မြန်မာပြက္ခဒိန်
Wednesday, May 29, 2024
အမျှပေးဝေခြင်းလင်္ကာ
ကျင့်ဝတ်များ
ကျင့်ဝတ်များ
သားသမီးကျင့်ဝတ် ငါးပါး
ကျွေးမွေးမပျက်၊ဆောင်ရွက်စီမံ ၊မွေခံထိုက်စေ၊လှူမျှဝေ၍၊
စောင့်လေ မျိုးနွယ်၊ဝတ်ငါးသွယ်၊ကျင့်ဖွယ်သားတို့တာ။
၁။ မိဘကိုလုပ်ကျွေးခြင်း
၂။ မိဘတို့၏ အမှုကိစ္စများကို ဆောင်ရွက်ခြင်း။
၃။ မိဘစကားကို နားထောင်၍ မိဘအမွေကိုခံထိုက်အောင်နေခြင်း၊
မိဘစကား နားမထောင်ငြား၊ အမွေစား မဖြစ်ထိုက်ပါ။
၄။ မိဘတို့ ကွယ်လွန်သောအခါ မိဘတို့အတွက် ရည်စူး၍
ကုသိုလ် ပြုလုပ်ပြီး အမျှပေးဝေခြင်း။
၅။ မိဘတို့၏ အမျိုးအနွယ် လူမျိုး ဘာသာ သာသနာကို
စောင့် ရှောက် ထိန်းသိမ်းခြင်း။
မိဘ ကျင့်ဝတ် ငါးပါး
မကောင်းမေတ္တာ ၊ ကောင်းရာညွန်လတ်၊ အတတ်သင်စေ၊
ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ဝတ်ငါးအင် ဖခင်မေတို့တာ။
၁။ မကောင်းမှုများကို သားသမီးတို့မပြုရန် တားမြစ်ခြင်း။
၂။ ကောင်းသောအကြံ မှန်သောစကား အကျိုးများသော အလုပ်ကို
ကြံစည်ပြောဆို လုပ်ကိုင်တတ်ရန် ညွန်ကြားခြင်း။
၃။ အတတ်ပညာ ညွန်ကြားပေးခြင်း။
၄။ ရင်းနှီးလုပ်ကိုင်နိုင်ရန် ငွေပေးဝေခြင်း။
၅။ အရွယ်ရောက်လျှင် လက်ထပ်ထိမ်းမြားပေးခြင်း။
တပည့်ကျင့်ဝတ် ငါးပါး
ညီညာထကြွ၊ ဆုံးမနာယူ လာမူကြိုဆီး ထံနီး လုပ်ကျွေးသင်တွေးအံရွှတ် ည့်ဝတ် မချွတ် ငါးခုသာ။
၁။ဆရာသင်ကြားဆုံးမသမျှကို လေးစားစွာ နာယူမှတ်သားခြင်း
၂။ဆရာလာသောအခါ ညီညီညာညာ မတ်တပ်ရပ်၍ ခရီးဦးကြိုဆိုခြင်း၊
၃။ ဆရာထံပါး ဆည်းကပ်ခစားခြင်း(ထံနီး)
၄။ ဆရာ၏ ပြုဖွယ်ကိစ္စများကို ပြုလုပ်ပေးခြင်း(လုပ်ကျွေး)၊
၅။ ဆရာသင်ပြပြီးသော သင်ခန်းစာများကို ကြံစည်”တွေးတော`
သင်အံ`လေ့ကျက် နှုတ်တက်ရအောင် ရွတ်ဆိုခြင်း။
ဆရာ့ကျင့်ဝတ် ငါးပါး
၁။ အတတ်လည်းသင် ၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာသင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ ဝတ်ငါးဖြာ။
၁။ အသိပညာ အတတ်ပညာများကို သင်ကြားပြသပေးခြင်း၊
၂။ လိမ္မာယဉ်ကျေးအောင် ပြုပြင် ဆုံးမ တည့်မတ်ပေးခြင်း၊
၃။ မိမိတတ်သိသမျှကို အကြွင်းမရှိ သင်ကြားပေးခြင်း၊
၄။ တပည့်များ ဘေးရန်ကင်းရှင်းအောင် ကြိုတင်တားဆီးကာ
ကွယ်ပေးခြင်း၊
၅။ မိမိထက်ပို၍ သင်ပြပေးနိုင်မည့် ဆရာကောင်းထံ အပ်နှံပေး
ခြင်း၊ပညာတတ်ပြီးသူများကို သင့်ရာအလုပ်ဌာန၌ ဆက်သွယ် အပ်နှံပေးခြင်း။
လင်ကျင့်ဝတ် ငါးပါး
မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ ၊ မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်၊မြတ်နိုးကြင်၊ ငါးအင် လင်ကျင့်ရာ။
၁။ မိမိဇနီးအား မထီလေးစားမပြုခြင်း၊
၂။ မိမိရှာဖွေရသမျှ ဥစ္စာများကို ပေးအပ်ခြင်း၊
၃။ အခြားမိန်းမများနှင့် ဖေါက်ပြားကျူးလွန်မှု မရှိခြင်း
၄။ အဝတ်အစားများကို ဝယ်ခြမ်းဆင်ယင်ပေးခြင်း၊
၅။ မြတ်နိုးကြင်နာခြင်း။
မယားကျင့်ဝတ် ငါးပါး
အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာ ကြဉ်ရှောင်၊လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ဝတ်ငါးဆူ အိမ်သူကျင့်အပ်စွာ။
၁။ အိမ်တွင်းအမှုလုပ်ငန်းများကို လုပ်ကိုင်စီမံခြင်း၊
၂။ ခင်ပွန်းအပ်နှံသော ဥစ္စာပစ္စည်းများကို စနစ်တကျ သေသေချာ
ချာ သိမ်းဆည်းထားခြင်း၊
၃။ မိမိလင်မှ တစ်ပါး အခြားယောကျ်ားများနှင့် မဖေါက်ပြန် မ မှား
ယွင်းခြင်း၊
၄။ မိမိဘက်ဆွေမျိုး ၊လင်ဘက်ဆွေမျိုးများကို မျှမျှတတ ဝေငှပေး
ကမ်းခြင်း၊
၅။ လုပ်ငန်းကိစ္စများ ဆောင်ရွက်ရန်မပျင်းရိဘဲလုံ့လဝီရိယရှိခြင်း။
မိတ်ဆွေကျင့်ဝတ် ငါးပါး
ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွါးဆောင်ရွက်၊နှတ်မြွက်ချိုသာ၊သစ္စာမှန်စေ၊ဝတ်ငါးထွေ၊ကျင့်လေမိတ်သဟာ။
၁။ မိမိတတ်နိုင်သလောက် ပေးကမ်းထောက်ပံ့ခြင်း၊
၂။ ကိုယ်နှင့်တန်းတူထား၍ ဆက်ဆံခြင်း၊
၃။ နှစ်ဦးနှစ်ဝ အကျိုးရှိရန် စီးပွါးရေးလုပ်ငန်းများကို လုပ်ကိုင်ခြင်း၊
၄။ စိတ်ကောင်းထား၍ ချိုသာပြေပြစ်စွာ ပြောဆိုခြင်း၊
၅။ ကတိသစ္စာတည်ကြည်စွာဖြင့်ဆက်ဆံလုပ်ကိုင်ခြင်း။
အလုပ်ရှင် ကျင့်ဝတ် ငါးပါး
၀စွာကျွေးမွေး၊ပြုရေးစီရင်၊ နာလျှင် ကုစေ၊ငှဝေ ရသာ၊အခါကိုလွှတ်၊အရှင်ဝတ်၊ မချွတ်ငါးခုသာ။
၁။ မိမိ၏ အလုပ်သမားများကို ၀လင်စွာကျွေးမွေးခြင်း၊
၂။ လုပ်အားနှင့် လုပ်ငန်း သင့်လျှော်အောင်စီစဉ်၍ သင့်လျှော်
သော အချိန်၌ လုပ်ကိုင်စေခြင်း၊
၃။ ဖျားနာလျှင် ဆေးကုသပေးခြင်း၊
၄။ ကောင်းမွန်သော အစားအစာများကို ဝေငှပေးခြင်း၊
၅။ နေ့ကြီး ရက်ကြီး အခါကြီးများ၌ မခိုင်းစေဘဲ အနားပေးခြင်း။
အလုပ်သမား ကျင့်ဝတ် ငါးပါး
အိပ်သော်နောက်ကျ၊ ထသော်ကားရှေး၊ ပေးမှယူအပ်၊စေ့စပ်ဆောင်ရွက်၊ကျေးဇူးမြွက်၊ငါးချက် ကျွန်ကျင့်ရာ။
၁။ အလုပ်ရှင်ထက် နောက်ကျ၍ အိပ်ခြင်း၊
၂။ အလုပ်ရှင်ထက် စော၍ ထခြင်း၊
၃။ အလုပ်ရှင်ပေးကမ်းမှ ယူခြင်း၊
၄။ မခိုမကပ်ဘဲ စေတနာထား၍ စေ့စေ့စပ်စပ် ဆောင်ရွက်ခြင်း၊
