မြန်မာပြက္ခဒိန်

။......ယခုရောက်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။.......ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ.........။......... လည်ပတ်ရောက်လာ ဆွေသဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။ ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ......။..........သျှင်ငြိမ်းချမ်း...........Shin Nyein Chan............shinnyainchann@gmail.com
"မှတ်တမ်းလေးတခုချန်ထားခဲ့ရုံပါပဲ....။ တယောက်ယောက်အတွက် ...တခုခု အကျိုးရှိသွားရင် ကုသိုလ် ရတာပေါ့.....။"

Wednesday, May 29, 2024

ဘုရားဂုဏ်တော် (၉) ပါး နှင့် အဓိပ္ပါယ်

ဘုရားဂုဏ်တော် (၉) ပါး နှင့် အဓိပ္ပါယ် 

ဘုရားဂုဏ်တော် (၉) ပါး

မြတ်စွာဘုရား၏ဂုဏ်တော် ၉-ပါးသည် အတုမရှိမြင့်မြတ်သောဂုဏ်တော်များဖြစ်၍ ၊ဤဂုဏ်တော်များကို သိနားလည်လျှင် မြတ်စွာဘုရားကို ပို၍ ပို၍ ကြည်ညိုလာမည်ဖြစ်သည်၊အကျိုးထူးကလဲ ပို၍မြင့်မြတ်သောအကျိုးထူးများကို ရရှိမည်ဖြစ်သည်။
        ဘုရားဂုဏ်တော်(၉)ပါး ပါဠိ
           ဣတိ ပိသော ဘဂဝါ
၁။ အရဟံ
၂။ သမ္မာသမ္ဗုဒ္ဓေါ
၃။ ဝိဇ္ဇာစရဏ သမ္ပန္နော
၄။ သုဂေတာ
၅။ လောကဝိဒူ
၆။ အႏုတၱေရာ ပုရိသဒမၼာသာရထိ
၇။ သတ္ထာဒေဝ မနုဿာနံ
၈။ ဗုဒ္ဓေါ
၉။ ဘဂဝါ ။
                      ဘုရားဂုဏ်တော်၏ အနက်အဓိပ္ပါယ်
(၁) သောဘဂဝါ -ထိုမြတ်စွာဘုရားသည်။ ဣတိပိ ၊ဤသို့လျှင် ဗြဟ္မာနတ်လူ သုံးဘုံသူတို့၏ ကြည်ဖြူကော်ရော် ပူဇော်အထူးကိုခံယူတော်မူထိုက်ကြောင်းဖြစ်သော အတုမရှိသည့်
သီလဂုဏ်၊ သမာဓိဂုဏ်၊ပညာဂုဏ်၊ဝိမုတ္တိဂုဏ်၊ဝိမုတ္တိ္က္က္က`ဉာဏဒဿနဂုဏ်တို့နှင့်ပြည့်စုံတော်မူသောကြောင့် ။အရဟံ၊အရဟံ မည်တော်မူ၏ ။
(၂) သောဘဂဝါ-ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ဤသို့လျှင်သစ္စာ ဉေယျ ဓမ္မအပုံ အလုံးစုံကို အကုန်မကျန် မြတ်ရွှေဉာဏ်ဖြင့် အမှန်ထိုးထွင်း အလင်းထင်ပေါ် သိမြင်တော်မူသောကြောင့် သမ္မာသမ္ဗုဒ္ဓေါ- သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏ ။
