မြန်မာပြက္ခဒိန်

။......ယခုရောက်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။.......ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ.........။......... လည်ပတ်ရောက်လာ ဆွေသဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။ ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ......။..........သျှင်ငြိမ်းချမ်း...........Shin Nyein Chan............shinnyainchann@gmail.com
"မှတ်တမ်းလေးတခုချန်ထားခဲ့ရုံပါပဲ....။ တယောက်ယောက်အတွက် ...တခုခု အကျိုးရှိသွားရင် ကုသိုလ် ရတာပေါ့.....။"

Sunday, June 30, 2024

(၃၁)ဘုံသားတို့၏ ဘုံဌာနနှင့်သက်တမ်းများ

 (၃၁)ဘုံသားတို့၏ ဘုံဌာနနှင့်သက်တမ်းများ

(၃၁)ဘုံသားတို့၏ ဘုံဌာနနှင့်သက်တမ်းများ
*********************************
သတ္တလောကဘုံဌာနအားဖြင့် (၃၁)ဘုံရှိရာတွင်
(၁)ငရဲ၊ ပြိတ္တာ၊ အသူရကာယ် တို့မှာ ပုံသေသတ်မှတ်
ထားသော သက်တမ်းများ မရှိကြ။ မိမိတို့၏
ကံအလျှောက် သက်တမ်း အရှည်အတို ဖြစ်ကြပါသည်။
အကုသိုလ်ကံကြီးမားလျှင် သက်တမ်းရှည်ကြာ
ကြပြီး အကုသိုလ်ကံ နည်းပါးလျှင် သက်တမ်း
တိုကြသည်။
#တိရစ္ဆာန်များလည်း အမျိုးပေါင်း မရေတွက် နိုင်
သောကြောင့် အမျိုးဇာတ်အလိုက် သက်တမ်းများ
ကွာခြားကြပေသည်။
(၂) လူသားတို့၏ သက်တမ်းမှာ
အရှေ့ကျွန်းသားတို့ဧ။်သက်တမ်း(၇၀၀)၊
အနောက်ကျွန်းသား တို့ဧ။်သက်တမ်း(၅၀၀)၊
မြောက်ကျွန်းသားတို့ဧ။်သက်တမ်း (၁၀၀၀) ပုံမှန်ကန့်သတ်ချက် ရှိသော်လည်း 
တောင်ကျွန်းသားတို့မှာ သက်တမ်းပုံသေမရှိဟုဆိုဧ။်။
အသချေင်္ယျတမ်းမှသည် ဆယ်နှစ်တမ်း၊ တစ်ဖန်
ဆယ်နှစ်တန်းမှသည် အသချေင်္ယျတမ်းဟူ၍
ဆုတ်လိုက် တက်လိုက် ဖြစ်နေပါသည်။
(၃) နတ်ပြည်ခြောက်ထပ်တွင် အောက်စတုမဟာရာဇ်
နတ်များဖြစ်ကြသော မြေဘုတ်ဘီလူးနှင့် ဘုမ္မစိုးနတ်
တို့ဧ။်သက်တမ်းများ ပုံသေမရှိကြပေ။ အချို့သော
ဘုမ္မစိုးနတ်တို့သည် ခုနှစ်ရက်မျှသာ အသက်ရှည်ကြပြီး
အချို့မှာ အာယုကပ်ပတ်လုံး အသက်ရှည်ကြ၏။
အထက်စတုမဟာရာဇ် နတ်တို့၏ သက်တမ်းမှာ
နတ်သက်ဖြင့်ရေတွက်လျှင် အနှစ်(၅၀၀) ရှိသည်။
လူတို့၏နှစ်ဖြင့် ရေတွက်လျှင် အနှစ် (၉)သန်း အသက်ရှည်ကြသည်။
စတုမဟာရာဇ် နတ်တို့၏ တစ်ရက်သည် လူတို့၏
အနှစ် (၅၀)နှင့် ညီမျှဧ။်။
(၄) တာဝတိ ံသာ နတ်တို့သည် နတ်သက်အားဖြင့်
အနှစ်(၁၀၀၀)သက်တမ်းရှိ၍ လူတို့၏နှစ်ဖြင့်
ရေတွက်လျှင် နှစ်ပေါင်း သုံးကုဋေနှင့်ခြောက်သန်း
ရှိသည်။
လူတို့၏ အနှစ်(၁၀၀)သည် တာဝတိံသာနတ်တို့၏
တစ်ရက်နှင့်ညီမျှသည်။
(၅) ယာမာနတ်တို့သည် နတ်သက်အားဖြင့်
အနှစ်(၂၀၀၀)သက်တမ်းရှိ၍ လူတို့နှစ်ဖြင့်
ရေတွက်လျှင် နှစ်ပေါင်း (၁၄)ကုဋေနှင့်(၄)သန်း
ရှိသည်။
လူတို့၏အနှစ် (၂၀၀) သည် ယာမာနတ်တို့၏
တစ်ရက်နှင့်ညီမျှ၏။
(၆) တုသိတာနတ်တို့၏သက်တမ်းသည် နတ်သက်
အားဖြင့် အနှစ်(၄၀၀၀)သက်တမ်းရှိ၍ လူတို့၏
နှစ်ဖြင့်ရေတွက်လျှင် နှစ်ပေါင်း (၅၇)ကုဋေနှင့်
(၆)သန်း ရှိသည်။
လူတို့၏ အနှစ်(၄၀၀)သည် တုသိတာ နတ်တို့၏ တစ်ရက်နှင့် ညီမျှ၏။
(၇) နိမ္မာနရတီနတ်တို့သည် နတ်သက်အားဖြင့်
အနှစ်(၈၀၀၀)သက်တမ်းရှိ၍ လူတို့၏နှစ်ဖြင့်
ရေတွက်သော် နှစ်ပေါင်း(၂၃၀)ကုဋေ(၄)သန်းရှိသည်။
လူတို့၏ နှစ်(၈၀၀)သည် နိမ္မာနရတီ နတ်တို့၏ တစ်ရက်နှင့် ညီမျှ၏။
(၈) ပရနိမ္မိတဝသဝတ္တီနတ်တို့သည် နတ်သက်အားဖြင့်
အနှစ်(၁၆၀၀)သက်တမ်းရှိ၍ လူတို့၏ နှစ်ဖြင့်ရေတွက်
လျှင် နှစ်ပေါင်း (၉၂၁)ကုဋေခြောက်သန်း ရှိပါသည်။
လူတို့၏ နှစ်(၁၆၀၀)သည် ပရနိမ္မိတဝသဝတ္တီနတ်တို့၏ တစ်ရက်နှင့်ညီမျှ၏။
..............
(၉) ဗြဟ္မာတို့၏သက်တမ်းများသည် အလွန်ရှည်လျား
ကြ၍ အသချေင်္ယျကပ်၊ မဟာကပ်တို့ဖြင့် တိုင်းတာရ၏။ ထိုကပ်တို့သည်
(၁) အာယုကပ်၊
(၂) အန္တရကပ်၊
(၃) အသချေင်္ယျကပ် ၊
(၄) မဟာကပ်ဟူ ၍ လေးပါး ရှိ၏။
ထိုလေးပါးတို့တွင် သတ္တဝါတို့၏ သက်တမ်းအသီးသီးကို
အာယုကပ်ဟုခေါ်သည်။
လူတို့၏ အသချေင်္ယျတမ်းမှ ဆယ်နှစ်တမ်း၊
ဆယ်နှစ်တန်းမှ အသချေင်္ယျတမ်းအထိ
ရှည်ကြာသောကာလကို အန္တရကပ်တစ်ခုဟုခေါ်၏။
အန္တရကပ် (၆၄)ကပ်သည် အသချေင်္ယျကပ်
တစ်ကပ်နှင့်ညီမျှ၏။
အသချေင်္ယျကပ်(၄)ကပ်သည် မဟာကပ်တစ်ကပ်
(တနည်း) တစ်ကမ္ဘာနှင့်ညီမျှ၏။(ဝါ)အသချေင်္ယျကပ်
(၄)ခုပမာဏကို မဟာကပ်တစ်ခုဟူ၍လည်းကောင်း
တစ်ကမ္ဘာဟူ၍လည်းကောင်း ခေါ်ဆိုသည်။
#အသချေင်္ယျကပ်ကိုလည်း
(က)သံဝဋ္ဋ အသချေင်္ယျကပ်
(ခ)သံဝဋ္ဋဌာယီ အသချေင်္ယျကပ်
(ဂဝိ၀ဋ္ဋ အသချေင်္ယျကပ်
(၄)ဝိ၀ဋ္ဋဌာယီ အသချေင်္ယျကပ်ဟု လေးမျိုးခွဲခြားပြန်၏။
(က) ကမ္ဘာကြီး စ၍ပျက်သည်မှ လုံးဝပျက်သုဉ်း
သွားသည်အထိ အလွန်ရှည်ကြာသော ကမ္ဘာပျက်
