မြန်မာပြက္ခဒိန်

။......ယခုရောက်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။.......ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ.........။......... လည်ပတ်ရောက်လာ ဆွေသဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။ ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ......။..........သျှင်ငြိမ်းချမ်း...........Shin Nyein Chan............shinnyainchann@gmail.com
"မှတ်တမ်းလေးတခုချန်ထားခဲ့ရုံပါပဲ....။ တယောက်ယောက်အတွက် ...တခုခု အကျိုးရှိသွားရင် ကုသိုလ် ရတာပေါ့.....။"

Wednesday, May 29, 2024

ကျေးဇူးတော်ရှင်မင်းကွန်းဆရာတော်ဘုရားကြီး၏ မေတ္တာပွါးနည်း

ကျေးဇူးတော်ရှင်မင်းကွန်းဆရာတော်ဘုရားကြီး၏ မေတ္တာပွါးနည်း

မေတ္တာပွါးပို့နေခြင်းသည် အမြတ်ဆုံးနေခြင်းတစ်မျိုးဖြစ်၏ ။
အချမ်းသာဆုံး နေနည်းတစ်မျိုးလည်း ဖြစ်၏ ။
`တစ်နေ့သုံးခါ ၊ အိုးတစ်ရာဖြင့်၊ချက်ကာထမင်း၊ပေးလှူခြင်းထက်၊ မယွင်းစင်စစ်၊
နို့တစ်ညှစ်စာ၊မေတ္တာပွါးများ၊ ကျိုးကြီးမားသည်၊ဘုရားမြတ်စွာ မိန့်ခွန်းတည်း ။

အရပ်(၁၀)မျက်နှာ မေတ္တာပွါးပို့နည်း

  ဒိသာဖရဏမေတ္တာပွါးပို့နည်း

၁။ အရှေ့အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့

   ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
   ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
    ဆင်းရဲခပ်သိမ်း  ကင်းငြိမ်းကြပါစေ၊
    နှလုံးစိတ်ဝမ်း  အေးချမ်းကြပါစေ ။
၂။ အနောက်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့
   ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
   ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
    ဆင်းရဲခပ်သိမ်း  ကင်းငြိမ်းကြပါစေ၊
    နှလုံးစိတ်ဝမ်း  အေးချမ်းကြပါစေ ။
၃။ မြောက်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့
    ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
    ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
    ဆင်းရဲခပ်သိမ်း  ကင်းငြိမ်းကြပါစေ၊
    နှလုံးစိတ်ဝမ်း  အေးချမ်းကြပါစေ ။
၄။ တောင်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့
   ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
   ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
    ဆင်းရဲခပ်သိမ်း  ကင်းငြိမ်းကြပါစေ၊
   နှလုံးစိတ်ဝမ်း  အေးချမ်းကြပါစေ ။
၅။ အရှေ့တောင်အရပ်၌ရှိသော အနန္တစကြဝဠာ       အနန္တသတ္တဝါတို့
   ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
   ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
    ဆင်းရဲခပ်သိမ်း  ကင်းငြိမ်းကြပါစေ၊
နှလုံးစိတ်ဝမ်း  အေးချမ်းကြပါစေ ။
၆။ အနောက်မြောက်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့
   ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
   ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
    ဆင်းရဲခပ်သိမ်း  ကင်းငြိမ်းကြပါစေ၊
   နှလုံးစိတ်ဝမ်း  အေးချမ်းကြပါစေ ။
၇။ အရှေ့မြောက်အရပ်၌ရှိသော အနန္တစကြဝဠာ      အနန္တသတ္တဝါတို့
   ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
   ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
    ဆင်းရဲခပ်သိမ်း  ကင်းငြိမ်းကြပါစေ၊
   နှလုံးစိတ်ဝမ်း  အေးချမ်းကြပါစေ ။
၈။ အနောက်တောင်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့
   ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
   ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
    ဆင်းရဲခပ်သိမ်း  ကင်းငြိမ်းကြပါစေ၊
နှလုံးစိတ်ဝမ်း  အေးချမ်းကြပါစေ ။
၉။ အောက်အရပ်၌ရှိသော ထက်ဝန်းကျင် အနန္တစကြဝဠာ 

အပါယ်ဘုံသား ၊ အနန္တသတ္တဝါတို့

   ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
   ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
    ဆင်းရဲခပ်သိမ်း  ကင်းငြိမ်းကြပါစေ၊
   နှလုံးစိတ်ဝမ်း  အေးချမ်းကြပါစေ ။
၁၀။ အထက်အရပ်၌ရှိသော ထက်ဝန်းကျင် အနန ္တစကြဝဠာ
     အနန္တနတ်ဗြဟ္မာတို့   ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
     ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
     ဆင်းရဲခပ်သိမ်း  ကင်းငြိမ်းကြပါစေ၊
     နှလုံးစိတ်ဝမ်း  အေးချမ်းကြပါစေ ။