(၃) သောဘဂဝါ-ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ဤသို့လျှင်ဝိဇ္ဇသုံးပါး ဝိဇ္ဇာရှစ်ပါး ၊စရဏတစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူသောကြောင့်၊ဝိဇ္ဇာစရဏသမ္ပန္နော၊ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏ ။
(၄) သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်၊ဣတိပိ၊ဤသို့လျှင်၊သဿတဒိဋ္ဌိ၊ဥစေ ္ဆဒဒိ
ဋ္ဌိ မကပ်ငြိဘဲ မဇ္စျိမပဋိပါတ် ကောင်းမြတ်ဖြောင့်တန်၊ မဂ္ဂင်လမ်းဖြင့် ရွှေနန်းပူရီ ဘေးမဲ့ပြည်သို့ ကြွချီဆိုက်ရောက်တော်
မူသောကြောင့်၊သုဂတော၊သုဂတမည်တော်မူ၏ ။
(၅) သောဘဂဝါ၊ထိုမြတ်စွာဘုရားသည်၊ဣတိပိ၊ဤသို့လျှင် ကာမ ရူမ အရူပဟု လောကအပြင် ဘုံတစ်ခွင်ကို ကုန်စင်ခပင်း
မကျန်ကြွင်းအောင် အလင်းထင်ပေါ် သိမြင်တော်မူသောကြောင့်
လောကဝိဒူ-လောကဝိဒူ မည်တော်မူ၏ ။
(၆) သောဘဂဝါ၊ထိုမြတ်စွာဘုရားသည်၊ဣတိပိ၊ ဤသို့လျှင် ဇာတိမာန် ပုညမာန် ဂုဏမာန် ဗလမာန် ဣဒ္ဓိမာန် ပညာမာန်
တို့ဖြင့် မိုးစွန်ကြွားကြွား ငါ တကားဟု ကြုံးဝါးခက်ထန် အဆိပ်လျှံ
သည့် နန္ဒောပနန္ဒ အင်္ဂုလိမာလ သစ္စကနှင့် ဗကဗြဟ္မာ သတ္တဝါတို့
ကို ဒေသနာသံ ဆိပ်အံငြိမ်းဆေး အမြန်ပေး၍ ယဉ်ကျေးအောင်ပြု
ဆုံးမမှုဝယ် အတုမရှိလွန်ကဲဘိသောကြောင့် အနုတ္တရော ပုရိသဒမ္မသာရထိ-အနုတ္တရော ပုရိသ ဒမ္မသာရထိမည်တော်မူ၏ ။
(၇) သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်၊ဣတိပိ၊ဤသို့လျှင် လူနတ်ဗြဟ္မာ သတ္တဝါအများ သောင်းထိုက်သားတို့၏ ဝပ်တွားရှိပျောင်း ညွတ်ညောင်းခယ ဆုံးမခံရာ ဆရာသခင် ဦးထိပ်တင်ကြီးဖြစ်တော်မူသောကြောင့်၊သတ္ထာဒေဝ မနုဿာနံ၊
သတ္ထာဒေဝ မနုဿာနံ မည်တော်မူ၏ ။
(၈) သောဘဂဝါ၊ထိုမြတ်စွာဘုရားသည်၊ဣတိပိ၊ဤသို့လျှင် သစ္စာလေးရပ် တရားမြတ်ကို လူနတ်အများ သိထင်ရှားအောင်
ဟောကြားထုတ်ဖော် သိစေတော်မူသောကြောင့် ။ ဗုဒ္ဓေါ-ဗုဒ္ဓမည်တော်မူ၏ ။
(၉) သောဘဂဝါ၊ထိုမြတ်စွာဘုရားသည်၊ဣတိပိ၊ဤသို့လျှင်ဘုန်းတော်အနန္တ၊ကံတော်အနန ္တ၊ဉာဏ်တော်အနန ္တ၊တန်ခိုးတော်အနန ္တကြီးမြတ်လှ၍ လောကသုံးပါး လူအများတို့ လေးစားဂရု ချီးပမှုကြောင့်
