မြန်မာပြက္ခဒိန်

။......ယခုရောက်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။.......ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ.........။......... လည်ပတ်ရောက်လာ ဆွေသဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။ ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ......။..........သျှင်ငြိမ်းချမ်း...........Shin Nyein Chan............shinnyainchann@gmail.com
"မှတ်တမ်းလေးတခုချန်ထားခဲ့ရုံပါပဲ....။ တယောက်ယောက်အတွက် ...တခုခု အကျိုးရှိသွားရင် ကုသိုလ် ရတာပေါ့.....။"

Wednesday, May 29, 2024

သံဃာဂုဏ်တော်(၉)ပါး နှင့် အဓိပ္ပါယ်

သံဃာဂုဏ်တော်(၉)ပါး နှင့် အဓိပ္ပါယ် 

သံဃာဂုဏ်တော်(၉)ပါး ပါဠိ

၁။ သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော။
၂။ ဥဇုပ္ပဋိ ပန္နော ဘဂဝတော သာဝက သံဃော။
၃။ ဉာယပ္ပဋိ ပန္နော ဘဂဝတော သာဝကသံဃော။
၄။သာမီစိပ္ပဋိ ပန္နော ဘဂဝတော သာဝက သံဃော။
ယဒိတံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသ ပုဂ္ဂလာ ၊ဧသာ ဘဂဝတော သာဝက သံဃော။
၅။ အာဟုနေယျော။
၆။ ပါဟုနေယျော။
၇။ ဒက္ခိဏေယျော။
၈။အဥ္ဇလီ ကရဏီယော။
၉။ အနုတ္တရံ ပုညခေတ္တံ လောကဿာတိ။
  သံဃာဂုဏ်တော်၏ အနက်အဓိပ္ပါယ်
၁။ ဘဂဝတော-မြတ်စွာဘုရား၏ ။ သာဝကသံဃော- သီလဝန် ဂုဏဝန်
ပညာဝန်၊ကလျာဏပုထုဇဉ် အရှင်မွန် အရှင်မြတ်တို့နှင့်တကွ ပရမတ္ထသံဃာ အရိယာရှစ်ပါး တပည့်သား သံဃာတော်မြတ်အပေါင်းသည်။
သုပ္ပဋိပန္နော- အဓိသီလ အဓိစိတ္တ အဓိပညာ သိက္ခာသုံးရပ် လွန်ကောင်းမြတ်သော ပဋိပါတ်ဂုဏ်နှင့်လည်း ပြည့်စုံတော်မူ၏။
၂။ ဘဂဝတော-မြတ်စွာဘုရား၏။ သာဝကသံဃော- သီလဝန်
ဂုဏဝန် ပညာဝန်၊ကလျာဏပုထုဇဉ် အရှင်မွန် အရှင်မြတ်တို့နှင့်တကွ ပရမတ္ထသံဃာ အရိယာရှစ်ပါး တပည့်သား သံဃာတော်မြတ်အပေါင်းသည်။ ဥဇုပ္ပဋိပန္နော- အဓိသီလ အဓိစိတ္တ အဓိပညာ သိက္ခာသုံးရပ် လွန်ဖြောင့်မတ်သော ပဋိပါတ်ဂုဏ်နှင့်လည်း ပြည့်စုံတော်မူ၏ ။
၃။ ဘဂဝတော-မြတ်စွာဘုရား၏။ သာဝကသံဃော- သီလဝန်
ဂုဏဝန် ပညာဝန်၊ကလျာဏပုထုဇဉ် အရှင်မွန် အရှင်မြတ်တို့နှင့်တကွ ပရမတ္ထသံဃာ အရိယာရှစ်ပါး တပည့်သား သံဃာတော်မြတ်အပေါင်းသည်။ ဉာယပ္ပဋိပန္နော-