၅။ အလုပ်ရှင်၏ ဂုဏ်ကျေးဇူးကို ပြောဆိုခြင်း။
နာယက ကျင့်ဝတ် ခြောက်ပါး
ထကြွ နိုးကြား ၊သနား သည်းခံ၊ဝေဖန်ကြည့်ရှု၊ဤခြောက်ခု၊ ကြီးသူ့ကျင့်အပ်စွာ။
၁။ ငယ်သားများထက် ပို၍လုံ့လဝီရိယရှိခြင်း၊
၂။ ရှေ့ဆောင်ရှေ့ရွက် ပြုလုပ်နိုင်ရန် နိုးနိုးကြားကြား တက်တက်
ကြွကြွ ရှိခြင်း၊
၃။ လက်အောက်ငယ်သားများကို သနားကြင်နာခြင်း၊
၄။ ငယ်သားများ မှားယွင်းလျှင် သည်းခံခွင့်လွှတ်ခြင်း၊
၅။ အရာရာကို ဝေဖန် ချင့်ချိန်၍ ဆောင်ရွက်ခြင်း၊
၆။ အရာရာကို ဉာဏ်ပညာဖြင့် ကြည့်ရှုဆင်ခြင်ခြင်း။
ဆောင်ပုဒ်
ဂဏန်း ပုပ်သင်၊ ကိုင်းပင် နွားသိုး
လိပ်မျိုး ခွေးအ၊ ဤခြောက်ဝ
နာယက မတင်ထိုက်။
ကျေးဇူးတော်ရှင်မင်းကွန်းဆရာတော်ဘုရားကြီး၏ မေတ္တာပွါးနည်း
ကျေးဇူးတော်ရှင်မင်းကွန်းဆရာတော်ဘုရားကြီး၏ မေတ္တာပွါးနည်း
မေတ္တာပွါးပို့နေခြင်းသည် အမြတ်ဆုံးနေခြင်းတစ်မျိုးဖြစ်၏ ။
အချမ်းသာဆုံး နေနည်းတစ်မျိုးလည်း ဖြစ်၏ ။
`တစ်နေ့သုံးခါ ၊ အိုးတစ်ရာဖြင့်၊ချက်ကာထမင်း၊ပေးလှူခြင်းထက်၊ မယွင်းစင်စစ်၊
နို့တစ်ညှစ်စာ၊မေတ္တာပွါးများ၊ ကျိုးကြီးမားသည်၊ဘုရားမြတ်စွာ မိန့်ခွန်းတည်း ။
အရပ်(၁၀)မျက်နှာ မေတ္တာပွါးပို့နည်း
ဒိသာဖရဏမေတ္တာပွါးပို့နည်း
၁။ အရှေ့အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။
၂။ အနောက်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။
၃။ မြောက်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။
၄။ တောင်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။
၅။ အရှေ့တောင်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။
၆။ အနောက်မြောက်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။
၇။ အရှေ့မြောက်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။
၈။ အနောက်တောင်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။
၉။ အောက်အရပ်၌ရှိသော ထက်ဝန်းကျင် အနန္တစကြဝဠာ
အပါယ်ဘုံသား ၊ အနန္တသတ္တဝါတို့
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။
၁၀။ အထက်အရပ်၌ရှိသော ထက်ဝန်းကျင် အနန ္တစကြဝဠာ
အနန္တနတ်ဗြဟ္မာတို့ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။
မေတ္တသုတ်တော်လာ မေတ္တာပွါးပို့နည်း(၁၁)နည်း
၁။ လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ၊ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၂။ ကြောက်တတ်မကြောက်တတ်
နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ၊
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၃။မြင်အပ်မမြင်အပ်နှစ်ရပ်များစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ၊
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၄။ ဝေးနေ နီးနေ နှစ်ထွေများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ၊
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၅။ ဘဝဇာတ်ဆုံး မဆုံးများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ၊
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၆။ ရှည်တိုအလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ၊
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၇။ ကြီးငယ်အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ၊
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၈။ ဆူကြုံအလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ၊
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၉။ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
၁၀။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၁၁။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ။
မေတ္တာပွါးပို့ခြင်း၏အကျိုး (၁၁)မျိုး
မေတ္တာပွါးပို့ခြင်းသည် ဘာဝနာကုသိုလ်ဖြစ်သည်၊ဒါနကုသိုလ်
သီလကုသိုလ်တို့ထက် ပို၍ အကျိုးကြီးမားသည်။ အာရုံစူးစိုက်
၍ပွါးပို့လျှင် သမာဓိတည်လာသည်။
သမာဓိကောင်းလေလေ မေတ္တာ၏ အာနိသင်ထက်မြက်လေလေ
ဖြစ်သည်။ ရန်သူကိုပင် အာရုံစူးစိုက်၍ မေတ္တာပို့နိုင်လျှင် ရန်ပြေငြိမ်း၍ ချစ်ကြည်လာလိမ့်မည်။
မေတ္တာသည် နတ်လူများကို ချစ်ခင်စေသော အကောင်းဆုံး ပီယဆေးဖြစ်သည်။
မေတ္တာပွါးခြင်း၏ အကျိုး(၁၁)မျိုး
အိပ်နိုး ချမ်းသာ၊ကောင်းစွာအိပ်မက်၊ချစ်လျက်လူနတ်၊စောင့်လတ်
နတ်များ၊ မီး ဆိပ် ဓားတို့၊ရှောင်ရှားကိုယ်မှာ၊ လျင်စွာစိတ်တည်၊
ကြည်ရွှင်မျက်နှာ၊သေခါမတွေ၊လားလေဗြဟ္မာ၊ဆယ့်တစ်ဖြာသည်၊
မေတ္တာပွါးမှု အကျိုးတည်း ။
၁။ ချမ်းသာစွာအိပ်ရခြင်း။
၂။ ချမ်းသာစွာ နိုးရခြင်း။
၃။ မကောင်းသောအိပ်မက်များကို မမြင်မက်ရခြင်း။
၄။ လူတို့ချစ်ခင် နှစ်သက်ခြင်း။
၅။ နတ်တို့ချစ်ခင် နှစ်သက်ခြင်း။
၆။ နတ်တို့စောင့်ရှောက်ခြင်း။
