သီပေါမင်း၏ နောက်ဆုံးဓာတ်ပုံ
မြန်မာဘုရင် သီပေါမင်း၏ နောက်ဆုံးဓာတ်ပုံဟု သိရသည်။ ၁၉၁၄ ခုနှစ် မတ်လ ၅ ရက်နေ့ ရတနာဂီရိမြို့၌
သမီးတော် မင်းသမီး ၄ ပါး၏ နားထွင်းမင်္ဂလာပွဲ အခမ်းအနား ပြုလုပ်နေစဉ် ရိုက်ကူးထားခြင်းဖြစ်သည်။
ထိုအခမ်းအနားသို့ မန္တလေးမြို့မှ အနုပညာရှင် အမြောက်အမြား သာမက ပုဏ္ဏား၊ နန်းတွင်းအမှုထမ်းများ၊ ဝက်မစွတ်ဝန်ထောက် အပါအဝင် ဝန်ကြီးဟောင်းများ တက်ရောက်ခွင့် ရခဲ့သည်။ နောင် ၂ နှစ်ပင် မပြည့်မီပင် ကျန်းမာရေး ချို့တဲ့နေပြီ ဖြစ်သော နန်းကျဘုရင် သီပေါမင်းသည် အသက် ၅၇ နှစ် အရွယ်တွင် ကံကုန်တော်မူလေသည်။
No comments:
Post a Comment