အယူမှန်ကန် စိတ်မြဲမြံ အဓိဋ္ဌာန်ပြုကြ
အိပ်ရာဝင်ထ ရွတ်ဆိုကြ
(၁) မိုးချုပ်နေဝင် အပြင်မထွက်နဲ့၊သရဲသဘက် ဆွဲတတ်တယ်။
မဆွဲနိုင်အောင် ဘုရားပေးတဲ့၊တရားဆေးနဲ့ ပေါက်လိုက်မယ်။
တရားဆေးဟာ ဘယ်မှာတုန်းကွယ်၊ ငါ့လဲပေးအုံး (မောင်/မယ်)ရယ်
ဗုဒ္ဓံ ဓမ္မံ သံဃံ ရွတ်ကွယ်၊ သရဲလွတ်လို့ ပြေးလိမ့်မယ်။
ပြေးမယ်၊ပြေးမယ်။
(၂) အိပ်ရာဝင်သော် သတိရလို့၊ဗုဒ္ဓ ဓမ္မ သံဃာရယ်။
ကိုးကွယ်ပါတယ် စိတ်မှာညွတ်လို့၊ နှုတ်ပါတွတ်တွတ် ရွတ်ရတယ်။
အိပ်ရာထပြန် တစ်ဖန်ထပ်၍၊ မှန်မှန်မပြတ် ရွတ်ပါကွယ်။
ဘေးအန္တရာယ် ရန်စွေကင်းလို့၊ ကောင်းခြင်းသုခ ရလိမ့်မယ်။
ရမယ်……ရမယ်။
သရဏဂုံတည်မှ မြင့်မြတ်လှ
ဗုဒၶံ သရဏံ ဂစၦာမိ
မြတ်စွာဘုရားကို ကိုးကွယ်ဟူ၍ ယုံကြည်ဆည်းကပ်ပါ၏ ။
ဓမၼံ သရဏံ ဂစၦာမိ
တရားတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ယုံကြည်ဆည်းကပ်ပါ၏ ။
သံဃံ သရဏံ ဂစၦာမိ
သံဃာတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ယုံကြည်ဆည်းကပ်ပါ၏ ။
ဒုတိယမ္ပိ = =နှစ်ကြိမ်မြောက်လည်း
တတိယမ္ပိ = = သုံးကြိမ်မြောက်လည်း - ဆက် ဆိုရန်။
သရဏဂုံ အဓိပ္ပါယ် အကျယ်ဖွင့်
၁။ ဗုဒၶံ သရဏံ ဂစၦာမိ
ဗုဒ္ဓံ = သစ္စာလေးပါး မြတ်တရားကို ပိုင်ခြားထင်ထင် ကိုယ်တိုင်မြင်၍ မြင်စေဟောကြား မြတ်ဘုရားကို။ သရဏံ=ဘေးရန်ပယ်ဖျောက် ချမ်းသာရောက်အောင် စောင့်ရှောက်တော်မူတတ်သဖြင့်၊ အမြတ်ဆုံး ကိုးကွယ်ရာဟူ၍။
ဂစ္ဆာမိ = ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်ပါ၏ အရှင်ဘုရား။
၂။ ဓမၼံ သရဏံ ဂစၦာမိ
ဓမ္မံ = မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန် ပရိယတ် ဆယ်ဖြာသော တရားတော်မြတ်ကို။ သရဏံ=ဘေးရန်ပယ်ဖျောက် ချမ်းသာရောက်အောင် စောင့်ရှောက်တော်မူတတ်သဖြင့်၊ အမြတ်ဆုံး ကိုးကွယ်ရာဟူ၍။

၃။ သံဃံ သရဏံ ဂစၦာမိ
သံဃံ = သမ္မုတိသံဃာ အရိယာသံဃာ နှစ်ဖြာသော သံဃာတော်မြတ်အပေါင်းကို။ သရဏံ=ဘေးရန်ပယ်ဖျောက် ချမ်းသာရောက်အောင် စောင့်ရှောက်တော်မူတတ်သဖြင့်၊ အမြတ်ဆုံး ကိုးကွယ်ရာဟူ၍။

၁။ ဘုရားကိုသာ တသက်တာ မြဲစွာကိုးကွယ်မည်။(၁) မိုးချုပ်နေဝင် အပြင်မထွက်နဲ့၊သရဲသဘက် ဆွဲတတ်တယ်။

၂။ တရားကိုသာ တသက်တာ မြဲစွာ ကိုးကွယ်မည်။
၃။ သံဃာကိုသာ တသက်တာ မြဲစွား ကိုးကွယ်မည်။
၄။ သရဏဂုံဓါတ်၊ လွန်မြင့်မြတ်၊ လွှမ်းပကိုယ်မှာ တည်စေမည်။
၅။ ဘေးရန်လွတ်ကင်း၊ ချမ်းသာခြင်း၊လက်ငင်းရမှာသေချာသည်။
အကျိုးကျေးဇူးများ
၁။ ဘုရားကိုးကွယ်၊ တန်ခိုးကြွယ်၊အပါယ်မကျ ချမ်းသာရ၏။
၂။ တရားကိုးကွယ်၊ပညာကြွယ်၊အပါယ်မကျ ချမ်းသာရ၏ ။
၃။ သံဃာကိုးကွယ်၊ စည်းစိမ်ကြွယ်၊အပါယ်မကျ၊ချမ်းသာရ၏ ။
၁။ ဘုရားဖက်တော့ အသက်ရှည်
၂။ တရားဖက်တော့ အမျက်ပြေ
၃။ သံဃာဖက်တော့ အခက်ဝေ
သရဏဂုံအကျိုးပြ ကဗျာ
သရဏဂုံ တကယ်မြဲရင်၊အပါယ်ငရဲ ကြောက်ဖို့မလို။
နတ်ဖြစ်သော်ပင် တူနိုင်ရိုးလား၊ဆယ်မျိုးဂုဏ်စု သူ့ထက်ပို။
ငါးဖြာအာရုံ လာမတုနဲ့၊ အာယု ၀ဏ္ဏ သုခ ဆို၊
အာဏာပိုင်စိုး၊ ခြွေရံတိုး၊ ဆယ်မျိုး ဂုဏ်ကဲပို၊
အဲဒါကြောင့် သရဏဂုံပန်း အစဉ်လန်း ဆင်မြန်းနိုင်ပါစေ။

No comments:
Post a Comment