ကာလတစ်ခုကို သံဝဋ္ဋအသချေင်္ယျကပ်ဟုခေါ်သည်။
(ခ) ကမ္ဘာကြီးပျက်သုဉ်းပြီး၍ ပျက်ပြီးသည့်အတိုင်း
တည်နေသော အလွန်ရှည်ကြာသော ကာလတစ်ခုကို
သံဝဋ္ဋဌာယီအသချေင်္ယျကပ်ဟုခေါ်သည်။
(ဂ)ကမ္ဘာပြုမိုးစပြီးရွာသည့် အချိန်မှစ၍ ကမ္ဘာကြီး
အပြည့်အစုံ ဖြစ်ပေါ်လာသည်အထိ အလွန်ရှည်ကြာ
သော ကာလတစ်ခုကို ၀ိ၀ဋ္ဋအသချေင်္ယျကပ်ဟု
ခေါ်သည်။
(ဃ)ကမ္ဘာကြီးအပြည့်အစုံဖြစ်ပြီးသည်မှ ထိုအတိုင်း
မပျက်မစီးဘဲတည်၍နေသော အလွန်ရှည်ကြာသော
ကာလတစ်ခုကို ၀ိ၀ဋ္ဋဌာယီအသချေင်္ယျကပ် ဟု
ခေါ်သည်။
ယခုအခါ ကပ်အသီးသီးတို့ဧ။် အတိုင်းတာပမာဏကို
ပြဆိုပြီးပြီဖြစ်၍ ထိုကပ်တို့နှင့် သက်တမ်းတိုင်းတာ
ရသော ဗြဟ္မာတို့၏သက်တမ်းကို ပြဆိုပါမည်။
#ရူပဗြဟ္မာ(၁၆)ဘုံတို့၏သက်တမ်းများ
******************************
#ရူပပဌမစျာန်သုံးဘုံတို့တွင်
#ဗြဟ္မပါရိသဇ္ဇာဗြဟ္မာ တို့သည် အသချေင်္ယျကပ်
တစ်ခုဧ။် သုံးပုံ တစ်ပုံခန့် သက်တမ်းရှည်ကြာကြ၏။
#ဗြဟ္မပုရောဟိတာဗြဟ္မာများသည် အသချေင်္ယျကပ်
တစ်ခုဧ။် ထက်ဝက်ခန့် သက်တမ်းရှည်ကြာကြ၏။
#မဟာဗြဟ္မာများသည် အသချေင်္ယျကပ်တစ်ခုခန့်
သက်တမ်းရှည်ကြာကြ၏။
ဤသုံးဘုံကို ပဌမစျာန်သုံးဘုံဟုခေါ်ဆိုသည်။
............
ရူပဒုတိယစျာန်(၃)ဘုံတို့တွင်
#ပရိတ္တာဘာဗြဟ္မာတို့သက်တမ်းကား မဟာကပ်
(၂)ခု ခေါ် (၂)ကမ္ဘာထိ သက်တမ်းရှည်ကြာ၏။
#အပ္ပမာဏာဘာဗြဟ္မာတို့သက်တမ်းကား မဟာကပ်
(၄)ခုခေါ် (၄)ကမ္ဘာထိ သက်တမ်းရှည်ကြာ၏။
#အာဘဿရာဗြဟ္မာတို့၏သက်တမ်းမှာ မဟာကပ်
(၈)ကပ် ခေါ် (၈)ကမ္ဘာထိ သက်တမ်းရှည်ကြာ၏။
ဤသုံးဘုံကို ဒုတိယစျာန်သုံးဘုံဟုခေါ်သည်။
..............
#ရူပတတိယစျာန်(၃)ဘုံတို့တွင်
#ပရိတ္တသုဘာဗြဟ္မာတို့သက်တမ်းကား မဟာကပ်
(၁၆)ခု ခေါ် (၁၆)ကမ္ဘာထိ သက်တမ်းရှည်ကြာ၏။
#အပ္ပမာဏသုဘာဗြဟ္မာတို့သက်တမ်းကား မဟာကပ်
(၃၂)ခုခေါ် (၃၂)ကမ္ဘာထိ သက်တမ်းရှည်ကြာ၏။
#သုဘကိဏှာဗြဟ္မာတို့၏သက်တမ်းမှာ မဟာကပ်
(၆၄)ကပ် ခေါ် (၆၄)ကမ္ဘာထိ သက်တမ်းရှည်ကြာ၏။
ဤသုံးဘုံကို တတိယစျာန်သုံးဘုံဟုခေါ်သည်။
...............
#ရူပစတုတ္ထစျာန်ဘုံများတွင်
#ဝေဟပ္ဖိုလ်ဗြဟ္မာနှင့် အသညသတ်ဗြဟ္မာတို့၏
သက်တမ်းကား မဟာကပ်(၅၀၀)ခေါ် ကမ္ဘာပေါင်း
(၅၀၀)အထိ သက်တမ်းရှည်ကြာ၏။
စတုတ္ထစျာန်သုဒ္ဓါဝါသ(၅)ဘုံတို့တွင်
#အဝိဟာဗြဟ္မာတို့သက်တမ်းကား မဟာကပ်
တစ်ထောင်ခေါ် ကမ္ဘာပေါင်းတစ်ထောင်အထိ
သက်တမ်းရှည်ကြာ၏။
#အတပ္ပါဗြဟ္မာတို့၏သက်တမ်းမှာ မဟာကပ်
(၂)ထောင် ခေါ်ကမ္ဘာပေါင်း (၂)ထောင်အထိ
သက်တမ်းရှည်ကြာ၏။
#သုဒဿာဗြဟ္မာတို့၏သက်တမ်းမှာ မဟာကပ်
(၄)ထောင် ခေါ်ကမ္ဘာပေါင်း (၄)ထောင်အထိ
သက်တမ်းရှည်ကြာ၏။
#သုဒဿီဗြဟ္မာတို့၏သက်တမ်းမှာ မဟာကပ်
(၈)ထောင် ခေါ်ကမ္ဘာပေါင်း (၈)ထောင်အထိ
သက်တမ်းရှည်ကြာ၏။
#အကနိဌဗြဟ္မာတို့၏သက်တမ်းမှာ မဟာကပ်
တစ်သောင်းခြောက်ထောင် ခေါ်ကမ္ဘာပေါင်း
တစ်သောင်းခြောက်ထောင်ထိ သက်တမ်း
ရှည်ကြာ၏။
.......................
#အရူပဗြဟ္မာ(၄)ဘုံတို့၏သက်တမ်းများ
#အာကာသာန ဉ္စာယတနဗြဟ္မာများသည် မဟာကပ်
နှစ်သောင်းခေါ် ကမ္ဘာပေါင်း နှစ်သောင်းအထိ
သက်တမ်းရှည်ကြာ၏။
#၀ိညာဏ ဉ္စာယတနဗြဟ္မာများသည် မဟာကပ်
လေးသောင်းခေါ် ကမ္ဘာပေါင်း လေးသောင်းအထိ
သက်တမ်းရှည်ကြာ၏။
#အာကိ ဉ္စညာယတနဗြဟ္မာများသည် မဟာကပ်
ခြောက်သောင်းခေါ် ကမ္ဘာပေါင်း ခြောက်သောင်းထိ
သက်တမ်းရှည်ကြာ၏။
#နေဝသညာနာသညာယတနဗြဟ္မာများသည်
မဟာကပ် ရှစ်သောင်းလေးထောင် ခေါ် ကမ္ဘာပေါင်း
ရှစ်သောင်းလေးထောင်အထိ သက်တမ်းရှည်ကြာ၏။
#အနှစ်ချုပ်အားဖြင့်
ပါဏာတိပါတစသော အကုသိုလ်ဒုစရိုက်များပြုလျှင်
ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရကာယ်ဘုံများသို့ ရောက်
ပါမည်။
ဒါန သီလများနှင့် အခြေခံသမထ ဝိပဿနာများကို
ပြုလုပ်ပါက လူပြည်နှင့် နတ်ပြည်(၆)ထပ်ဟူသော
ကာမသုဂတိ(၇)ဘုံသို့ ရောက်ပါမည်။
ရူပ ပထမစျာန်ရသည်ထိ သမထဘာဝနာပွားများပါက
ရူပ ပထမစျာန်သုံးဘုံသို့ ရောက်ပါမည်။
ရူပဒုတိယစျာန်နှင့် တတိယစျာန်ကိုရသည်ထိ
သမထဘာဝနာပွားများပါက ရူပဒုတိယစျာန်
သုံးဘုံသို့ ရောက်ပါမည်။
ရူပစတုတ္ထစျာန်ရသည်ထိ သမထဘာဝနာ
ပွားများပါက ရူပတတိယစျာန်သုံးဘုံသို့
ရောက်ပါမည်။
ရူပပ ဉ္စမစျာန်ရသည်ထိ သမထဘာဝနာ
ပွားများပါက ရူပစတုတ္ထစျာန်ဘုံများထဲမှ
ဝေဟပ္ဖိုလ်ဘုံနှင့် အသညသတ်ဘုံသို့
ရောက်ပါမည်။
အနာဂါမ်ဖြစ်ပြီးသောပုဂ္ဂိုလ်သည် ရူပပ ဉ္စမစျာန်
ရသည်ထိ သမထဘာဝနာပွားများပါက သုဒ္ဓါဝါသ
ငါးဘုံဖြစ်သော အဝိဟာ အတပ္ပါ သုဒဿာ
သုဒဿီ အကနိဌ ဘုံများသို့ရောက်ပါမည်။
အာကာသာန ဉ္စာယတနအရူပစျာန်ကိုရသည်အထိ
သမထဘာဝနာ အားထုတ်ခဲ့လျှင် အာကာသာ
န ဉ္စာယတန အရူပဗြဟ္မာ့ဘုံသို့ ရောက်ပါမည်။