ဘဂဝါ ၊ဘဂဝါမည်တော်မူ၏ ။ တံ၊ ထိုအရဟံ အစ ဘဂဝါအဆုံး ဘဝဂ်ချုံးမျှ ဘုန်းရှိန်ကြီးမား ဂုဏ်ကိုးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊အဟံ၊ ခန္ဓာ အာယတန ဓါတ်စုမျှကို ကာယသမုတ် အကျွနှ်ပ်သည်။ ၀န္ဒာမိ၊သဒ္ဓါစိတ်ဇော အာရုံပြော၍
မနော ၀စီ ကာယညီလျှက် ဦးချီလက်မိုး ကြာငုံဖြိုးသို့ ရှိခိုးပါ၏ဘုရား ။
                   ဘုရားဂုဏ်တော် လိုရင်းအဓိပ္ပါယ်
အရဟံ ဂုဏ်တော်
ကိလေသာကင်းစင်၍ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ခြင်း လူနတ်ဗြဟ္မာတို့၏ ပူဇော်အထူးကိုခံထိုက်ခြင်းဂုဏ်။
သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်
တရားအလုံးစုံကို သဗ္ဗညုတဉာဏ်ဖြင့် အလိုလိုသိခြင်း ဉာဏ်ပညာအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်ခြင်းဂုဏ်။
ဝိဇ္ဇာစရဏ သမ္ပန္န ဂုဏ်တော်
ဝိဇ္ဇာဉာဏ်သုံးပါး၊(၈)ပါး၊စရဏအကျင့် ၁၅ ပါးတို့နှင့် ပြည့်စုံတော်မူခြင်း၊အကြီးဆုံး ဝိဇ္ဇာနှင့်အကောင်းဆုံးအကျင့်ရှိသူဖြစ်ခြင်းဂုဏ်။
သုဂတ ဂုဏ်တော်
ဟုတ်မှန် အကျိုးရှိသော စကားကို ကောင်းစွာ ဆိုတတ်ခြင်း နိဗ္ဗာန်သို့ကောင်းစွာ သွားတတ်ခြင်းဂုဏ်။
လောကဝိဒူ ဂုဏ်တော်
သတ္တလောက၊သင်္ခါရလောက၊သြကာသလောက၊တည်းဟူသော
လောကသုံးပါးကို သိမြင်တော်မူခြင်းဂုဏ်။
အနုတ္တရောပုရိသဒမ္မသာရထိ ဂုဏ်တော်
မယဉ်ကျေးသူတို့ကို ယဉ်ကျေးအောင် ဆုံးမတတ်ရာ၌ အသာလွန်ဆုံးဖြစ်ခြင်းဂုဏ်။
သတ္ထာဒေဝ မနုဿာနံဂုဏ်တော်
နတ်လူသတ္တဝါအားလုံးတို့၏ ဆရာဖြစ်ခြင်းဂုဏ်
ဗုဒ္ဓေါဂုဏ်တော်
သစ္စာလေးပါးကို ကိုယ်ကိုတိုင်သိမြင်၍ သူတစ်ပါးတို့အားလည်း
ကောင်းစွာဟောကြားညွန်ပြနိုင်သောဂုဏ်။
ဘဂဝါ ဂုဏ်တော်
ဘုန်းတော်-၆-ပါးနှင့်ပြည့်စုံတော်မူခြင်းဂုဏ်
ဘုန်းတန်ခိုးအရှိဆုံးပုဂ္ဂိုလ် ဖြစ်ခြင်းဂုဏ်။
 ဘုရားဂုဏ်တော်(၉)ပါး ကဗျာ
ဘုရားဂုဏ်တော် သေချာမုတ်ဖို့၊ကဗျာစပ်လို့ ဆိုကြမယ်။
၁။ကိလေသာတွေ ကင်းစင်ပြတ်လို့၊လူနတ်ဗြဟ္မာ ပူဇော်တယ်။
၂။တရားအလုံးစုံ ကိုယ်တိုင်သိလို့၊ဆရာမရှိသူ ဖြစ်ပါတယ်။
၃။ထူးတဲ့အသိဉာဏ် အကျင့်မှန်များလဲ၊ကောင်းစွာထင်ရှားပြည့်စုံတယ်
၄။ကောင်းတဲ့စကားကို ပြောဆိုတတ်လို့၊ နိဗ္ဗာန်မြတ်သို့ ကြွသွားတယ်။
၅။ သတ္တ သင်္ခါ သြကာသတဲ့၊လောကသုံးပါ သိမြင်တယ်။
