File များကို Hidden ဖြုတ်ခြင်း
Hidden Attribues ဖြစ်နေတဲ့ File , Folder များကို ပုံမှန် Attribues ဖြစ်အောင် အလွယ်တကူ ပြန်လည် Change ပေးလို့ရပါတယ်။ ဒီလိုပြုလုပ်ဆောင်ရွက်ရန်အတွက် Show hidden Files ကို ရွေးချယ်ထားရန်လိုအပ်ပါတယ်။ ဒါမှသာ Hidden File များကို မြင်တွေ့နေရမှာ ဖြစ်ပါတယ်။ ဒီတော့ Windows Explorer ကို ဖွင့်လိုက်ပါ။
ပြီးနောက် Tools Menu ထဲကို သွားပါ။ ပြီးနောက် Folder Options ကို ရွေးချယ်ပေးလိုက်ပါ။ View Tag မှ Show Hidden Files , Folders and drives ကို ရွေးချယ်ပြီး OK ကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ Hidden ဖြစ်နေတဲ့ File များကို ပြန်လည်မြင်တွေ့ရမှာ ဖြစ်ပါတယ်။
Hidden ဖြစ်နေတဲ့ Folder တစ်ခုကို ပုံမှန် Attributes ဖြစ်အောင် ပြန်လည်လုပ်ဆောင်ရန်အတွက် ၎င်း File , Folder ပေါ်မှာ Right Click နှိပ်လိုက်ပါ။ ပြီးနောက် Properties ကို ရွေးပေးလိုက်ပါ။

အခု ရွေးချယ်ထားတဲ့ File ဟာ Hidden ဖြစ်နေတဲ့အတွက်ကြောင့် hidden ဆိုသည့်နေရာမှာ အမှန်ခြစ်လေးဝင်နေတာ ဖြစ်ပါတယ်။ ၎င်း အမှန်ခြစ်လေးကို ဖြုတ်လိုက်ပါ။
ပြီးနောက် OK ကို နှိပ်လိုက်ပါ။ ဒါဆိုရင် ၎င်း File ဟာ ပုံမှန် File အနေဖြင့် ပြန်လည် ပြောင်းလဲသွားပါလိမ့်မယ်။
Crd;
No comments:
Post a Comment