မြန်မာပြက္ခဒိန်

။......ယခုရောက်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။.......ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ.........။......... လည်ပတ်ရောက်လာ ဆွေသဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။ ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ......။..........သျှင်ငြိမ်းချမ်း...........Shin Nyein Chan............shinnyainchann@gmail.com
"မှတ်တမ်းလေးတခုချန်ထားခဲ့ရုံပါပဲ....။ တယောက်ယောက်အတွက် ...တခုခု အကျိုးရှိသွားရင် ကုသိုလ် ရတာပေါ့.....။"

Wednesday, May 29, 2024

တရားဂုဏ်တော်(၆)ပါး နှင့် အဓိပ္ပါယ်

တရားဂုဏ်တော်(၆)ပါး နှင့် အဓိပ္ပါယ် 

တရားဂုဏ်တော်(၆)ပါး ပါဠိ

၁။သွက္ခာတော ဘဂဝတာ ဓမ္မော
၂။ သန္ဒိဋ္ဌိကော
၃။ အကာလိကော
၄။ ဧဟိပဿိကော
၅။ သြပနေယျိကော
၆။ ပစၥတၱံ ေ၀ဒိတေဗၺာ ၀ိညဴဟိတိ။
          တရားဂုဏ်တော်၏ အနက်အဓိပ္ပါယ်
၁။ ဘဂဝတော- မြတ်စွာဘုရားသည်။ ဓမ္မော၊တရားတော်မြတ်ကို၊သွက္ခာတော၊အစအလယ်အဆုံးသုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံစွာ ဟောကြားတော်မူ၏။
၂။ ဓမ္မော-တရားတော်မြတ်သည်။ သန္ဒိဋ္ဌိကော-ကျင့်ဆောင်သူတို့အား ယခုဘဝ ပစ္စက္ခ၌ပင် ဒိဋ္ဌကိုယ်တိုင် တွေ့မြင်ခံစားရသော ဂုဏ်ကျေးဇူးအထူးနှင့် ပြည့်စုံတော်မူ၏။
၃။ အကာလိကော-ကာလမရွေ့ ကျင့်သည့်နေ့ပင် တွေ့မြင်ယုံကြည်ရသော ကောင်းကျိုးချမ်းသာနှင့်လည်း ပြည့်စုံတော်မူ၏။
၄။ ဧဟိပဿိကော- လာရောက်ရှုမြင် ကျေးဇူးတင်မြဲဖြစ်၍ လာပါ ရှုပါ ကျင့်ကြံပါဟု မပါ ပါအောင် ခေါ်ဆိုသွတ်သွင်း တိုက်တွန်းခြင်းငှါ ထိုက်တန်စွာသော ဂုဏ်ထူးဝိသေသနှင့်လည်း
ပြည့်စုံတော်မူ၏။
၅။ သြပနေယျိကော- မိမိကာယ အဇ္စျတ္တတွင် ရရှိပေါက်ရောက်
ကိုယ်တွေ့မြောက်အောင် ကပ်၍ဆောင်ထိုက်သော ဂုဏ်ထူးဝိသေသနှင့်လည်း ပြည့်စုံတော်မူ၏။
၆။ ဝိညူဟိ-ပညာရှိသူ ရှင်လူအပေါင်း သူတော်ကောင်းတို့သည်။
ပစ္စတ္တံ-အသီးသီးသော မိမိတို့သန္တာန်၌ ။ ဝေဒိတဗ္ဗော၊ချမ်းသာလေစွ ကောင်းလေစွဟု ကာယစိတ္တ သုခနှစ်ပြင်၊ထင်ထင်ရှားရှား ခံစားသိမြင်ရသော ဂုဏ်ထူးဝိသေသနှင့်လည်း ပြည့်စုံတော်မူ၏ ။