ဝိညာန ဉ္စာယတနအရူပစျာန်ကိုရသည်အထိ
သမထဘာဝနာ အားထုတ်ခဲ့လျှင် ဝိညာဏ ဉ္စာ-
ယတန အရူပဗြဟ္မာ့ဘုံသို့ ရောက်ပါမည်။
အာကိ ဉ္စညာယတနအရူပစျာန်ကိုရသည်အထိ
သမထဘာဝနာ အားထုတ်ခဲ့လျှင် အာကိ ဉ္စညာယတန အရူပဗြဟ္မာ့ဘုံသို့ ရောက်ပါမည်။
နေဝသညာနာသညာယတနအရူပစျာန်ကို
ရသည်အထိ သမထဘာဝနာ အားထုတ်ခဲ့လျှင်
နေဝသညာနာသညာယတန အရူပဗြဟ္မာ့ဘုံသို့
ရောက်ပါမည်။
အရဟတ္တမဂ် အရဟတ္တဖိုလ်ရသည်အထိ
ဝိပဿနာတရားကို အားထုတ်ထားသော
ဘုရား ရဟန္တာများသည်ကား အသင်္ခတဓာတ်
မြတ်နိဗ္ဗာန်သို့ စံဝင်တော်မူကြသည်ဖြစ်၍
(၃၁)ဘုံ သံသရာခရီးကို ကျောခိုင်းစွန့်ခွာ
ပြီးသူများဖြစ်ကြောင်း စေတနာဝေဖြာစွာဖြင့်
တင်ပြပေးလိုက်ပါသည်။
________________________________
၃၁-ဘုံ နှင့် လမ်းလျှောက်ရင်း လမ်းမပျောက်စေချင်....
လူသားအားလုံး သေရင် သွားရမည့်နေရာ ၃၁ နေရာ ရှိပါတယ်.
အဲဒါကို ဘုံ ၃၁ ဘုံ လို့ ဘုရားရှင် က ဟောသွားခဲ့ပါတယ်..အဲဒါတွေကတော့
နတ်ပြည် = ၆ နေရာ ( နတ်ပြည် ၆ ထပ် ) ၊ ဗြဟ္မာဘုံ = ၂၀ ၊
လူဘုံ = ၁ ဘုံ ၊ အပါယ် = ၄ ဘုံ ၊ တို့ပဲဖြစ်ပါတယ်...
နတ်ပြည် ၆ ထပ် ( ဒါန ၊ သီလ ပြုသူများသွားရာနေရာ ၆ ခု )
လူဘုံ၏ အထက် ယူဇနာပေါင်း ၄၂၀၀၀ တွင် ပထမနတ်ပြည့် ဖြစ်သော
(၁) စတုမဟာရာဇ်နတ်ပြည် တည်ရှိသည်။ လူ့သက်တန်းအားဖြင့် အနှစ်(၉)သန်း နေရသည်။ 
နတ်မင်းကြီး ၄ ပါး အုပ်ချူပ်သည်။
ထို့အထက်တွင် အထက် ယူဇနာပေါင်း ၄၂၀၀၀ တွင် ဒုတိယနတ်ဘုံဖြစ်သော
(၂) တာဝတိံသာ နတ်ဘုံ တည်ရှိသည်။ လူသက်တန်းဖြင့် (၃)ကုဋေ(၆)သန်းနေရသည်။ 
သိကြားမင်း အုပ်စိုးသည်။
ထို့အထက်တွင် အထက် ယူဇနာပေါင်း ၄၂၀၀၀ တွင် တတိယ နတ်ပြည် ဖြစ်သော
(၃) ယာမာနတ်ပြည် ရှိသည်။ လူသက်တမ်းအားဖြင့် (၁၄)ကုဋေ(၄)သန်း ရှိသည်။ 
သုယာမ နတ်မင်း အုပ်စိုးသည်။
ထို့အထက်တွင် အထက် ယူဇနာပေါင်း ၄၂၀၀၀ တွင်စတုတ္တ နတ်ဘုံ ရှိသည်။
(၄) တုသိတာ နတ်ဘုံ ဖြစ်သည်။ လူ့သက်တမ်းနှစ်ပေါင်း (၅၇)ကုဋေ(၆)သန်း နေရပါသည်။ 
သန္တုဿီတ နတ်မင်း အုပ်စိုးသည်။
ထို့အထက်တွင် အထက် ယူဇနာပေါင်း ၄၂၀၀၀ တွင်စတုတ္တ နတ်ဘုံ ရှိသည်။
(၅) နိမ္မာနရတီ နတ်ပြည် တည်ရှိသည်။ လူ့သက်တမ်း
(၂၃၀)ကုဋေ(၄)သန်း နေရပါသည်။ သနိမ္မိတ နတ်မင်း အုပ်စိုးသည်။
ထို့အထက်တွင် အထက် ယူဇနာပေါင်း ၄၂၀၀၀ တွင်စတုတ္တ နတ်ဘုံ ရှိသည်။
(၆) ပရနိမ္မိတ ၀ဿဝတ္တီ နတ်ပြည် တည်ရှိသည်။ လူ့သက်တမ်းအားဖြင့် (၆၂၁)ကုဋေ(၆)သန်း 
နေရသည်။ ၀ဿဝတ္တီနတ်မင်း အုပ်စိုးသည်။
စတုမဟာရာဇ်နတ်ပြည်မှလွဲ၍ ကျန်နတ်ဘုံ များသည် ကမ္ဘာကြီး၏အပြင် အထက်တွင် 
(စကြာဝဋာထဲတွင်) သီးခြားရပ်တည်နေကြပါသည်။
ဗြဟ္မာဘုံ ၂၀ ( သမ္မထ ၊ ၀ိပဿနာကျင့်သူများသွားရာ နေရာ )
ဗြဟ္မာဘုံ သည် သက်တမ်းရှည်လွန်းသဖြင့် ကိန်းဂဏန်းဖြင့်ပြောလို့ မရတော့ပါ.... 
(အကျယ်ကို သဂြိုလ်ကျမ်းတွင် ကြည့်ပါ )
အမြင့်ဆုံးနတ်ပြည်၏ အထက် ယူဇနာပေါင်း (၅)သန်း(၅)သိန်း(၈)ထောင်ကျော်တွင်
၁။ ပထမစျာန် ဗြဟ္မာဘုံ ၃ ဘုံ တစ်ပြေးတည်း တည်ရှိသည်။
လူပြည်တွင် အာနာပါနကမ္မဌာန်း ၊ ကသိုင်း ၊ သမ္မထ ၊ ဘာဝနာ အားထုတ်သူများ ရောက်ရာဘုံ ။
ထို့ အထက် ယူဇနာပေါင်း (၅)သန်း(၅)သိန်း(၈)ထောင်ကျော်တွင်
၂။ ဒုတိယစျာန် (၃) ဘုံ တည်ရှိသည်။
ထို့ အထက် ယူဇနာပေါင်း (၅)သန်း(၅)သိန်း(၈)ထောင်ကျော်တွင်
၃။ တတိယစျာန် (၃)ဘုံ တည်ရှိသည်။
ထို့ အထက် ယူဇနာပေါင်း (၅)သန်း(၅)သိန်း(၈)ထောင်ကျော်တွင်
၄။ စတုတ္တစျာန် (၇)ဘုံ တည်ရှိသည်။
ထို့ အထက် ယူဇနာပေါင်း (၅)သန်း(၅)သိန်း(၈)ထောင်ကျော်တွင်
၅။ ပဉ်စမစြာနျ (၄)ဘုံ တညျရှိသညျ။
အပယ်လေး ဘုံ
၁။ ငရဲ ( ငါးပါးသီလ မလုံသူ အဖေ၊အမေ၊ သံဃာသတ်သူတို့သွားရာဘုံ)
ငရဲ ရှစ်ထပ် ရှိသည်..ပထမဆုံး ငရဲသည် ကမ္ဘာမြေကြီးနှင့်စပ်ဆပ်တည်ရှိ
ပြီး ကျန်ငရဲများသည် သီးခြားတည်ရှိကြသည်။ ငရဲသက်တမ်းမှာ အကုသိုလ်ကို လိုက်ပြီး 
တစ်ဦးနင့် တစ်ဦး မတူကြပေ..များသောအားဖြင့် နတ်သက်ထက် ရှည်ကြာကြသည်။
၂။ တိရိစ္ဆာန် (ကို်ယ်ပတ်ဝန်ကျင်ပဲကြည့်လိုက်ပါတော့ )
၃။ ပြိတ္တာ ဘုံ (သာမာန်မျက်စိနှင့်မမြင်နိုင်ပါ..လူဘုံတွင်ပဲ ရှိသည်။)
၄။ အသူရကာယ် (နေ့စံ ၊ ညခံ ၊ နေ့ခံ ၊ ညစံ ) (သူတော်ကောင်းစကားနားမထောင်သူ ၊ 
သူတော်တော်ကောင်းများ အား ပြစ်မှားသူသွားရာနေရာ)
လူဘုံ ကတော့ ပြောစရာမလိုတော့ပါ....
(တစ်ယူဇနာ ကို အနည်းဆုံး ၈ မိုင် ရှိပါသည်။ )ကဲဘယ်လမ်းကိုလျှောက်ပြီး 
ဘယ်လမ်းကိုသွားမယ်ဆိုတာ မိမိအသိညာဏ်ကိုယ်ပိုင်ညာဏ်ဖြင့် 
မိမိကိုယ်တိုင်ရွေးချယ်ရမည်ဖြစ်ပါတယ်။ကိုယ်လုပ်နေတဲ့အလုပ် ကိုယ်လျှောက်နေတဲ့လမ်း 
ကိုယ့်ဦးတည်ချက်တွေဟာ လမ်းလျှောက်ရင်း လမ်းပျောက်သွားတတ်ကြတယ်။