၇။ မီး အဆိပ် လက်နက် မသင့်နိုင်ခြင်း။
၈။ စိတ်လျင်မြန်စွာ တည်ကြည်ခြင်း။
၉။ မျက်နှာရုပ်ဆင်း ကြည်လင်ရွှင်ပျခြင်း။
၁၀။ မတွေမဝေဘဲ သေရခြင်း။
၁၁။ သေသောအခါ ဗြဟ္မာပြည်သို့လားရခြင်းတို့ဖြစ်သည်။
သံဃာဂုဏ်တော်(၉)ပါး နှင့် အဓိပ္ပါယ်
သံဃာဂုဏ်တော်(၉)ပါး နှင့် အဓိပ္ပါယ်
သံဃာဂုဏ်တော်(၉)ပါး ပါဠိ
၁။ သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော။၂။ ဥဇုပ္ပဋိ ပန္နော ဘဂဝတော သာဝက သံဃော။
၃။ ဉာယပ္ပဋိ ပန္နော ဘဂဝတော သာဝကသံဃော။
၄။သာမီစိပ္ပဋိ ပန္နော ဘဂဝတော သာဝက သံဃော။
ယဒိတံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသ ပုဂ္ဂလာ ၊ဧသာ ဘဂဝတော သာဝက သံဃော။
၅။ အာဟုနေယျော။
၆။ ပါဟုနေယျော။
၇။ ဒက္ခိဏေယျော။
၈။အဥ္ဇလီ ကရဏီယော။
၉။ အနုတ္တရံ ပုညခေတ္တံ လောကဿာတိ။
သံဃာဂုဏ်တော်၏ အနက်အဓိပ္ပါယ်
၁။ ဘဂဝတော-မြတ်စွာဘုရား၏ ။ သာဝကသံဃော- သီလဝန် ဂုဏဝန်
ပညာဝန်၊ကလျာဏပုထုဇဉ် အရှင်မွန် အရှင်မြတ်တို့နှင့်တကွ ပရမတ္ထသံဃာ အရိယာရှစ်ပါး တပည့်သား သံဃာတော်မြတ်အပေါင်းသည်။
သုပ္ပဋိပန္နော- အဓိသီလ အဓိစိတ္တ အဓိပညာ သိက္ခာသုံးရပ် လွန်ကောင်းမြတ်သော ပဋိပါတ်ဂုဏ်နှင့်လည်း ပြည့်စုံတော်မူ၏။
၂။ ဘဂဝတော-မြတ်စွာဘုရား၏။ သာဝကသံဃော- သီလဝန်
ဂုဏဝန် ပညာဝန်၊ကလျာဏပုထုဇဉ် အရှင်မွန် အရှင်မြတ်တို့နှင့်တကွ ပရမတ္ထသံဃာ အရိယာရှစ်ပါး တပည့်သား သံဃာတော်မြတ်အပေါင်းသည်။ ဥဇုပ္ပဋိပန္နော- အဓိသီလ အဓိစိတ္တ အဓိပညာ သိက္ခာသုံးရပ် လွန်ဖြောင့်မတ်သော ပဋိပါတ်ဂုဏ်နှင့်လည်း ပြည့်စုံတော်မူ၏ ။
၃။ ဘဂဝတော-မြတ်စွာဘုရား၏။ သာဝကသံဃော- သီလဝန်
ဂုဏဝန် ပညာဝန်၊ကလျာဏပုထုဇဉ် အရှင်မွန် အရှင်မြတ်တို့နှင့်တကွ ပရမတ္ထသံဃာ အရိယာရှစ်ပါး တပည့်သား သံဃာတော်မြတ်အပေါင်းသည်။ ဉာယပ္ပဋိပန္နော-
အဓိသီလ အဓိစိတ္တ အဓိပညာ သိက္ခာသုံးရပ် လွန်သင့်မြတ်သော ပဋိပါတ်ဂုဏ်နှင့်လည်း ပြည့်စုံတော်မူ၏ ။
၄။ ဘဂဝတော-မြတ်စွာဘုရား၏။ သာဝကသံဃော- သီလဝန်
ဂုဏဝန် ပညာဝန်၊ကလျာဏပုထုဇဉ် အရှင်မွန် အရှင်မြတ်တို့နှင့်တကွ ပရမတ္ထသံဃာ အရိယာရှစ်ပါး တပည့်သား သံဃာတော်မြတ်အပေါင်းသည်။ သာမီစိပ္ပဋိပန္နော-
အဓိသီလ အဓိစိတ္တ အဓိပညာ သိက္ခာသုံးရပ် ရိုသေအပ်သော ပဋိပါတ်ဂုဏ်နှင့်လည်း ပြည့်စုံတော်မူ၏ ။
ယဒိဒံ=ယာနိ ဣမာနိ စတ္တာရိ ပုရိသယုဂါနိ=အကြင်လေးပါးသောယောက်ျားမြတ်အစုံတို့သည်၊
သန္တိ-ရှိကြကုန်၏။ ယဒိဒံ- ယေဣမေ အဋ္ဌပုရိသပုဂ္ဂလာ-အကြင်ရှစ်ပါးသော ယောကျ်ားမြတ်တို့သည်။ သန္တိ-ရှိကြကုန်၏။
