မြန်မာပြက္ခဒိန်

။......ယခုရောက်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။.......ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ.........။......... လည်ပတ်ရောက်လာ ဆွေသဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။ ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ......။..........သျှင်ငြိမ်းချမ်း...........Shin Nyein Chan............shinnyainchann@gmail.com
"မှတ်တမ်းလေးတခုချန်ထားခဲ့ရုံပါပဲ....။ တယောက်ယောက်အတွက် ...တခုခု အကျိုးရှိသွားရင် ကုသိုလ် ရတာပေါ့.....။"

Wednesday, May 29, 2024

ကျင့်ဝတ်များ

 ကျင့်ဝတ်များ

သားသမီးကျင့်ဝတ် ငါးပါး

ကျွေးမွေးမပျက်၊ဆောင်ရွက်စီမံ ၊မွေခံထိုက်စေ၊လှူမျှဝေ၍၊
စောင့်လေ မျိုးနွယ်၊ဝတ်ငါးသွယ်၊ကျင့်ဖွယ်သားတို့တာ။
၁။ မိဘကိုလုပ်ကျွေးခြင်း
၂။ မိဘတို့၏ အမှုကိစ္စများကို ဆောင်ရွက်ခြင်း။
၃။ မိဘစကားကို နားထောင်၍ မိဘအမွေကိုခံထိုက်အောင်နေခြင်း၊
    မိဘစကား နားမထောင်ငြား၊ အမွေစား မဖြစ်ထိုက်ပါ။
၄။ မိဘတို့ ကွယ်လွန်သောအခါ မိဘတို့အတွက် ရည်စူး၍ 
ကုသိုလ် ပြုလုပ်ပြီး အမျှပေးဝေခြင်း။
၅။ မိဘတို့၏ အမျိုးအနွယ် လူမျိုး ဘာသာ သာသနာကို 
စောင့် ရှောက် ထိန်းသိမ်းခြင်း။


မိဘ ကျင့်ဝတ် ငါးပါး

မကောင်းမေတ္တာ ၊ ကောင်းရာညွန်လတ်၊ အတတ်သင်စေ၊
ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ဝတ်ငါးအင် ဖခင်မေတို့တာ။
၁။ မကောင်းမှုများကို သားသမီးတို့မပြုရန် တားမြစ်ခြင်း။
၂။ ကောင်းသောအကြံ မှန်သောစကား အကျိုးများသော အလုပ်ကို 
  ကြံစည်ပြောဆို လုပ်ကိုင်တတ်ရန် ညွန်ကြားခြင်း။
၃။ အတတ်ပညာ ညွန်ကြားပေးခြင်း။
၄။ ရင်းနှီးလုပ်ကိုင်နိုင်ရန် ငွေပေးဝေခြင်း။
၅။ အရွယ်ရောက်လျှင် လက်ထပ်ထိမ်းမြားပေးခြင်း။


တပည့်ကျင့်ဝတ် ငါးပါး

ညီညာထကြွ၊ ဆုံးမနာယူ လာမူကြိုဆီး ထံနီး လုပ်ကျွေး
သင်တွေးအံရွှတ် ည့်ဝတ်  မချွတ် ငါးခုသာ။
၁။ဆရာသင်ကြားဆုံးမသမျှကို လေးစားစွာ နာယူမှတ်သားခြင်း
၂။ဆရာလာသောအခါ ညီညီညာညာ မတ်တပ်ရပ်၍ ခရီးဦးကြိုဆိုခြင်း၊
၃။ ဆရာထံပါး ဆည်းကပ်ခစားခြင်း(ထံနီး)
၄။ ဆရာ၏ ပြုဖွယ်ကိစ္စများကို ပြုလုပ်ပေးခြင်း(လုပ်ကျွေး)၊
၅။ ဆရာသင်ပြပြီးသော သင်ခန်းစာများကို ကြံစည်”တွေးတော`
    သင်အံ`လေ့ကျက် နှုတ်တက်ရအောင် ရွတ်ဆိုခြင်း။


 ဆရာ့ကျင့်ဝတ် ငါးပါး

၁။ အတတ်လည်းသင် ၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ
   သင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ ဝတ်ငါးဖြာ။
၁။ အသိပညာ အတတ်ပညာများကို သင်ကြားပြသပေးခြင်း၊
၂။ လိမ္မာယဉ်ကျေးအောင် ပြုပြင်  ဆုံးမ တည့်မတ်ပေးခြင်း၊
၃။ မိမိတတ်သိသမျှကို အကြွင်းမရှိ သင်ကြားပေးခြင်း၊
၄။ တပည့်များ ဘေးရန်ကင်းရှင်းအောင် ကြိုတင်တားဆီးကာ
   ကွယ်ပေးခြင်း၊
၅။ မိမိထက်ပို၍ သင်ပြပေးနိုင်မည့် ဆရာကောင်းထံ အပ်နှံပေး
   ခြင်း၊ပညာတတ်ပြီးသူများကို သင့်ရာအလုပ်ဌာန၌ ဆက်သွယ် အပ်နှံပေးခြင်း။


 လင်ကျင့်ဝတ် ငါးပါး

မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ ၊ မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်၊
မြတ်နိုးကြင်၊ ငါးအင် လင်ကျင့်ရာ။
၁။ မိမိဇနီးအား မထီလေးစားမပြုခြင်း၊
၂။ မိမိရှာဖွေရသမျှ ဥစ္စာများကို ပေးအပ်ခြင်း၊
၃။ အခြားမိန်းမများနှင့် ဖေါက်ပြားကျူးလွန်မှု မရှိခြင်း
၄။ အဝတ်အစားများကို ဝယ်ခြမ်းဆင်ယင်ပေးခြင်း၊
၅။ မြတ်နိုးကြင်နာခြင်း။