Credit to Original Uploader





Tuesday, June 4, 2024

Adobe InDesign သင်ခန်းစာများ (9)

 Adobe InDesign သင်ခန်းစာများ (9)

JPEG File အနေဖြင့် သိမ်းဆည်းခြင်း

      Adobe InDesign မှာ ပြုလုပ် ဖန်တီးထားတဲ့ Document များကို ပုံမှန် Word File အနေဖြင့် သိမ်းဆည်းခြင်း အပြင် နောက်ထပ် JPEG File ဓါတ်ပုံဖိုင် အနေဖြင့်လည်း သိမ်းဆည်းနိုင်ပါတယ်။

ဓာတ်ပုံဖိုင် အနေဖြင့် သိမ်းဆည်းခြင်းရဲ့ ကောင်းကျိုးကတော့ သင်ပြုလုပ်ထားသော ဒီဇီုင်းဖိုင်များအား အလွယ်တကူ ဓာတ်ပုံစာရွက်ဖြင့် Print ထုတ်ယူနိုင်ခြင်း၊ အခြားသူများ Text ဖိုင်အနေဖြင့် စာသားများအား အလွယ်တကူ Copy မကူးယူနိုင်ခြင်း၊ စာသားများအား နှစ်သက်ရာ Phone , Tablet များအတွင်း ဓာတ်ပုံအနေဖြင့် ပြန်လည်ကြည့်ရှုကာ ဖတ်ရှုနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးများ ရရှိစေပါတယ်။

ယခု JPEG ဓါတ်ပုံဖိုင် အနေဖြင့် ရယူ သိမ်းဆည်းနိုင်ရန်အတွက် File Manu ထဲမှတစ်ဆင့် Export ကို နှိပ်လိုက်ပါ။ Keyboard Shortcut အနေဖြင့် Ctrl + E ကို တွဲဖက်နှိပ်ပြီး အသုံးပြုနိုင်ပါတယ်။



Save As Type နေရာတွင် သာမန် InDesign File Type အစား JPEG ကို ရွေးချယ်ပေးလိုက်ပါ။



ပြီးနောက် ယခုကဲသို့ Export JPEG Options ကျလာပါလိမ့်မယ်။ Resolution နေရာကတော့ ဓါတ်ပုံများရဲ့ ပုံထွက် အရည်အသွေးကို ပြောတာပါ။ တကယ်လို့ Resolution အလွန်များနေပါက File Size အရွယ်အစား ကြီးမား တာကို တွေ့ရပါတယ်။

ဒါကြောင့် Resolution ကို အသုံးပြုနိုင်မှု အများဆုံး 300 ထက် ပိုမသုံးသင့်ပါဘူး။ သာမန်အားဖြင့်တော့ 72 ဟာ လုံလောက်မှု ရှိပါတယ်။ တကယ်လို့ ဒီထက်ပိုပြီး အရည်အသွေး ပိုမို ကောင်းမွန်ချင်တယ်ဆိုလျှင်တော့ 150 ကို ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။

