Adobe InDesign သင်ခန်းစာများ (1)
Adobe InDesign ဆိုတာဟာ Adobe မှ ထုတ်လုပ်ထားတဲ့ ကွန်ပျူ တာ ဒီဇိုင်းနှင့် Layout ပိုင်းဆိုင်ရာ ပြုလုပ်နိုင်သည့် Software တစ်ခု ဖြစ်ပါတယ်။
InDesign ကို Version အမျိုးမျိုးခွဲပြီး ထုတ်လုပ်ထားပါတယ်။ ယခုနောက်ဆုံး Version ကတော့ CS 6 ဖြစ်ပါတယ်။ ဒါပေမယ့် CS 6 ဟာ ကွန်ပျူ တာ Performance အလွန်မြင့်မှသာလျှင် အသုံးပြုနိုင်တဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။
အသုံးများတာတွေကတော့ CS 2 , CS 3 , စတဲ့ Version များ ဖြစ်ကြပါတယ်။ အခု InDesign CS 5.5 ကို အသေးစိတ် ရေးသားဖော်ပြပေးပါမယ်။ ဘာကြောင့် Version တွေ အများကြီးရှိတဲ့ကြားက CS 5 ကို ဖော်ပြသလဲဆိုရင် CS 5 ဟာ အတော်လေး အဆင့်မြင့်ပြီး Error လည်း နည်းပါးပါတယ်။
နောက်တစ်ချက်ကတော့ CS 6 လောက်လည်း မလေးပဲ အတော်အသင့် ကွန်ပျူ တာများမှာ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။
အခု Adobe InDesign ကို ဖွင့်ပါမယ်။ Adobe InDesign ဟာ သီးသန့် CD, DVD အနေဖြင့် ပြင်ပမှာ ဝယ်ယူလို့မရတာကြောင့် Adobe Creative Suite အတွဲလိုက် ဝယ်ယူပြီး InDesign ကို Install ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။
InDesign ကို C > Program File > Adobe အောက်မှာ တွေ့မြင်နိုင်ပါတယ်။
InDesign Version History
Adobe ကုမ္ပဏီမှ InDesign ကို ထုတ်လုပ်ခဲ့တဲ့ Version များနှင့် နေ့စွဲများကို ကောက်နှုတ် ဖော်ပြထားခြင်း ဖြစ်ပါတယ်။ Version တစ်ခုစီအလိုက် သူနှင့်သက်ဆိုင်ရာ Codenamed များကိုလည်း သတ်မှတ်ထားပါတယ်။
ထို့ပြင် အသုံးပြုနိုင်သည့် ဘာသာစကားအလိုက် နိုင်ငံတစ်ခုစီအနေဖြင့် သီးခြား Version များကိုလည်း ခွဲပြီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
No comments:
Post a Comment