preferences မှာ Units & Increments ကို ဝင်ရောက်လိုက်ပါ။ အပေါ်ဆုံး က Ruler Units ဆိုတာကတော့ InDesign မှာ အသုံးပြုတဲ့ ပေတဲ့ရဲ့ Unit အတိုင်းအတာကို ပြောတာပါ။

Horizontal , Verticals တွေနေရာမှာ Inches တွေကိုသာ ရွေးချယ်ပေးလိုက်ပါ ။ ဒါမှသာ လက်မအနေဖြင့် အဆင်ပြေပြေ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

No comments:

Post a Comment