Quality ဟာလည်း ဓါတ်ပုံရဲ့ ပုံထွက်အရည်အသွေးပါပဲ၊ လိုအပ်လျှင်တော့ High ကို ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ Colour Space ကတော့ RGB နှင့် CMYK ကို ပြောင်းလဲ အသုံးပြုနိုင်တဲ့ Options ဖြစ်ပါတယ်။ လောလောဆယ်တော့ RGB မှာသာ ထားပြီး ထုတ်ယူလိုက်ပါမယ်။ ပြီးနောက် Export ကို နှိပ်လိုက်ပါ။ ဒါဆိုလျှင် သင်ရေးသားထားတဲ့ စာမျက်နှာကို JPEG အနေဖြင့် ပြန်လည် ရယူနိုင်ပြီ ဖြစ်ပါတယ်။









Monday, June 3, 2024

Adobe InDesign သင်ခန်းစာများ (8)

 Adobe InDesign သင်ခန်းစာများ (8)

စာရိုက်ခြင်း

      Adobe InDesign ကို အသုံးပြုပြီး စာရိုက်ရာမှာ ယခင် အသုံးပြုနေကျ Word , Pagemaker တို့နှင့် မတူပါဘူး။ ဘာလို့လဲဆိုတော့ InDesign ဟာ စာရိုက်မည့်နေရာကို အရင် သတ်မှတ်ပေးရပါတယ်။

အခု စာရိုက်ရန်အတွက် Tool Box မှ T ဆိုသည့် Tool ကို ယူလိုက်ပါ။ ပြီးနောက် စာမျက်နှာပေါ်မှာ ချပြီး Mouse နှင့် Drug ဆွဲပြီး စာရိုက်မည့်နေရာ အကျယ်အဝန်းကို သတ်မှတ်ပေးလိုက်ပါ။ တကယ်လို့ သင်ဟာ စာမျက်နှာအပြည့်စာရိုက်မယ်ဆိုလျှင် Text Tool ရဲ့ အကျယ်ကို စာမျက်နှာအပြည့်သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီလိုသတ်မှတ်ပြီးမှသာ Text Tool ကို ချပြီး စာများကို စတင်ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။



အထက်ပါပုံကိုကြည့်ပါ။ စာရိုက်မည့်နေရာကို Selection ပေးရာမှာ နေရာအပြည့်မပေးထားတဲ့အတွက်ကြောင့် သတ်မှတ်ထားသည့် နေရာများအတွင်းမှာသာ စာသားများပေါ်နေတာကို တွေ့ရပါလိမ့်မယ်။ တကယ်လို့ ဘေးမျဉ်း Margin အထိ စာများကို ပေါ်လိုပါက Arrow Tool ကို ပြန်ယူကာ Selection ကို ဘေးသို့ ဆွဲချဲ့ပေးရမှာ ဖြစ်ပါတယ်။


Saving a Document

      InDesign ဖြင့် ဖန်တီးရယူထားသော Document တစ်ခုကို ယခုလို စာရိုက်ပြီးသွားပြီဆိုလျှင် မပျောက်ပျက်သွားအောင် သိမ်းဆည်းပေးရပါမယ်။ Document ကို သိမ်းဆည်းရန်အတွက် File Menu ထဲမှတစ်ဆင့် Save ကို ရွေးချယ်ပေးလိုက်ပါ။

Keyboard Shortcut အနေဖြင့် Ctrl+S ကို တွဲပြီးနှိပ်ပေးနိုင်ပါတယ်။ ပြီးနောက်နှစ်သက်ရာ Location နေရာတစ်နေရာတွင် အမည်တစ်ခုပေး၍ သိမ်းဆည်းပေးလိုက်ပါ။






Adobe InDesign သင်ခန်းစာများ (7)

Adobe InDesign သင်ခန်းစာများ (7)

Zoom in and Zoom Out

စာစီစာရိုက် လုပ်ငန်းစဉ်အတွက် စာသားများကို ရိုက်ထည့်ရာမှာ Zoom ဟာ အတော်လေး အသုံးဝင်တဲ့ Feature တစ်ခု ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့  စာရိုက်နေရင်းနှင့် စာများ မမြင်ရသည့် အခါမျိုးမှာ Zoom ကို ဆွဲပြီး ရိုက်လေ့ ရှိပါတယ်။ ဒီလိုမျိုး Zoom ဆွဲပြီး စာများ ရိုက်ကူးပြီး နောက်မှာ ရိုက်ထည့်ထားတဲ့ စာပုံစံ အရွယ်အစားနှင့် စာမျက်နှာပုံစံကို သိရှိလိုတဲ့အခါမှာ Zoom Out ပြန်လည် ပြုလုပ်ပြီး ၎င်းစာမျက်နှာကို ပြန်လည် ကြည့်ရှုပါတယ်။ ဒါကြောင့် Zoom In / Zoom Out ဟာ စာစီစာရိုက် လုပ်ငန်းစဉ်အတွက် အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။

ဒီလိုမျိုး Zoom in / Zoom Out ကို Zoom Tool ကို အသုံးမပြုပဲ Keyboard Shortcut အနေဖြင့်သာ အသုံးပြုပါတယ်။ ဒါမှသာ လုပ်ငန်းစဉ်အတွက် ပိုမိုလျှင်မြန်မှာ ဖြစ်ပါတယ်။

Zoom In အတွက်ကတော့ Keyboard မှ Ctrl နှင့် + ကို တွဲနှိပ်လိုက်ပါ။ ဒါဆိုလျှင် သင့်ရဲ့စာမျက်နှာကို တဖြေးဖြေး ကြီးမားစွာ မြင်တွေ့ရပါလိမ့်မယ်။

Zoom Out အတွက်ကတော့ Ctrl နှင့် - ကို တွဲနှိပ်လိုက်ပါ။ ဒါဟာ Zoom In / Zoom Out ကို အမြန်ဆုံး ပြုလုပ်ပေးနိုင်တဲ့ Shortcut များ ဖြစ်ပါတယ်။





နောက်ထပ် Zoom In / Out ကို အသုံးပြုနိုင်တာကတော့ Ctrl + 1 ကို တွဲနှိပ်လိုက်ပါ။ ဒါဟာ ပုံမှန် Zoom ဖြစ်ပါတယ်။ ဒီထက် ကြီးချင်တယ် ဆိုရင်တော့ Ctrl +2 ကို တွဲနှိပ်လိုက်ပါ။ ဒါဆိုလျှင် သင်ရေးသားနေတဲ့ စာသားများကို ပိုမိုကြီးမားစွာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

သင့်အနေဖြင့် စာစီစာရိုက် လုပ်ငန်းစဉ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြုလုပ်နိုင်ရန်အတွက် ဒီ Zoom in / out Shortcut များကို ကျွမ်းကျင်စွာ ကျက်မှတ်ထားရမှာ ဖြစ်ပါတယ်။

Adobe InDesign သင်ခန်းစာများ (6)

 Adobe InDesign သင်ခန်းစာများ (6)

New Document တစ်ခု ဖန်တီးခြင်း

ယခု ဆက်လက် လေ့လာရမှာကတော့ Adobe InDesign အတွင်း စာရေးသားခြင်း၊ စာရိုက်ခြင်းများကို ပြုလုပ်ဆောင်ရွက်ရန်အတွက် Document အသစ်တစ်ခုကို စတင်ရယူခြင်း ဖြစ်ပါတယ်။

Adobe InDesignအတွင်း Document အသစ်တစ်ခုကို စတင်ရယူရန်အတွက် File Menu ထဲမှတစ်ဆင့် News Document ကို ရွေးချယ်လိုက်ပါ။ Keyboard Shortcut အနေဖြင့် Ctrl+Nကို နှိပ်၍လည်း အလွယ် ဖန်တီးနိုင်ပါတယ်။