၅။ ဘဂဝတော-မြတ်စွာဘုရား၏၊ ဧသ-ဧသော သာဝကသံဃော-
ဤလေးစုံ ရှစ်ပါး တပည့်သား သံဃာတော်မြတ် အပေါင်းသည်။
အာဟုနေယျော- အဂန္တုအား ရည်ရွယ်ထားသော အလှူဝတ္ထုမျိုးကို ခံယူခြင်းငှါ ထိုက်တန်စွာသော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်နှင့်လည်း ပြည့်စုံတော်မူ၏ ။
၆။ ပါဟုနေယျော= လက်ဆောင်အလို့ငှါ ယူ၍လာသော လှူဝတ္ထုမျိုးကို ခံယူခြင်းငှါ ထိုက်တန်စွာသော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်နှင့်လည်း ပြည့်စုံတော်မူ၏ ။
၇။ဒက္ခိဏေယျော= နောက်နောက်ဘဝ အကျိုးရဖို့မျိုးချတုံလတ် မြတ်သောအလှူ ၀တ္ထုမျိုးကို ခံယူခြင်းငှါ ထိုက်တန်စွာသော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် နှင့်လည်း ပြည့်စုံတော်မူ၏ ။
၈။ အဥ္ဇလီ ကရဏီယျော= လူ မင်း နတ်မင်း ဗြဟ္မာမင်းတို့၏
လက်အုပ်ချီခြင်းကို ခံယူထိုက်သော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် တို့နှင့်လည်း ပြည့်စုံတော်မူ၏ ။
၉။ လောကဿ- လူအပေါင်း၏၊ အနုတ္တရံ- အတုမရှိမြင့်မြတ်သော ၊ပုညခေတ္တံ-ကုသိုလ်မျိုးကို စိုက်ပျိုးချရာ လယ်ယာမြေကောင်းသဖွယ်လည်းဖြစ်တော်မူ၏ ။ တံ = သုပ္ပဋိပန္နတာအစ ပုညခေတ္တံ အဆုံး ဘဝဂ်ချုန်းမျှ ဘုန်းရှိန်ကြီးမား ဂုဏ်ကိုးပါးနှင့် ပြည့်စုံတော်မူသော သံဃာတော်မြတ် အပေါင်းကို။ အဟံ- ခန္ဓာ အာယတန ဓါတ်စုမျှကို ကာယသမုတ် အကျွနှ်ပ်သည်။ ၀န္ဒာမိ-သဒ္ဓါစိတ်ဇော အာရုံပြော၍ မနောဝစီ ကာယညီလျှက် ဦးချီးလက်မိုး ကြာငုံဖြိုးသို့ ရှိုခိုးပါ၏ဘုရား။
သံဃာဂုဏ်တော် လိုရင်း အဓိပ္ပါယ်
၁။ သုပ္ပဋိပန္နဂုဏ်တော်= = အလွန်ကောင်းမြတ်သော ပဋိပတ်အကျင့်နှင့် ပြည့်စုံသောဂုဏ်။
၂။ ဥဇုပ္ပဋိပန္နဂုဏ်တော်= =အလွန်ဖြောင့်မတ်သော ပဋိပတ်အကျင့်နှင့် ပြည့်စုံသောဂုဏ်။
၃။ဉာယပ္ပဋိပန္နဂုဏ်တော်= =နိဗ္ဗာန်ရောက်ရန် သင်မြတ်သောအကျင့်နှင့် ပြည့်စုံသောဂုဏ်။
၄။သာမီစိပ္ပဋိပန္နဂုဏ်တော်= =ရိုသေထိုက်သော ပဋိပတ်အကျင့်နှင့် ပြည့်စုံသောဂုဏ်။
၅။အာဟုနေယျ ဂုဏ်တော်= = အဝေးက ဆောင်ယူလာသောအလှူဝတ္ထုကို ခံယူထိုက်သောဂုဏ်။
၆။ပါဟုနေယျ ဂုဏ်တော်= =ဧည့်သည်အတွက် စီမံထားသော
အလှူဝတ္ထုကို ခံယူထိုက်သောဂုဏ်။
ရ။ဒက္ခိဏေယျဂုဏ်တော်= =နောင်ဘဝအကျိုးရဖို့ရန် ရည်သန်သော အလှူကို ခံယူထိုက်သောဂုဏ်။
၈။အဥ္ဇလီ ကရဏီယျဂုဏ်တော်= = လက်အုပ်ချီမိုး ရှိခိုးထိုက်သောဂုဏ်။
