လူမိုက်ကြီး (၁၀)ယောက်
တစ်ခါတုန်းက ဘုရင်ကြီးတစ်ပါးသည် အမတ်ကြီးအား လူမိုက်ကြီး (၁၀)ယောက် ရှာဖွေ၍ စာရင်းကောက်ခဲ့ရန် တာဝန်ပေးလိုက်သည်။ အမတ်ကြီးလည်း တာဝန်ပေးချက်အရ တပည့်တပန်းခေါ်ယူကာရုပ်ဖျက်လျက် စာရင်းကောက်ရန် ခရီးထွက်ခဲ့သည်။
အမတ်ကြီးသ ည် ခရီးထွက်ခွာလာရာ မြစ်တစ်ခု သို့ရောက်လာ၏။ လူတစ်ယောက်သည် မြစ်ထဲမှရေများကို ခပ်ထုတ်နေသည်ကို တွေ့ရ၏။ ဘာကြောင့် ခပ်ထုတ်နေသည်ကို သိချင်လာ၍ အကြောင်းစုံကိုမေး မြန်းကြည့်သည် ။
"ရွာထဲက ကျွန်တော်ကြိုက် နေတဲ့ ကွမ်းတောင်ကိုင် အလှအပလေးက မြစ်ထဲကရေတွေ ကုန်အောင်ခပ်ထုတ် နိုင်ရင် ကျွန်တော်ကို လက်ထပ်မယ်တဲ့။ အဲဒါ သူအချစ်ကို ရအောင်ကြိုးပမ်း နေရတာဗျ။"
"ရွာထဲက ကျွန်တော်ကြိုက်
အမတ်ကြီးလည်း
အင်းတော်တော် မိုက်မဲတဲ့လူပေပဲ ။ ထိုသူနံမည် ကိုမေးမြန်း၍ လူမိုက်နံပါတ်(၁ )အဖြစ် စာရင်းမှတ်လိုက်လေ၏။
ထိုမြစ်ကြောင်းအ တိုင်း ဆက်လက်ထွက်ခွာလာ ရာ လူတစ်ယောက်သည် မြစ်ထဲသို့ ခေါက်ခေါက်အခါခါ လှော်နေသည်ကို တွေ့ရပြန်သည်။ အမတ်ကြီးက အကြောင်းအရင်း ကိုမေးမြန်းလေ၏။
"ကျူပ်သူငယ်ချင် းပေါ့ မနေ့က ကျူပ်နွားကိုငှားပြီး တစ်နေကုန် ခိုင်းလိုက်တာ နွားက ဖတ်ဖတ်ကိုမောလို့ ကျူပ်ကလဲဘယ်ရမလဲ သူ့ လှေကိုငှားပြီး တစ်နေ့လုံး အားရပါးရလှော်ပြီး လက်စားချေနေတာလေ "
ထိုမြစ်ကြောင်းအ
"ကျူပ်သူငယ်ချင်
အမတ်ကြီးလည်း အံ့သြစွာဖြင့်ထိုသူ၏ နာမည်ကိုမေးပြီး လူမိုက်နံပါတ် (၂ )အဖြစ် စာရင်းမှတ်လိုက် လေသည်။
ထိုနောက်ဆက်လက်ထွက်ခွာလာခဲ့ရာ သစ်ပင်ပေါ်၌ထိုင်နေသောလူတစ်ယောက်ကိုတွေ့၏။ သစ်ခုတ်သမားက ထိုသစ်ပင်ကိုခုတ်လှဲနေ၏။ "ဟေ့လူ သစ်ပင်ပေါ်က ဆင်းလေဗျာ သစ်ပင်ခုတ်လဲနေတ ယ်" "ကျွန်တော် သစ်ပင်ပေါ်တက်တာ မဆင်းတတ်လို့ တွေ့တဲ့သစ်ခုတ်သ မားပြောပြီး သစ်ပင်လှဲခိုင်း နေတာပါ။ သစ်ပင်လဲမှ ကျွန်တော် လွယ်လွယ်ကူကူ အောက်ရောက်နိုင် မှာပါ။"
