Adobe InDesign သင်ခန်းစာများ (8)
စာရိုက်ခြင်း
Adobe InDesign ကို အသုံးပြုပြီး စာရိုက်ရာမှာ ယခင် အသုံးပြုနေကျ Word , Pagemaker တို့နှင့် မတူပါဘူး။ ဘာလို့လဲဆိုတော့ InDesign ဟာ စာရိုက်မည့်နေရာကို အရင် သတ်မှတ်ပေးရပါတယ်။
အခု စာရိုက်ရန်အတွက် Tool Box မှ T ဆိုသည့် Tool ကို ယူလိုက်ပါ။ ပြီးနောက် စာမျက်နှာပေါ်မှာ ချပြီး Mouse နှင့် Drug ဆွဲပြီး စာရိုက်မည့်နေရာ အကျယ်အဝန်းကို သတ်မှတ်ပေးလိုက်ပါ။ တကယ်လို့ သင်ဟာ စာမျက်နှာအပြည့်စာရိုက်မယ်ဆိုလျှင် Text Tool ရဲ့ အကျယ်ကို စာမျက်နှာအပြည့်သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီလိုသတ်မှတ်ပြီးမှသာ Text Tool ကို ချပြီး စာများကို စတင်ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။
အထက်ပါပုံကိုကြည့်ပါ။ စာရိုက်မည့်နေရာကို Selection ပေးရာမှာ နေရာအပြည့်မပေးထားတဲ့အတွက်ကြောင့် သတ်မှတ်ထားသည့် နေရာများအတွင်းမှာသာ စာသားများပေါ်နေတာကို တွေ့ရပါလိမ့်မယ်။ တကယ်လို့ ဘေးမျဉ်း Margin အထိ စာများကို ပေါ်လိုပါက Arrow Tool ကို ပြန်ယူကာ Selection ကို ဘေးသို့ ဆွဲချဲ့ပေးရမှာ ဖြစ်ပါတယ်။
Saving a Document
InDesign ဖြင့် ဖန်တီးရယူထားသော Document တစ်ခုကို ယခုလို စာရိုက်ပြီးသွားပြီဆိုလျှင် မပျောက်ပျက်သွားအောင် သိမ်းဆည်းပေးရပါမယ်။ Document ကို သိမ်းဆည်းရန်အတွက် File Menu ထဲမှတစ်ဆင့် Save ကို ရွေးချယ်ပေးလိုက်ပါ။
Keyboard Shortcut အနေဖြင့် Ctrl+S ကို တွဲပြီးနှိပ်ပေးနိုင်ပါတယ်။ ပြီးနောက်နှစ်သက်ရာ Location နေရာတစ်နေရာတွင် အမည်တစ်ခုပေး၍ သိမ်းဆည်းပေးလိုက်ပါ။
No comments:
Post a Comment