မြန်မာပြက္ခဒိန်

။......ယခုရောက်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။.......ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ.........။......... လည်ပတ်ရောက်လာ ဆွေသဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။ ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ......။..........သျှင်ငြိမ်းချမ်း...........Shin Nyein Chan............shinnyainchann@gmail.com
"မှတ်တမ်းလေးတခုချန်ထားခဲ့ရုံပါပဲ....။ တယောက်ယောက်အတွက် ...တခုခု အကျိုးရှိသွားရင် ကုသိုလ် ရတာပေါ့.....။"

Monday, June 3, 2024

Adobe InDesign သင်ခန်းစာများ (4)

 Adobe InDesign သင်ခန်းစာများ (4)

4.  Columns

  စာမျက်နှာတစ်ရွက်အတွင်းမှာ ကော်လံများခွဲပြီး ဖန်တီးလိုတဲ့အခါမှာ အသုံးပြုနိုင်ပါတယ်။ သာမန်ရိုးရိုးစာများ ရိုက်ရာမှာတော့ ဒီ Option ကို အသုံးပြုရန် မလိုပါဘူး။


5. Margins

      Margins ကတော့ Document တစ်ခုကို ဖန်တီးရာတွင် အပေါ်၊ အောက်၊ ဘယ်၊ ညာ ဘေးမျဉ်းကို ပြောတာပါ။

13 mm မှာ ထားပါတယ်။ Margins သတ်မှတ်တဲ့ နေရာရဲ့ အလယ်မှာတော့ Link လေးတစ်ခု ရှိပါတယ်။ သူရဲ့သဘောကတော့ အပေါ်၊အောက်၊ ဘယ်၊ ညာကို ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ ဒီတော့ အပေါ်ကို 13 mm သတ်မှတ်မယ်ဆိုရင် အောက်ကိုလည်း 13 mm ဆိုပြီး ပြောင်းလဲ သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။

ဒီတော့ Link ကို မလိုအပ်လျှင် မသုံးပဲနေလို့ ရပါတယ်။ စိတ်ကြိုက် Margins တွေကို သတ်မှတ်ဖို့အတွက်ဆိုလျှင် Link ကို အသုံးမပြုမှသာလျှင် သတ်မှတ်ရတာ ပိုအဆင်ပြေပါတယ်။


6. Toggling Between Link

      သူ့ရဲ့သဘောတရားကတော့ Link ချိတ်ထားတာ ဖြစ်ပါတယ်။ Document တစ်ခုရဲ့ Margin တွေနဲ့ Bleed ကို ချိတ်ဆက် သတ်မှတ်ရန် ဖြစ်ပါတယ်။

7. Document Bleed

      Document တစ်ခုရဲ့ Bleed ကို ပြင်ဆင်ရန် ဖြစ်ပါတယ်။ အပေါ် ၊အောက်၊ ဘယ်၊ ညာ Bleed ကို ပြင်ပေးတာ ဖြစ်ပါတယ်။

8. Save Preset

  Save Preset ကတော့ သင်သတ်မှတ်ထားတဲ့ စာမျက်နှာပုံစံ၊ စာရွက် အရွယ်အစားပုံစံ၊ Margin ဘေးမျဉ်းပုံစံ၊ တွေအားလုံးကို သင့်စိတ်ကြိုက် အမည်တစ်ခုဖြင့် သိမ်းဆည်းရန် ဖြစ်ပါတယ်။

ဒီလို သိမ်းဆည်းပေးထားခြင်းအားဖြင့် Document Preset တွင် ၎င်း သက်ဆိုက်ရာအမည်ဖြင့် Preset တစ်ခုပေါ်နေမှာ ဖြစ်ပါတယ်။ Save Preset ကို နှိပ်လိုက်ပါ။

ဒါဆိုရင် အောက်ပါပုံအတိုင်း အမည်ကို ရွေးချယ်သတ်မှတ်ခိုင်းသည့် Box လေး ကျလာပါလိမ့်မယ်။


ပြီးနောက် OK ကို နှိပ်လိုက်ပါ။ ဒါဆိုရင် အောက်ကပုံအတိုင်း Document Preset နေရာမှာ သင်သတ်မှတ်လိုက်သည့် Preset လေးတစ်ခုကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ နောက်တစ်ကြိမ် ပြန်သုံးမယ်ဆိုရင် ၎င်း Preset ကို ရွေးချယ်ကာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

9. More Options

      More Options ကတော့ နောက်ထပ် Bleed Options ကို သတ်မှတ်ရန် ဖြစ်ပါတယ်။

အခု Document တစ်ခုကို အသေးစိတ် ဖန်တီးတတ်သွားပြီဆိုရင်တော့ OK ကို နှိပ်လိုက်ပါ။

Adobe InDesign ကို အသုံးပြုပြီး သင်နှစ်သက်ရာ Document တစ်ခုကို ကျွမ်းကျင်စွာ ဖန်တီးတတ်ရန်၊ Margin များကို စနစ်တကျ သတ်မှတ်တတ်ရန်၊ စာရွက်ပုံစံနှင့် အရွယ်အစားကို သတ်မှတ်နိုင်ရန်၊ စာရွက် အရေအတွက်ကို သတ်မှတ်တတ်ရန် ဒီသင်ခန်းစာတွေကို ကျေညက်အောင် လေ့ကျင့်ထားရမှာ ဖြစ်ပါတယ်။









No comments:

Post a Comment