တံ- ထိုသွာက္ခာတာအစ ဝေဒိတဗ္ဗောအဆုံး ဘဝဂ်ချုန်းမျှ ဘုန်းရှိန်ကြီးမား ဂုဏ်ခြောက်ပါးနှင့် ပြည့်စုံသော တရားတော်မြတ်ကို။ အဟံ- ခန္ဓာ အာယတန ဓါတ်စုမျှကို ကာယသမုတ် အကျွနှ်ပ်သည်။ ၀န္ဒာမိ-သဒ္ဓါစိတ်ဇော အာရုံပြော၍
မနောဝစီ ကာယညီလျှက် ဦးချီးလက်မိုး ကြာငုံဖြိုးသို့ ရှိုခိုးပါ၏ဘုရား။
                တရားဂုဏ်တော် လိုရင်းအဓိပ္ပါယ်
၁။သွာက္ခာတ ဂုဏ်တော်
မြတ်စွာဘုရား ကောင်းစွာဟောထားသည့်တရား ဖြစ်ခြင်းဂုဏ်။
၂။ သန္ဒိဋ္ဌိက ဂုဏ်တော်
ကိုယ်တိုင်ကျင့်လျှင် ကိုယ်တိုင်သိနိုင်သောတရားဖြစ်ခြင်းဂုဏ်။
၃။ အကာလိက ဂုဏ်တော်
အခါမလပ် အကျိုးပေးခြင်း မဂ်ရလျှင် အခုချက်ချင်း ဖြစ်ခြင်းဂုဏ်။
၄။ ဧဟိပဿိက ဂုဏ်တော်
လာပါ ကျင့်စမ်းပါဟု ရဲရဲဝံ့ဝံ့ ဖိတ်ခေါ်ထိုက်ခြင်း အစမ်းသပ်ခံနိုင်ခြင်းဂုဏ်။
၅။ သြပနေယျိက ဂုဏ်တော်
မိမိစိတ်၌ အမြဲကပ်၍ ဆောင်ထားသင့်ခြင်းဂုဏ်။
၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ ဂုဏ်တော်
အရိယာတို့သည် နိဗ္ဗာန်ချမ်းသာကို အသီးသီး လက်တွေ့ခံစားနိုင်ခြင်း ဂုဏ်။
                 တရားဂုဏ်တော် ကဗျာ
တရားဂုဏ်တော် သေချာမှတ်ဖို့၊ကဗျာစပ်လို့ ဆိုကြမယ်
၁။ဘုရားကောင်းစွာ ဟောညွန်အပ်လို့၊တရားတော်မြတ် ခိုင်မာတယ်။
၂။ကိုယ်တိုင်ကျင့်ယင် ကိုယ်တိုင်သိလို့၊ မိမိရရ သေချာတယ်။
၃။အခုကျင့်ယင် အခုထူးလို့၊ အကျိုးကျေးဇူး မြန်ဆန်တယ်။
၄။ လာပါ ကျင့်ပါ ဖိတ်ခေါ်အပ်လို့။စမ်းသပ်ခံကြောင်း ကြေညာတယ်။
၅။ ကိုယ်နှင့်စိတ်မှာ မြဲဆောင်အပ်လို့။ ထပ်ကြပ်မကွာ အားထားဖွယ်။
၆။ အရိယာဆို ကိုယ်စီသိလို့၊ထိထိမိမိ ခံစားတယ်
တရားဂုဏ်တော် ခြောက်ဖြာပဲကွယ် အသဲစွဲအောင် မှတ်ကြကွယ်
မှတ်ကွယ်…………မှတ်ကွယ် ။
 
             တရားဂုဏ်တော်ပွါးများရကျိုးပြ ကဗျာ
၁။ ကိလေ မနှောင့်   ၂။ စိတ်စဉ်ဖြောင့်၏
၃။ ဘုန်းခေါင်ဟောကြား ၊တရားရိုသေ
၄။ သဒ္ဓါစွေ၍   ၅။  နှစ်ထွေပီတိ
၆။ သည်းခံချိ၏   ၇ ။ စေတီပုံလား
၈။ တရားနှင့်နေ ၉။ ထင်ပေ ဟိရောတ်
၁၀။ စိတ်ညွတ်ဓမ္မ  ၁၁။ မဂ်မရလည်း ရောက်ထ မမှား
နတ်ရွာလားသည်၊ တရားဂုဏ်တော်ပွါးကျိုးတည်း။

No comments:

Post a Comment