ထိုနောက်ဆက်လက်ထွက်ခွာလာခဲ့ရာ သစ်ပင်ပေါ်၌ထိုင်နေသောလူတစ်ယောက်ကိုတွေ့၏။ သစ်ခုတ်သမားက ထိုသစ်ပင်ကိုခုတ်လှဲနေ၏။ "ဟေ့လူ သစ်ပင်ပေါ်က ဆင်းလေဗျာ သစ်ပင်ခုတ်လဲနေတ
အမတ်ကြီးလ ည်း အံ့သြသွားပြီး တပည့်များကို ဒီလူကိုလဲနာမည်မေးပြီး လူမိုက် နံပါတ်(၃) အဖြစ်စာရင်းမှတ်ခိုင်း လိုက်လေသည်။
ဤသို့ဖြင့် ဆက်လက်ထွက်ခွာလာ ခဲ့ရာ တောစပ်တစ်နေရာအေ ရာက်တွင် လူတစ်ယောက်သည် ဓားမကိုကိုင်လျှ က် တွင်းဝတစ်ခုတွင် ထိုင် နေလေသည်။
"ဟေ့လူ ခင်ဗျား တွင်းဝထိုင်ပြီး ဘာလုပ်နေတာလဲ" "ကျွန်တော် မြေကြွက်တစ်ကောင် လိုက်ဖမ်းနေတာပါ ။ အခုတွင်းထဲဝင်သွားလို့ပါ။ ကြွက်ထွက်လာအောင်စောင့်နေတာပါ။ ထွက်လာလို့ကတော့ ဟောဒီဓားနဲ့ခုတ် သတ်ဖို့ပါပဲ။"
"ဟေ့လူ ခင်ဗျား တွင်းဝထိုင်ပြီး
"မထွက်လာရင်ကောဗျာ" "ထွက်လာမှာပါဗျာ ၊ ကြွက်ကတွင်းထဲမှာ ကြာကြာဘယ်နေနိုင်ပါ့မလဲ၊ သူနေရ ထိုင်ရကြပ်လို့ ထွက်လာရင်တော့ အသိပဲ၊ ကျွန်တော် ကမြေကြွက်သားအရမ်း ကြိုက်တယ်လေ။"
အမတ်ကြီးလ ည်း ထိုသူအားနံမည်မေးပြီး လူမိုက်နံပါတ် (၄)အဖြစ် မှတ်ခိုင်းလိုက်လေသည်။
အမတ်ကြီးလ
လူမိုက်စာရင်း ကောက်ရန်ဆက်လက်ထွက်ခွာလာရာ ရွာတစ်ရွာသို့ရောက်ကြလေသည်။
ရွာအဝင်လမ်းတွင် လူတစ်ယောက် လက်နှစ်ဖက်မြှောက်လျက် ဖင်ထိုင်လျက်လဲနေသည်ကို တွေ့ရ၏။
ရွာအဝင်လမ်းတွင်
"ဟေ့လူ ထလေဗျာ၊ ဘာဖြစ်လို့လဲ၊ ခြေထောက် နာသွားလို့ မထနိုင်ဘူးလား၊ ကျွန်တော် ထူပေးမယ် ဟုပြောပြောဆိုဆိုနှင့် ထိုလူလက်နှစ်ဖက် ကို ကိုင်လိုက်ရာ" "အား မကိုင်နဲ့ မကိုင်နဲ့။ ကျွန်တော့်ကိုထူ ရင် ချိုင်းကမပြီး ထူပေး" ဟုပြောလေ၏။
အမတ်ကြီး တပည့်လ ည်း ထိုလူပြောသည့်အတိုင်း ချိုင်းကမပြီးထူ ပေးလိုက်လေ၏။ သို့သော် လက်နှစ်ဖက်က မြောက်မြဲအတိုင်းမြောက်နေ၏။ "ခင်ဗျားလက်နှစ် ဖက်က ချလို့မရဘူးလား အကြောကပ်နေတာလား ။" "မဟုတ်ဘူး၊ ကျွန်တော် သေတ္တာဝယ်မလို့ မြို့ပေါ်တတ်လာတာ ၊ အဲဒါအိမ်က သေတ္တာအဟောင်းအတိုင်း ကို လက်နှစ်ဖက်နဲ့ တိုင်းလာခဲ့တာ၊ မတော်တဆ ချော်လဲပြီး မိတ်ဆွေရောက်လာပြီး ထူပေးတာ ကျေးဇူးတင်ပါတယ် ။"