 မေတ္တသုတ်တော်လာ မေတ္တာပွါးပို့နည်း(၁၁)နည်း

၁။ လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ၊
 ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၂။ ကြောက်တတ်မကြောက်တတ်
     နှစ်ရပ်များစွာ သတ္တဝါ     ချမ်းသာကိုယ်စိတ်မြဲပါစေ ၊
 ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၃။မြင်အပ်မမြင်အပ်နှစ်ရပ်များစွာသတ္တဝါ          ချမ်းသာကိုယ်စိတ်မြဲပါစေ ၊
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၄။ ဝေးနေ နီးနေ နှစ်ထွေများစွာ သတ္တဝါ     ချမ်းသာကိုယ်စိတ်မြဲပါစေ ၊
 ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၅။ ဘဝဇာတ်ဆုံး မဆုံးများစွာ သတ္တဝါ          ချမ်းသာကိုယ်စိတ်မြဲပါစေ ၊
 ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၆။ ရှည်တိုအလတ် သုံးရပ်ခန္ဓာ သတ္တဝါ     ချမ်းသာကိုယ်စိတ်မြဲပါစေ ၊
 ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၇။ ကြီးငယ်အလတ် သုံးရပ်ခန္ဓာ သတ္တဝါ     ချမ်းသာကိုယ်စိတ်မြဲပါစေ ၊
 ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၈။ ဆူကြုံအလတ် သုံးရပ်ခန္ဓာ သတ္တဝါ     ချမ်းသာကိုယ်စိတ်မြဲပါစေ ၊
 ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၉။ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
၁၀။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၁၁။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ။

 မေတ္တာပွါးပို့ခြင်း၏အကျိုး (၁၁)မျိုး

မေတ္တာပွါးပို့ခြင်းသည် ဘာဝနာကုသိုလ်ဖြစ်သည်၊ဒါနကုသိုလ်
သီလကုသိုလ်တို့ထက် ပို၍ အကျိုးကြီးမားသည်။ အာရုံစူးစိုက်
၍ပွါးပို့လျှင် သမာဓိတည်လာသည်။
သမာဓိကောင်းလေလေ မေတ္တာ၏ အာနိသင်ထက်မြက်လေလေ
ဖြစ်သည်။ ရန်သူကိုပင် အာရုံစူးစိုက်၍ မေတ္တာပို့နိုင်လျှင် ရန်ပြေငြိမ်း၍ ချစ်ကြည်လာလိမ့်မည်။ 
မေတ္တာသည် နတ်လူများကို ချစ်ခင်စေသော အကောင်းဆုံး ပီယဆေးဖြစ်သည်။

  မေတ္တာပွါးခြင်း၏ အကျိုး(၁၁)မျိုး

အိပ်နိုး ချမ်းသာ၊ကောင်းစွာအိပ်မက်၊ချစ်လျက်လူနတ်၊စောင့်လတ်
နတ်များ၊ မီး ဆိပ် ဓားတို့၊ရှောင်ရှားကိုယ်မှာ၊ လျင်စွာစိတ်တည်၊
ကြည်ရွှင်မျက်နှာ၊သေခါမတွေ၊လားလေဗြဟ္မာ၊ဆယ့်တစ်ဖြာသည်၊
မေတ္တာပွါးမှု အကျိုးတည်း ။
၁။ ချမ်းသာစွာအိပ်ရခြင်း။
၂။ ချမ်းသာစွာ နိုးရခြင်း။
၃။ မကောင်းသောအိပ်မက်များကို မမြင်မက်ရခြင်း။
၄။ လူတို့ချစ်ခင် နှစ်သက်ခြင်း။
၅။ နတ်တို့ချစ်ခင် နှစ်သက်ခြင်း။
၆။ နတ်တို့စောင့်ရှောက်ခြင်း။
၇။ မီး အဆိပ် လက်နက်  မသင့်နိုင်ခြင်း။
၈။ စိတ်လျင်မြန်စွာ တည်ကြည်ခြင်း။
၉။ မျက်နှာရုပ်ဆင်း ကြည်လင်ရွှင်ပျခြင်း။
၁၀။ မတွေမဝေဘဲ သေရခြင်း။
၁၁။ သေသောအခါ ဗြဟ္မာပြည်သို့လားရခြင်းတို့ဖြစ်သည်။

No comments:

Post a Comment