အမျှပေးဝေခြင်း
ဤသို့ပြုရ၊ မြတ်ပုညကို၊ကြီးထမြင့်ခေါင်၊မြင်းမိုရ်တောင်ဦး၊
မကကြူးသား၊ကျေးဇူးအရှင်၊မွေးမိခင်နှင့်၊ဖခင်တို့အား၊ရငြားပါစေ၊ အမျှဝေ၏ ။
မသွေနိစ္စ၊ဤကာယကို၊စောင့်ထပေတတ်၊ ကိုယ်စောင့်နတ်လည်း၊ မလပ်စေရ၊ ပေးဝေငှ၏ ။
မိတ္တဆွေဉာ၊ဆရာသမား၊ဘိုးဘွားကစ၊ယမရာဇာ၊ဒေဝါယက္ခ၊ ဣန္ဒဘုမ္မာ၊အာကာသနတ်၊
အထူးမှတ်၍၊ အမြတ်ပုည၊ကုသလကို၊ရကြပါစေ၊ အမျှဝေ၏ ။
သဗ္ဗေသတ္တာ၊သတ္တဝါဟု၊နာနာလောက၊အနန ္တတွင်၊မပြတ်စဉ်ကာ၊
သတ္တဝါသ၊ ဘုံကိုးဝနှင့်၊ဝိဉာဏဌိတိ၊တည်ရှိခုနှစ်ပါး၊များစွာလုံးစုံ၊
ဘုံသုံးဆယ့်တစ်၊ဖြစ်ဖြစ်သမျှ၊ဝေနေယျအား၊အမျှကုသိုလ်၊ပေးဝေလို၏ ။
ထိုကုသလ၊မြတ်ပုညကို ၊အမျှရကြသည်၊ဖြစ်စေသော်….
၀သုန္ဒရေ ၊ ဤမြေပံသု ၊ သိလာထုလည်း၊သက်သေအမှု တည်စေသောဝ် …………..။
{ကုသိုလ်-အမွ်-အမွ်-အမွ်-ယူတော်မူကြပါကုန်လော့ - သာဓု၊ သာဓု၊ သာဓု၊}
No comments:
Post a Comment