၆။မယဉ်ကျေးသူ ယဉ်အောင်ပြုတဲ့၊ဆုံးမမှုမှာ သာလွန်တယ်။
ရ။လူနတ်ဗြဟ္မာ သတ္တဝါများရဲ့၊ဆရာထင်ရှား ဖြစ်ပါတယ်။
ဂ။လေးပါးသစ္စာ စိတ်ဖြာသိတဲ့၊ဉာဏ်မြင်ရှိသူ ဖြစ်ပါတယ်။
၉။ဘုန်းတော်ခြောက်စုံ ဂုဏ်တော်မြတ်နှင့် တစ်စမလပ် ပြည့်စုံတယ်။
ဘုရားဂုဏ်တော် ကိုးဖြစ်ပဲကွယ်၊အသဲစွဲအောင် မှတ်ကြကွယ်
မှတ်ကွယ်………..မှတ်ကွယ်။
           ဘုရားဂုဏ်တော်ပွါးများရခြင်းအကျိုး
၁။ရာဂ ဒေါသ မောဟ စသည့် ကိလေသာများ မနှောင့်ယှက်ခြင်း။
၂။စိတ်အစဉ် ဖြောင့်မတ်၍ ကုသိုလ်တိုးပွါးခြင်း။
၃။မြတ်စွာဘုရားအား ရိုသေ၍ သတိကောင်းလာခြင်း။
၄။မြတ်စွာဘုရား၌ သက်ဝင်ယုံကြည်မှု သဒ္ဓါ တိုးတက်လာခြင်း
၅။နှစ်သက်ခြင်းပီတိနှင့် ရွှင်လန်းခြင်း ပါမောဇ္ဇတို့အဖြစ်များခြင်း။
၆။ဘေးရန်အမျိုးမျိုးကို သည်းခံနိုင်လာခြင်း၊၊
ရ။ခန္ဓာကိုယ်သည် စေတီအလား ပူဇော်ထိုက်ခြင်း။
ဂ။ဘုရားနှင့်အတူနေသော အမှတ်သညာရခြင်း။
၉။ မကောင်းမှုပြုရန် ရှက်ခြင်းကြောက်ခြင်း(ဟီရိ၊သြတပ္ပ)ဖြစ်ခြင်း
၁၀။မြတ်စွာဘုရား၌ စိတ်ညွတ်ခြင်း။
၁၁။မဂ် ဖိုလ် မရသေးလျှင် အပါယ်လေးပါး မလားဘဲ သုဂတိဘုံဘဝသို့ လားရခြင်း။
     ဆောင်ပုဒ်လင်္ကာ
၁။ ကိလေမနှောင့်၊ ၂။ စိတ်စဉ်ဖြောင့်၏
၃။ ဘုန်းခေါင့်ရိုသေ ၄။ သဒ္ဓါစွေ၍
၅။ နှစ်ထွေပီတိ ၆။သည်းခံချိ၏။
ရ။ စေတီပုံလား  ၈။ ဘုရားနှင့်နေ
၉။ ထင်ပေဟိရောတ်၊ ၁၀။ စိတ်ညွတ်ချစ်ရှင်
၁၁။ မဂ်စဉ်မပွါး နတ်ရွာလားသည် ဘုရားဂုဏ်တော်ပွါးကြောင်းတည်း။
ဘုရားပွင့်ပေါ်သည့်အကျိုး
ဗုဒ္ဓေါ လောကေ သမုပ္ပန္နော ဟိတာယ သဗ္ဗပါဏိနံ
သုံးလူ့ဆရာ မြတ်ဗုဒ္ဓသည် သတ္တဝါအများ အကျိုးပွါးဖို့ ထင်ရှားလူ့ရွာ ပွင့်ထွန်းပေါ်ပေါက်လာပေ၏။
၁။ ဘုရားရှင်တော် မပွင့်ပေါ်လျှင် လူတော်အများ စိတ်ကောင်းထားလည်း၊ ဤကားကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘဝ မသိရ များလှ အပြစ်တွေ။
၂။ ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍ ဟောဖော်ညွန်ကြား မြတ်တရားကြောင့် ဤကားကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘဝ
သိကြရ များလှကျေးဇူးတွေ။

No comments:

Post a Comment