New Document နေရာမှာ Default ကို ပဲထားလိုက်ပါ။ Page Size နေရာမှာ A4 ကို ရွေးချယ်ပေးလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ စာရွက်အနေအထားအရ A4 ကိုသာ စံအနေဖြင့် အသုံးပြုကြတာ များပါတယ်။ Columns နေရာမှာတော့ ပုံမှန်ဆိုလျှင် 1 ကိုသာ ရွေးထားရမှာ ဖြစ်ပါတယ်။ ယခင်သင်ခန်းစာမှာ ရေးသားဖော်ပြခဲ့တဲ့အတိုင်း Preferences တွေကို ပြင်ဆင်ပြီးသွားပြီဆိုလျှင်တော့ Margin နေရာမှာ လက်မနှင့် ယခုလို ပြသနေမှာ ဖြစ်ပါတယ်။

တကယ်လို့ Preferences တွေကို မပြင်ဆင်ပဲ ထားမယ်ဆိုလျှင်တော့ Margins နေရာမှာ စင်တီမီတာကိုသာ ဖော်ပြပေးထားတာကို တွေ့မြင်ရပါလိမ့်မယ်။ ပုံမှန်အားဖြင့်တော့ အပေါ်၊ အောက်၊ ဘယ်၊ ညာမှာ 0.5 လောက်ဆီထားလျှင် လုံလောက်ပါတယ်။ ပုံမှန် ရုံးစာများဆိုလျှင်တော့ 1 လက်မလောက် ချန်ထားလေ့ရှိပါတယ်။ လောလောဆယ် စာများများ ရိုက်ယူချင်တာဖြစ်တဲ့အတွက်ကြောင့် Margin ကို ယခုလို ခပ်ကျဉ်းကျဉ်းသာထားရှိခြင်း ဖြစ်ပါတယ်။

Bleed ကတော့ စာရွက်ဖြတ်သားကို နေရာချန်တဲ့ Options ဖြစ်ပါတယ်။ ဒီနေရာမှာတော့ အသုံးပြုရန် မလိုသေးတဲ့အတွက် ဒီအကြောင်းကို မပြောတော့ပါဘူး။ ပြီးရင်တော့ OK ကို နှိပ်လိုက်ပါ။ ဒါဆိုလျှင် New Document တစ်ခုကို ရရှိသွားပြီ ဖြစ်ပါတယ်။



Adobe InDesign သင်ခန်းစာများ (5)

 Adobe InDesign သင်ခန်းစာများ (5)

Preferences ကို လေ့လာခြင်း

Preferences ဆိုတာကတော့ Adobe InDesign မှာ ပါဝင်တဲ့ Feature များရဲ့ Unit များ၊ Size ၊ Position များ၊ Autocorrect Function များ၊ Ruler Option များကို သင့်စိတ်တိုင်းကျ ပြင်ဆင် အသုံးပြုနိုင်သည့် Function များကို ပြင်ဆင်ပေးနိုင်သည့် အပိုင်းဖြစ်ပါတယ်။

ပုံမှန်အားဖြင့် Adobe InDesign မှာ စာမျက်နှာတစ်ရွက်ကို စတင်ဖန်တီးတဲ့အခါမှာ Page Margin တွေကို စင်တီမီတာဖြင့်သာ ပြသထားတာကို တွေ့ရပါလိမ့်မယ်။ တကယ် အလုပ်လုပ်တဲ့အခါမှာ လက်မယူနစ်ဖြင့်သာ အလုပ်လုပ်ပါတယ်။ စင်တီမီတာဖြင့် အသုံးပြုရတာ အဆင်မပြေပါဘူး။

ဥပမာ Ruler ပေတံကို အသုံးပြုရာမှာ စင်တီမီတာဖြင့် အသုံးပြုခြင်းထက် လက်မနှင့် အသုံးပြုခြင်းက ပိုအဆင်ပြေတာကို တွေ့ရပါတယ်။  ပုံမှန်အားဖြင့် Adobe InDesign ကို အသုံးပြုတဲ့အခါမှာ သူဟာ ဘေးမျဉ်းတွေ Margin တွေကို စင်တီမီတာဖြင့်သာ ပေးထားပါတယ်။ ဒါကို Preferences မှာ သွားပြင်ပေးရပါမယ်။

အခု Preferences ထဲသို့ ဝင်ရန်အတွက် Edit Menu ထဲမှတစ်ဆင့် အောက်ဆုံးရှိ Preferences ထဲသို့ ဝင်လိုက်ပါ။ ပြီးနောက် General (Ctrl+K) ကို ရွေးချယ်လိုက်ပါ။ ဒီ Preferences ဟာ ယခင် Adobe PageMaker အတိုင်းပါပဲ။ Shortcut Key လည်း တူပါတယ်။



ပြီးနောက် အောက်က ပုံအတိုင်း Preferences Options ကို တွေ့ရပါလိမ့်မယ်။



အဲဒီ Preferences မှာ Units & Increments ကို ဝင်ရောက်လိုက်ပါ။ အပေါ်ဆုံး က Ruler Units ဆိုတာကတော့ InDesign မှာ အသုံးပြုတဲ့ ပေတဲ့ရဲ့ Unit အတိုင်းအတာကို ပြောတာပါ။

Horizontal , Verticals တွေနေရာမှာ Inches တွေကိုသာ ရွေးချယ်ပေးလိုက်ပါ ။ ဒါမှသာ လက်မအနေဖြင့် အဆင်ပြေပြေ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

Adobe InDesign သင်ခန်းစာများ (4)

 Adobe InDesign သင်ခန်းစာများ (4)

4.  Columns

  စာမျက်နှာတစ်ရွက်အတွင်းမှာ ကော်လံများခွဲပြီး ဖန်တီးလိုတဲ့အခါမှာ အသုံးပြုနိုင်ပါတယ်။ သာမန်ရိုးရိုးစာများ ရိုက်ရာမှာတော့ ဒီ Option ကို အသုံးပြုရန် မလိုပါဘူး။


5. Margins

      Margins ကတော့ Document တစ်ခုကို ဖန်တီးရာတွင် အပေါ်၊ အောက်၊ ဘယ်၊ ညာ ဘေးမျဉ်းကို ပြောတာပါ။

13 mm မှာ ထားပါတယ်။ Margins သတ်မှတ်တဲ့ နေရာရဲ့ အလယ်မှာတော့ Link လေးတစ်ခု ရှိပါတယ်။ သူရဲ့သဘောကတော့ အပေါ်၊အောက်၊ ဘယ်၊ ညာကို ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ ဒီတော့ အပေါ်ကို 13 mm သတ်မှတ်မယ်ဆိုရင် အောက်ကိုလည်း 13 mm ဆိုပြီး ပြောင်းလဲ သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။

ဒီတော့ Link ကို မလိုအပ်လျှင် မသုံးပဲနေလို့ ရပါတယ်။ စိတ်ကြိုက် Margins တွေကို သတ်မှတ်ဖို့အတွက်ဆိုလျှင် Link ကို အသုံးမပြုမှသာလျှင် သတ်မှတ်ရတာ ပိုအဆင်ပြေပါတယ်။


6. Toggling Between Link

      သူ့ရဲ့သဘောတရားကတော့ Link ချိတ်ထားတာ ဖြစ်ပါတယ်။ Document တစ်ခုရဲ့ Margin တွေနဲ့ Bleed ကို ချိတ်ဆက် သတ်မှတ်ရန် ဖြစ်ပါတယ်။

7. Document Bleed

      Document တစ်ခုရဲ့ Bleed ကို ပြင်ဆင်ရန် ဖြစ်ပါတယ်။ အပေါ် ၊အောက်၊ ဘယ်၊ ညာ Bleed ကို ပြင်ပေးတာ ဖြစ်ပါတယ်။

8. Save Preset

  Save Preset ကတော့ သင်သတ်မှတ်ထားတဲ့ စာမျက်နှာပုံစံ၊ စာရွက် အရွယ်အစားပုံစံ၊ Margin ဘေးမျဉ်းပုံစံ၊ တွေအားလုံးကို သင့်စိတ်ကြိုက် အမည်တစ်ခုဖြင့် သိမ်းဆည်းရန် ဖြစ်ပါတယ်။