အမတ်ကြီးလ ည်း ထိုသူနံမည်မေး၍ လူမိုက်နံပါတ် (၅)အဖြစ် မှတ်လိုက် ပြီး း ရွာထဲသို့ဝင်လေ၏။
ရွာလမ်းမကြီးတွင် လူနှစ်ယောက်ငြင်းခုန်နေသည်ကိုတွေ့ ရ၍ အကြောင်းစုံကိုမေးကြည့်၏။ "ကျွန်တော် ကပြောတယ်၊ ငွေထုပ်ကောက်ရရင် ခရီးကအတူတူ ထွက်လာတာမို့ တစ်ယောက်တစ်ဝက် ပိုင်သင့်တယ်လို့" "မဟုတ်ဘူး မဟုတ်ဘူး ငွေထုပ်ကို အရင်တွေ့တဲ့လူက ပိုပြီးရသင့်တာပေါ့၊ မဟုတ်ဘူးလားဗျာ" "နေပါဦး ခင်ဗျားတို့က အဲဒီငွေထုပ်ကို ကောက်ရထားလို့လား" "မကောက်ရပါဘူးဗျာ၊ ကောက်ရခဲ့ရင် ဆိုပြီး ငြင်းခုန်နေကြတာ ပါ"
အမတ်ကြီးလ ည်း ထိုသူနှစ်ယောက်၏ နံမည်များမေးပြီး လူမိုက်နံပါတ်(၆) နှင့် လူမိုက်နံပါတ်(၇ ) ဟုစာရင်းသွင်းခိုင်းလိုက်၏။
အမတ်ကြီး တပည့်လ
အမတ်ကြီးလ
ရွာလမ်းမကြီးတွင် လူနှစ်ယောက်ငြင်းခုန်နေသည်ကိုတွေ့ ရ၍ အကြောင်းစုံကိုမေးကြည့်၏။ "ကျွန်တော် ကပြောတယ်၊ ငွေထုပ်ကောက်ရရင် ခရီးကအတူတူ ထွက်လာတာမို့ တစ်ယောက်တစ်ဝက် ပိုင်သင့်တယ်လို့" "မဟုတ်ဘူး မဟုတ်ဘူး ငွေထုပ်ကို အရင်တွေ့တဲ့လူက ပိုပြီးရသင့်တာပေါ့၊ မဟုတ်ဘူးလားဗျာ"
အမတ်ကြီးလ
ထိုနောက် အမတ်ကြီးလ ည်း အကြောင်းအရာ အဖြစ်အပျက်များနှင့် တကွလူမိုက် (၇)ဦး၏ နာမည်စာရင်းများ ကို
ဘုရင်ကြီးထံ ပေးအပ်လိုက် လေ၏။
ဘုရင်ကြီးလည်း အမတ်ကြီးတင်ပြသော စာရင်းအားကြည့်၍ "ငါကောက်ခိုင်းတာက ဆယ်ဦးကွ၊ မင်းကောက်ခဲ့တာ ခုနှစ်ဦးပဲရှိသေးတယ်၊ သုံးဦးလိုသေးတာ ပဲ။"
"ဆယ်ဦးပြည့်ပါတ ယ် မင်းကြီးဘုရား... ကျန်တဲ့ သုံးဦးက ၊ ဘာမှ အရည်မရအဖတ်မရ လူမိုက်စာရင်းကောက်ခိုင်းတဲ့ ဘုရင်မင်းကြီးနဲ့ လူမိုက်စာရင်း လိုက်ကောက်တဲ့ ကျွန်တော်မျိုးရယ်၊ ဘာမှ အရည်မရအဖတ်မရ ဘာဗဟုသုတမှ မရှိတဲ့ ဒီပိုစ့်ကို ဖတ်တဲ့လူရယ်ပေါင်းလိုက်ရင် ဆယ်ဦးပြည့်ပါတယ်ဘုရားတဲ့ ၊"
စတာနော် စိတ်ဆိုးရဘူး.............
ဘုရင်ကြီးလည်း အမတ်ကြီးတင်ပြသော
"ဆယ်ဦးပြည့်ပါတ
စတာနော် စိတ်ဆိုးရဘူး.............
Credit :
No comments:
Post a Comment