အဓိသီလ အဓိစိတ္တ အဓိပညာ သိက္ခာသုံးရပ် လွန်သင့်မြတ်သော ပဋိပါတ်ဂုဏ်နှင့်လည်း ပြည့်စုံတော်မူ၏ ။
၄။ ဘဂဝတော-မြတ်စွာဘုရား၏။ သာဝကသံဃော- သီလဝန်
ဂုဏဝန် ပညာဝန်၊ကလျာဏပုထုဇဉ် အရှင်မွန် အရှင်မြတ်တို့နှင့်တကွ ပရမတ္ထသံဃာ အရိယာရှစ်ပါး တပည့်သား သံဃာတော်မြတ်အပေါင်းသည်။ သာမီစိပ္ပဋိပန္နော-
အဓိသီလ အဓိစိတ္တ အဓိပညာ သိက္ခာသုံးရပ် ရိုသေအပ်သော ပဋိပါတ်ဂုဏ်နှင့်လည်း ပြည့်စုံတော်မူ၏ ။
ယဒိဒံ=ယာနိ ဣမာနိ စတ္တာရိ ပုရိသယုဂါနိ=အကြင်လေးပါးသောယောက်ျားမြတ်အစုံတို့သည်၊
သန္တိ-ရှိကြကုန်၏။ ယဒိဒံ- ယေဣမေ အဋ္ဌပုရိသပုဂ္ဂလာ-အကြင်ရှစ်ပါးသော ယောကျ်ားမြတ်တို့သည်။ သန္တိ-ရှိကြကုန်၏။
၅။ ဘဂဝတော-မြတ်စွာဘုရား၏၊ ဧသ-ဧသော သာဝကသံဃော-
ဤလေးစုံ ရှစ်ပါး တပည့်သား သံဃာတော်မြတ် အပေါင်းသည်။
အာဟုနေယျော- အဂန္တုအား ရည်ရွယ်ထားသော အလှူဝတ္ထုမျိုးကို ခံယူခြင်းငှါ ထိုက်တန်စွာသော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်နှင့်လည်း ပြည့်စုံတော်မူ၏ ။
၆။ ပါဟုနေယျော= လက်ဆောင်အလို့ငှါ ယူ၍လာသော  လှူဝတ္ထုမျိုးကို ခံယူခြင်းငှါ ထိုက်တန်စွာသော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်နှင့်လည်း ပြည့်စုံတော်မူ၏ ။
၇။ဒက္ခိဏေယျော= နောက်နောက်ဘဝ အကျိုးရဖို့မျိုးချတုံလတ် မြတ်သောအလှူ ၀တ္ထုမျိုးကို ခံယူခြင်းငှါ ထိုက်တန်စွာသော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် နှင့်လည်း ပြည့်စုံတော်မူ၏ ။
၈။ အဥ္ဇလီ ကရဏီယျော= လူ မင်း နတ်မင်း ဗြဟ္မာမင်းတို့၏
လက်အုပ်ချီခြင်းကို ခံယူထိုက်သော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် တို့နှင့်လည်း ပြည့်စုံတော်မူ၏ ။
၉။ လောကဿ- လူအပေါင်း၏၊ အနုတ္တရံ- အတုမရှိမြင့်မြတ်သော ၊ပုညခေတ္တံ-ကုသိုလ်မျိုးကို စိုက်ပျိုးချရာ လယ်ယာမြေကောင်းသဖွယ်လည်းဖြစ်တော်မူ၏ ။ တံ = သုပ္ပဋိပန္နတာအစ ပုညခေတ္တံ အဆုံး ဘဝဂ်ချုန်းမျှ ဘုန်းရှိန်ကြီးမား ဂုဏ်ကိုးပါးနှင့် ပြည့်စုံတော်မူသော သံဃာတော်မြတ် အပေါင်းကို။ အဟံ- ခန္ဓာ အာယတန ဓါတ်စုမျှကို ကာယသမုတ် အကျွနှ်ပ်သည်။ ၀န္ဒာမိ-သဒ္ဓါစိတ်ဇော အာရုံပြော၍ မနောဝစီ ကာယညီလျှက် ဦးချီးလက်မိုး ကြာငုံဖြိုးသို့ ရှိုခိုးပါ၏ဘုရား။
            သံဃာဂုဏ်တော် လိုရင်း အဓိပ္ပါယ်