ဒီလို သိမ်းဆည်းပေးထားခြင်းအားဖြင့် Document Preset တွင် ၎င်း သက်ဆိုက်ရာအမည်ဖြင့် Preset တစ်ခုပေါ်နေမှာ ဖြစ်ပါတယ်။ Save Preset ကို နှိပ်လိုက်ပါ။

ဒါဆိုရင် အောက်ပါပုံအတိုင်း အမည်ကို ရွေးချယ်သတ်မှတ်ခိုင်းသည့် Box လေး ကျလာပါလိမ့်မယ်။


ပြီးနောက် OK ကို နှိပ်လိုက်ပါ။ ဒါဆိုရင် အောက်ကပုံအတိုင်း Document Preset နေရာမှာ သင်သတ်မှတ်လိုက်သည့် Preset လေးတစ်ခုကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ နောက်တစ်ကြိမ် ပြန်သုံးမယ်ဆိုရင် ၎င်း Preset ကို ရွေးချယ်ကာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

9. More Options

      More Options ကတော့ နောက်ထပ် Bleed Options ကို သတ်မှတ်ရန် ဖြစ်ပါတယ်။

အခု Document တစ်ခုကို အသေးစိတ် ဖန်တီးတတ်သွားပြီဆိုရင်တော့ OK ကို နှိပ်လိုက်ပါ။

Adobe InDesign ကို အသုံးပြုပြီး သင်နှစ်သက်ရာ Document တစ်ခုကို ကျွမ်းကျင်စွာ ဖန်တီးတတ်ရန်၊ Margin များကို စနစ်တကျ သတ်မှတ်တတ်ရန်၊ စာရွက်ပုံစံနှင့် အရွယ်အစားကို သတ်မှတ်နိုင်ရန်၊ စာရွက် အရေအတွက်ကို သတ်မှတ်တတ်ရန် ဒီသင်ခန်းစာတွေကို ကျေညက်အောင် လေ့ကျင့်ထားရမှာ ဖြစ်ပါတယ်။









Adobe InDesign သင်ခန်းစာများ (3)

 Adobe InDesign သင်ခန်းစာများ (3)

Create New Document

      InDesign ဆောဖ့်ဝဲကို အသုံးပြုပြီး Document အသစ်တစ်ခုကို စတင်ဖန်တီးပါမယ်။

ဒီအတွက် Create New Document ကို နှိပ်လိုက်ပါ။ File > New Document (သို့မဟုတ်) Quickstart ရှိ Create New အောက်ဘက်မှ Document ကို ရွေးချယ်ပေးလိုက်လို့လည်း ရပါတယ်။

Document Setup


1. Document Preset

     Document Preset ကတော့ Preset တွေကို ပြုလုပ်ဖန်တီးတဲ့အခါမှာ အသုံးပြုပါတယ်။ ပုံမှန်အားဖြင့်တော့ သုံးလေ့မရှိပါဘူး။ ဒါကြောင့် Default နေရာတွင်မှာသာ ထားပါ။

2. Number of Pages

      ဒါကတော့ သင်ပြုလုပ်ဖန်တီးမည့် Document အတွင်းပါဝင်မည့် စာမျက်နှာအရေအတွက်ကို ပြောတာဖြစ်ပါတယ်။ ဒီနေရာမှာ သင်သတ်မှတ်လိုသော စာမျက်နှာအရေအတွက်ကို ထည့်သွင်းပေးရမှာဖြစ်ပါတယ်။ စာစီစာရိုက် ပြုလုပ်နေရင်းမှ စာမျက်နှာ ထပ်တိုးချင်တယ်ဆိုရင်လည်း ဒီနေရာမှာ လိုအပ်သလောက် စာမျက်နှာများ ထပ်မံ ထည့်သွင်းလို့ရပါတယ်။

Facing Page ဆိုတာလေးကို ဘေးနားမှာ မြင်တွေ့ရပါလိမ့်မယ်။ သူ့ရဲ့အဓိပ္ပါယ်ကတော့ စာမျက်နှာနှစ်ရွက်ကို ဘေးတိုက်ယှဉ်တွဲပြီး တစ်ပြိုင်တည်း ပြသပေးတာမျိုး ဖြစ်ပါတယ်။


3. Page Size

      Page Size ကတော့ စာရွက်ပုံစံ A4 , A3 , Letter , Legal စသည်ဖြင့် ရွေးချယ်ပေးနိုင်တဲ့နေရာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ရုံးစာများ၊ လျှောက်လွှာပုံစံစာများအတွက် A4 ကိုသာ ရွေးချယ် အသုံးပြုမှုများပါတယ်။ ဒါကြောင့် ပုံမှန်အားဖြင့်  Page Size နေရာမှာ ဘာရွေးရမှန်းမသိရင် A 4 ကိုသာ ရွေးချယ်ပေးလိုက်ပါ။ တစ်ခါတစ်ရံ Flyer , Pamphlet များ ပြုလုပ်ခြင်း အတွက်တော့ Legal ကို ရွေးကာ သုံးခေါက်ချိုးအနေဖြင့် Document များ ဖန်တီးလေ့ရှိပါတယ်။





Adobe InDesign သင်ခန်းစာများ (2)

 Adobe InDesign သင်ခန်းစာများ (2)

Chapter (1) Document များ စနစ်တကျ ဖန်တီးခြင်း

Creating News Document

      Adobe InDesign ကို စဖွင့်လိုက်လျှင် အရင်ဦးဆုံး Quickstrart ကို မြင်တွေ့ရပါလိမ့်မယ်။ Quickstart Screen မှာ အပိုင်းသုံးပိုင်း ခွဲခြားထားပါတယ်။ အဲဒီ အပိုင်းသုံးပိုင်းကတော့ Major Sections ဖြစ်တဲ့ Recent Used File, Starting Points  နှင့် The InDesign Community ဆိုပြီး အပိုင်းသုံးပိုင်းကို မြင်တွေ့ရပါလိမ့်မယ်။

 Using InDesign ဆိုတာကတော့ InDesign နှင့် ပတ်သက်ပြီး အသုံးပြုပုံများကို Adobe မှ ထည့်သွင်းပေးထားတဲ့ Feature တစ်ခု ဖြစ်ပါတယ်။

Recent items List

    Recent Items List ကတော့ InDesign ကို အသုံးပြုပြီး ဖန်တီးထားတဲ့ Document များကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ အဲဒီမှာ မကြာသေးခင်က ပြုလုပ်ဖန်တီးထားတဲ့ Adobe InDesign Project များစွာကို တွေ့ရပါလိမ့်မယ်။

 Starting Points

      Starting Points မှာလည်း Document , Book, Library ဆိုပြီး အပိုင်းသုံးပိုင်း ခွဲခြားထားပါတယ်။

ပုံမှန်စာရိုက်ခြင်းများ အတွက်တော့ Document ကိုသာ ရွေးချယ်ပြီး အသုံးပြုနိုင်ပါတယ်။ Book ကတော့ စာအုပ်များ ဖန်တီးရာတွင် အသုံးပြုနိုင်ပါတယ်။

InDesign Project များကို တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပြီး စာအုပ်ပုံစံ ဖန်တီးရာမှာ အသုံးပြုပါတယ်။ အသုံးနည်းတဲ့ Feature တစ်ခု ဖြစ်ပါတယ်။ နေ့စဉ် စာရိုက်ခြင်း၊ Design Layout များ ပြုလုပ်ခြင်းအတွက်တော့ Document ကိုသာ ရွေးချယ် အသုံးပြုရမှာ ဖြစ်ပါတယ်။


Adobe InDesign သင်ခန်းစာများ (1)

 Adobe InDesign သင်ခန်းစာများ (1)

Adobe InDesign ဆိုတာဟာ Adobe မှ ထုတ်လုပ်ထားတဲ့ ကွန်ပျူ တာ ဒီဇိုင်းနှင့် Layout ပိုင်းဆိုင်ရာ ပြုလုပ်နိုင်သည့် Software တစ်ခု ဖြစ်ပါတယ်။

