မြန်မာပြက္ခဒိန်

။......ယခုရောက်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။.......ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ.........။......... လည်ပတ်ရောက်လာ ဆွေသဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။ ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ......။..........သျှင်ငြိမ်းချမ်း...........Shin Nyein Chan............shinnyainchann@gmail.com
"မှတ်တမ်းလေးတခုချန်ထားခဲ့ရုံပါပဲ....။ တယောက်ယောက်အတွက် ...တခုခု အကျိုးရှိသွားရင် ကုသိုလ် ရတာပေါ့.....။"

Monday, June 3, 2024

Adobe InDesign သင်ခန်းစာများ (2)

 Adobe InDesign သင်ခန်းစာများ (2)

Chapter (1) Document များ စနစ်တကျ ဖန်တီးခြင်း

Creating News Document

      Adobe InDesign ကို စဖွင့်လိုက်လျှင် အရင်ဦးဆုံး Quickstrart ကို မြင်တွေ့ရပါလိမ့်မယ်။ Quickstart Screen မှာ အပိုင်းသုံးပိုင်း ခွဲခြားထားပါတယ်။ အဲဒီ အပိုင်းသုံးပိုင်းကတော့ Major Sections ဖြစ်တဲ့ Recent Used File, Starting Points  နှင့် The InDesign Community ဆိုပြီး အပိုင်းသုံးပိုင်းကို မြင်တွေ့ရပါလိမ့်မယ်။

 Using InDesign ဆိုတာကတော့ InDesign နှင့် ပတ်သက်ပြီး အသုံးပြုပုံများကို Adobe မှ ထည့်သွင်းပေးထားတဲ့ Feature တစ်ခု ဖြစ်ပါတယ်။

Recent items List

    Recent Items List ကတော့ InDesign ကို အသုံးပြုပြီး ဖန်တီးထားတဲ့ Document များကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ အဲဒီမှာ မကြာသေးခင်က ပြုလုပ်ဖန်တီးထားတဲ့ Adobe InDesign Project များစွာကို တွေ့ရပါလိမ့်မယ်။

 Starting Points

      Starting Points မှာလည်း Document , Book, Library ဆိုပြီး အပိုင်းသုံးပိုင်း ခွဲခြားထားပါတယ်။

ပုံမှန်စာရိုက်ခြင်းများ အတွက်တော့ Document ကိုသာ ရွေးချယ်ပြီး အသုံးပြုနိုင်ပါတယ်။ Book ကတော့ စာအုပ်များ ဖန်တီးရာတွင် အသုံးပြုနိုင်ပါတယ်။

InDesign Project များကို တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပြီး စာအုပ်ပုံစံ ဖန်တီးရာမှာ အသုံးပြုပါတယ်။ အသုံးနည်းတဲ့ Feature တစ်ခု ဖြစ်ပါတယ်။ နေ့စဉ် စာရိုက်ခြင်း၊ Design Layout များ ပြုလုပ်ခြင်းအတွက်တော့ Document ကိုသာ ရွေးချယ် အသုံးပြုရမှာ ဖြစ်ပါတယ်။


No comments:

Post a Comment