မယားကျင့်ဝတ် ငါးပါး

အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာ ကြဉ်ရှောင်၊
လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ဝတ်ငါးဆူ အိမ်သူကျင့်အပ်စွာ။
၁။ အိမ်တွင်းအမှုလုပ်ငန်းများကို လုပ်ကိုင်စီမံခြင်း၊
၂။ ခင်ပွန်းအပ်နှံသော ဥစ္စာပစ္စည်းများကို စနစ်တကျ သေသေချာ
   ချာ သိမ်းဆည်းထားခြင်း၊
၃။ မိမိလင်မှ တစ်ပါး အခြားယောကျ်ားများနှင့် မဖေါက်ပြန် မ မှား
   ယွင်းခြင်း၊
၄။ မိမိဘက်ဆွေမျိုး ၊လင်ဘက်ဆွေမျိုးများကို မျှမျှတတ ဝေငှပေး
   ကမ်းခြင်း၊
၅။ လုပ်ငန်းကိစ္စများ ဆောင်ရွက်ရန်မပျင်းရိဘဲလုံ့လဝီရိယရှိခြင်း။


မိတ်ဆွေကျင့်ဝတ် ငါးပါး

ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွါးဆောင်ရွက်၊
နှတ်မြွက်ချိုသာ၊သစ္စာမှန်စေ၊ဝတ်ငါးထွေ၊ကျင့်လေမိတ်သဟာ။
၁။ မိမိတတ်နိုင်သလောက် ပေးကမ်းထောက်ပံ့ခြင်း၊
၂။ ကိုယ်နှင့်တန်းတူထား၍ ဆက်ဆံခြင်း၊
၃။ နှစ်ဦးနှစ်ဝ အကျိုးရှိရန် စီးပွါးရေးလုပ်ငန်းများကို လုပ်ကိုင်ခြင်း၊
၄။ စိတ်ကောင်းထား၍ ချိုသာပြေပြစ်စွာ ပြောဆိုခြင်း၊
၅။ ကတိသစ္စာတည်ကြည်စွာဖြင့်ဆက်ဆံလုပ်ကိုင်ခြင်း။


အလုပ်ရှင် ကျင့်ဝတ် ငါးပါး

   ၀စွာကျွေးမွေး၊ပြုရေးစီရင်၊ နာလျှင် ကုစေ၊ငှဝေ ရသာ၊
အခါကိုလွှတ်၊အရှင်ဝတ်၊ မချွတ်ငါးခုသာ။
၁။ မိမိ၏ အလုပ်သမားများကို ၀လင်စွာကျွေးမွေးခြင်း၊
၂။ လုပ်အားနှင့် လုပ်ငန်း သင့်လျှော်အောင်စီစဉ်၍ သင့်လျှော်
   သော အချိန်၌ လုပ်ကိုင်စေခြင်း၊
၃။ ဖျားနာလျှင် ဆေးကုသပေးခြင်း၊
၄။ ကောင်းမွန်သော အစားအစာများကို ဝေငှပေးခြင်း၊
၅။ နေ့ကြီး ရက်ကြီး အခါကြီးများ၌ မခိုင်းစေဘဲ အနားပေးခြင်း။


 အလုပ်သမား ကျင့်ဝတ် ငါးပါး

အိပ်သော်နောက်ကျ၊ ထသော်ကားရှေး၊ ပေးမှယူအပ်၊
စေ့စပ်ဆောင်ရွက်၊ကျေးဇူးမြွက်၊ငါးချက် ကျွန်ကျင့်ရာ။
၁။ အလုပ်ရှင်ထက် နောက်ကျ၍ အိပ်ခြင်း၊
၂။ အလုပ်ရှင်ထက် စော၍ ထခြင်း၊
၃။ အလုပ်ရှင်ပေးကမ်းမှ ယူခြင်း၊
၄။ မခိုမကပ်ဘဲ စေတနာထား၍ စေ့စေ့စပ်စပ် ဆောင်ရွက်ခြင်း၊
၅။ အလုပ်ရှင်၏ ဂုဏ်ကျေးဇူးကို ပြောဆိုခြင်း။


 နာယက ကျင့်ဝတ် ခြောက်ပါး

ထကြွ နိုးကြား ၊သနား သည်းခံ၊ဝေဖန်ကြည့်ရှု၊
ဤခြောက်ခု၊ ကြီးသူ့ကျင့်အပ်စွာ။
၁။ ငယ်သားများထက် ပို၍လုံ့လဝီရိယရှိခြင်း၊
၂။ ရှေ့ဆောင်ရှေ့ရွက် ပြုလုပ်နိုင်ရန် နိုးနိုးကြားကြား တက်တက်
     ကြွကြွ ရှိခြင်း၊
၃။ လက်အောက်ငယ်သားများကို သနားကြင်နာခြင်း၊
၄။ ငယ်သားများ မှားယွင်းလျှင် သည်းခံခွင့်လွှတ်ခြင်း၊
၅။ အရာရာကို ဝေဖန် ချင့်ချိန်၍ ဆောင်ရွက်ခြင်း၊
၆။ အရာရာကို ဉာဏ်ပညာဖြင့် ကြည့်ရှုဆင်ခြင်ခြင်း။

ဆောင်ပုဒ်
       ဂဏန်း ပုပ်သင်၊ ကိုင်းပင် နွားသိုး
       လိပ်မျိုး ခွေးအ၊   ဤခြောက်ဝ
       နာယက မတင်ထိုက်။

No comments:

Post a Comment