InDesign ကို Version အမျိုးမျိုးခွဲပြီး ထုတ်လုပ်ထားပါတယ်။ ယခုနောက်ဆုံး Version ကတော့ CS 6 ဖြစ်ပါတယ်။ ဒါပေမယ့် CS 6 ဟာ ကွန်ပျူ တာ Performance  အလွန်မြင့်မှသာလျှင် အသုံးပြုနိုင်တဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။

အသုံးများတာတွေကတော့ CS 2 , CS 3 , စတဲ့ Version များ ဖြစ်ကြပါတယ်။ အခု InDesign CS 5.5 ကို အသေးစိတ် ရေးသားဖော်ပြပေးပါမယ်။ ဘာကြောင့် Version တွေ အများကြီးရှိတဲ့ကြားက CS 5 ကို ဖော်ပြသလဲဆိုရင် CS 5 ဟာ အတော်လေး အဆင့်မြင့်ပြီး Error လည်း နည်းပါးပါတယ်။

နောက်တစ်ချက်ကတော့ CS 6 လောက်လည်း မလေးပဲ အတော်အသင့် ကွန်ပျူ တာများမှာ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

 


အခု Adobe InDesign ကို ဖွင့်ပါမယ်။ Adobe InDesign ဟာ သီးသန့် CD, DVD အနေဖြင့် ပြင်ပမှာ ဝယ်ယူလို့မရတာကြောင့် Adobe Creative Suite အတွဲလိုက် ဝယ်ယူပြီး InDesign ကို Install ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။

InDesign ကို C > Program File > Adobe အောက်မှာ တွေ့မြင်နိုင်ပါတယ်။

InDesign Version History

      Adobe ကုမ္ပဏီမှ InDesign ကို ထုတ်လုပ်ခဲ့တဲ့ Version များနှင့် နေ့စွဲများကို ကောက်နှုတ် ဖော်ပြထားခြင်း ဖြစ်ပါတယ်။ Version တစ်ခုစီအလိုက် သူနှင့်သက်ဆိုင်ရာ Codenamed များကိုလည်း သတ်မှတ်ထားပါတယ်။

ထို့ပြင် အသုံးပြုနိုင်သည့် ဘာသာစကားအလိုက် နိုင်ငံတစ်ခုစီအနေဖြင့် သီးခြား Version များကိုလည်း ခွဲပြီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။


 August 31, 1999

    InDesign 1.0 (codenamed Shuksan, then K2)

 Japanese support
    InDesign 1.0J (codenamed Hotaka)
 April 2001
    InDesign 1.5 (codenamed Sherpa)
 January 2002
    InDesign 2.0 (codenamed Annapurna)
 October 2003
    InDesign CS (codenamed Dragontail)
 May 2005
    InDesign CS2 (4.0) (codenamed Firedrake)
 October 2005
    InDesign Server (codenamed Bishop)
 April 2007
    InDesign CS3 (5.0) (codenamed Cobalt)
 May 2007
    InDesign CS3 Server (codenamed Xenon)
 Introduced September 23,  October 2008
    InDesign CS4 (6.0) (codenamed Basil)
 April 2010
    InDesign CS5 (7.0) (codenamed Rocket)
 April 2011
    InDesign CS5.5 (7.5) (codenamed Odin)
 23 April 2012
    InDesign CS6 (8.0) (codenamed Athos)
 15 January 2014
    InDesign CC (9.2) (codenamed Citius)

ကွန်ပျူတာအတွင်းရှိ File များကို Hidden ဖြုတ်ခြင်း

File များကို Hidden ဖြုတ်ခြင်း

Hidden Attribues ဖြစ်နေတဲ့ File , Folder များကို ပုံမှန် Attribues ဖြစ်အောင် အလွယ်တကူ ပြန်လည် Change ပေးလို့ရပါတယ်။ ဒီလိုပြုလုပ်ဆောင်ရွက်ရန်အတွက် Show hidden Files ကို ရွေးချယ်ထားရန်လိုအပ်ပါတယ်။ ဒါမှသာ Hidden File များကို မြင်တွေ့နေရမှာ ဖြစ်ပါတယ်။ ဒီတော့ Windows Explorer ကို ဖွင့်လိုက်ပါ။

        ပြီးနောက် Tools Menu ထဲကို သွားပါ။ ပြီးနောက် Folder Options ကို ရွေးချယ်ပေးလိုက်ပါ။ View Tag မှ Show Hidden Files , Folders and drives ကို ရွေးချယ်ပြီး OK ကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ Hidden ဖြစ်နေတဲ့ File များကို ပြန်လည်မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Hidden ဖြစ်နေတဲ့ Folder တစ်ခုကို ပုံမှန် Attributes ဖြစ်အောင် ပြန်လည်လုပ်ဆောင်ရန်အတွက် ၎င်း File , Folder ပေါ်မှာ Right Click နှိပ်လိုက်ပါ။ ပြီးနောက် Properties ကို ရွေးပေးလိုက်ပါ။






 အခု ရွေးချယ်ထားတဲ့ File ဟာ Hidden ဖြစ်နေတဲ့အတွက်ကြောင့် hidden ဆိုသည့်နေရာမှာ အမှန်ခြစ်လေးဝင်နေတာ ဖြစ်ပါတယ်။ ၎င်း အမှန်ခြစ်လေးကို ဖြုတ်လိုက်ပါ။

ပြီးနောက် OK ကို နှိပ်လိုက်ပါ။ ဒါဆိုရင် ၎င်း File ဟာ ပုံမှန် File အနေဖြင့် ပြန်လည် ပြောင်းလဲသွားပါလိမ့်မယ်။

Crd;




ကွန်ပျူတာအတွင်းရှိ File များကို Hidden ပြုလုပ်ခြင်း

File များကို Hidden ပြုလုပ်ခြင်း


ကွန်ပျူတာအတွင်းရှိ အခြားသူတစ်ဦးဦး မတွေ့မြင်စေလိုသော File များ Folder များကို Hidden ပြုလုပ်ထားလို့ ရပါတယ်။ဒီလို Hidden ပြုလုပ်ထားတဲ့ File , Folder များကို သာမန်အားဖြင့် Folder View မှာ Display ပြုလုပ်ပေးမှာ မဟုတ်ပါဘူး။ သူ့ကို မြင်တွေ့စေလိုလျှင် Show Hidden File ပြုလုပ်ပြီးမှသာ သီးသန့် ပြန်လည်ကြည့်ရှုလို့ရပါတယ်။

        အခုအရင်ဦးဆုံး File များကို Hidden ပြုလုပ်သည့်နည်းလမ်းကို အရင်ပြောပါတယ်။ File တစ် File ကို Hidden ပြုလုပ်ရန်အတွက် နှစ်သက်ရာ File ကို Right Click နှိပ်လိုက်ပါ။ ပြီးနောက် Properties ကို ရွေးလိုက်ပါ။


၎င်း Folder နဲ့ပတ်သက်ပြီး Properties Box ကျလာပါလိမ့်မယ်။

ဒီ Properties Box ရဲ့ အောက်ဆုံးမှာ Attributes ဆိုတာ ရှိပါတယ်။ အဲဒီမှာ Hidden ကို ရွေးချယ်ပေးလိုက်ပါ။ ပြီးနောက် OK ကို နှိပ်လိုက်ပါ။ ဒါဆိုရင်၎င်း File ကို ပုံမှန် Document View မှာ မြင်တွေ့ရတော့မှာမဟုတ်ပါဘူး။

သူ့ကိုပြန်လည်ကြည့်ရှုချင်တယ်ဆိုရင်တော့ Tools Menu ထဲကို သွားပါ။ ပြီးနောက် Folder Options ကို ရွေးချယ်ပေးလိုက်ပါ။


View Tag မှ Show Hidden Files , Folders and drives ကို ရွေးချယ်ပြီး OK ကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ Hidden ဖြစ်နေတဲ့ File များကို ပြန်လည်မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Crd;