၁။ သုပ္ပဋိပန္နဂုဏ်တော်= = အလွန်ကောင်းမြတ်သော ပဋိပတ်အကျင့်နှင့် ပြည့်စုံသောဂုဏ်။
၂။ ဥဇုပ္ပဋိပန္နဂုဏ်တော်= =အလွန်ဖြောင့်မတ်သော ပဋိပတ်အကျင့်နှင့် ပြည့်စုံသောဂုဏ်။
၃။ဉာယပ္ပဋိပန္နဂုဏ်တော်= =နိဗ္ဗာန်ရောက်ရန် သင်မြတ်သောအကျင့်နှင့် ပြည့်စုံသောဂုဏ်။
၄။သာမီစိပ္ပဋိပန္နဂုဏ်တော်= =ရိုသေထိုက်သော ပဋိပတ်အကျင့်နှင့် ပြည့်စုံသောဂုဏ်။
၅။အာဟုနေယျ ဂုဏ်တော်= = အဝေးက ဆောင်ယူလာသောအလှူဝတ္ထုကို ခံယူထိုက်သောဂုဏ်။
၆။ပါဟုနေယျ ဂုဏ်တော်= =ဧည့်သည်အတွက် စီမံထားသော
အလှူဝတ္ထုကို  ခံယူထိုက်သောဂုဏ်။
ရ။ဒက္ခိဏေယျဂုဏ်တော်= =နောင်ဘဝအကျိုးရဖို့ရန် ရည်သန်သော အလှူကို ခံယူထိုက်သောဂုဏ်။
၈။အဥ္ဇလီ ကရဏီယျဂုဏ်တော်= = လက်အုပ်ချီမိုး ရှိခိုးထိုက်သောဂုဏ်။
၉။အနုတ္တရံ ပုညခေတ္တ ဂုဏ်တော်= =ကုသိုလ်မျိုးကို စိုက်ပျိုးချရာ လယ်ယာမြေကောင်းနှင့် တူသောဂုဏ်။
          သံဃာဂုဏ်တော် ကဗျာ
သံဃာဂုဏ်တော် သေချာမှတ်ဖို့၊ကဗျာစပ်လို့ ဆိုကြမယ်။
၁။ကောင်းကောင်းမှန်မှန် ကျင့်ကြံတတ်တဲ့၊ဘုရားသားတော်ဖြစ်ပါတယ်။
၂။ ဖြောင့်ဖြောင့် ညီညီ ကျုင့်ကြံတတ်တဲ့၊ ဘုရားသားတော် ဖြစ်ပါတယ်။
၃။နိဗ္ဗာန်ရည်သန် ကျင့်ကြံတတ်တဲ့၊ဘုရားသားတော်ဖြစ်ပါတယ်။
၄။ရိုသေထိုက်ရန် ကျင့်ကြံကြတဲ့၊ဘုရားသားတော်ဖြစ်ပါတယ်။
• မဂ် ဖိုလ်လေးစုံ ရှစ်စုံပြားတဲ့၊ဘုရားသားတော် အရိယာကွယ်။
၅။ရပ်ဝေးသည်လာ ဥစ္စာများကို၊ ဦးဦးဖျားဖျား ခံထိုက်တယ်။
၆။ဧည့်သည်ဖို့ရာ ဥစ္စာများကို၊ ဦးဦးဖျားဖျား ခံထိုက်တယ်။
၇။ နောင်ဖို့လှူရာ ဥစ္စာများကို ၊ဦးဦးဖျားဖျား ခံထိုက်တယ်။
၈။လက်အုပ်ချီမိုး ရှိခိုးအထူးကို၊ဦးဦးဖျားဖျား ခံထိုက်တယ်။
၉။လူနတ်ဗြဟ္မာ ကောင်းမှုမျိုးကို၊ အပျိုးထိုက်ဆုံး ယာမြေလယ်။
သံဃာ့ဂုဏ်တော် ကိုးဖြာပဲကွယ်၊အသဲစွဲအောင် မှတ်ကြကွယ်။
မှတ်ကွယ်……မှတ်ကွယ် ။
        သံဃာဂုဏ်တော်ပွါးများရခြင်းအကျိုး
၁။ ကိလေမနှောင့် ။   ၂။ စိတ်စဉ်ဖြောင့်၏။
၃။ ဘုန်းခေါင်သံဃာ   ၄။ သဒ္ဓါစွေ၍
၅။ နှစ်ထွေပီတိ   ၆။ သည်းခံချိ၏
၇။ ပြုဘိ သမုတ်၊ဥပုသ်သိမ်ပမာ။
၈။ သံဃာနှင့်နေ    ၉ ။   ထင်ပေ ဟိရောတ်
၁၀။ စိတ်ညွတ်သံဃ  ၁၁။ မဂ် မရလည်း ရောက်ထနတ်ရွာ
ကောင်းကျိုးလာသည် သံဃာဂုဏ်တော် ပွါးကျိုးတည်း။

No comments:

Post a Comment