၉။အနုတ္တရံ ပုညခေတ္တ ဂုဏ်တော်= =ကုသိုလ်မျိုးကို စိုက်ပျိုးချရာ လယ်ယာမြေကောင်းနှင့် တူသောဂုဏ်။
သံဃာဂုဏ်တော် ကဗျာ
သံဃာဂုဏ်တော် သေချာမှတ်ဖို့၊ကဗျာစပ်လို့ ဆိုကြမယ်။
၁။ကောင်းကောင်းမှန်မှန် ကျင့်ကြံတတ်တဲ့၊ဘုရားသားတော်ဖြစ်ပါတယ်။
၂။ ဖြောင့်ဖြောင့် ညီညီ ကျုင့်ကြံတတ်တဲ့၊ ဘုရားသားတော် ဖြစ်ပါတယ်။
၃။နိဗ္ဗာန်ရည်သန် ကျင့်ကြံတတ်တဲ့၊ဘုရားသားတော်ဖြစ်ပါတယ်။
၄။ရိုသေထိုက်ရန် ကျင့်ကြံကြတဲ့၊ဘုရားသားတော်ဖြစ်ပါတယ်။
• မဂ် ဖိုလ်လေးစုံ ရှစ်စုံပြားတဲ့၊ဘုရားသားတော် အရိယာကွယ်။
၅။ရပ်ဝေးသည်လာ ဥစ္စာများကို၊ ဦးဦးဖျားဖျား ခံထိုက်တယ်။
၆။ဧည့်သည်ဖို့ရာ ဥစ္စာများကို၊ ဦးဦးဖျားဖျား ခံထိုက်တယ်။
၇။ နောင်ဖို့လှူရာ ဥစ္စာများကို ၊ဦးဦးဖျားဖျား ခံထိုက်တယ်။
၈။လက်အုပ်ချီမိုး ရှိခိုးအထူးကို၊ဦးဦးဖျားဖျား ခံထိုက်တယ်။
၉။လူနတ်ဗြဟ္မာ ကောင်းမှုမျိုးကို၊ အပျိုးထိုက်ဆုံး ယာမြေလယ်။
သံဃာ့ဂုဏ်တော် ကိုးဖြာပဲကွယ်၊အသဲစွဲအောင် မှတ်ကြကွယ်။
မှတ်ကွယ်……မှတ်ကွယ် ။
သံဃာဂုဏ်တော်ပွါးများရခြင်းအကျိုး
၁။ ကိလေမနှောင့် ။ ၂။ စိတ်စဉ်ဖြောင့်၏။
၃။ ဘုန်းခေါင်သံဃာ ၄။ သဒ္ဓါစွေ၍
၅။ နှစ်ထွေပီတိ ၆။ သည်းခံချိ၏
၇။ ပြုဘိ သမုတ်၊ဥပုသ်သိမ်ပမာ။
၈။ သံဃာနှင့်နေ ၉ ။ ထင်ပေ ဟိရောတ်
၁၀။ စိတ်ညွတ်သံဃ ၁၁။ မဂ် မရလည်း ရောက်ထနတ်ရွာ
ကောင်းကျိုးလာသည် သံဃာဂုဏ်တော် ပွါးကျိုးတည်း။
တရားဂုဏ်တော်(၆)ပါး နှင့် အဓိပ္ပါယ်
တရားဂုဏ်တော်(၆)ပါး နှင့် အဓိပ္ပါယ်
တရားဂုဏ်တော်(၆)ပါး ပါဠိ
၁။သွက္ခာတော ဘဂဝတာ ဓမ္မော၂။ သန္ဒိဋ္ဌိကော
၃။ အကာလိကော
၄။ ဧဟိပဿိကော
၅။ သြပနေယျိကော
၆။ ပစၥတၱံ ေ၀ဒိတေဗၺာ ၀ိညဴဟိတိ။
တရားဂုဏ်တော်၏ အနက်အဓိပ္ပါယ်
၁။ ဘဂဝတော- မြတ်စွာဘုရားသည်။ ဓမ္မော၊တရားတော်မြတ်ကို၊သွက္ခာတော၊အစအလယ်အဆုံးသုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံစွာ ဟောကြားတော်မူ၏။
၂။ ဓမ္မော-တရားတော်မြတ်သည်။ သန္ဒိဋ္ဌိကော-ကျင့်ဆောင်သူတို့အား ယခုဘဝ ပစ္စက္ခ၌ပင် ဒိဋ္ဌကိုယ်တိုင် တွေ့မြင်ခံစားရသော ဂုဏ်ကျေးဇူးအထူးနှင့် ပြည့်စုံတော်မူ၏။
၃။ အကာလိကော-ကာလမရွေ့ ကျင့်သည့်နေ့ပင် တွေ့မြင်ယုံကြည်ရသော ကောင်းကျိုးချမ်းသာနှင့်လည်း ပြည့်စုံတော်မူ၏။
၄။ ဧဟိပဿိကော- လာရောက်ရှုမြင် ကျေးဇူးတင်မြဲဖြစ်၍ လာပါ ရှုပါ ကျင့်ကြံပါဟု မပါ ပါအောင် ခေါ်ဆိုသွတ်သွင်း တိုက်တွန်းခြင်းငှါ ထိုက်တန်စွာသော ဂုဏ်ထူးဝိသေသနှင့်လည်း
ပြည့်စုံတော်မူ၏။
၅။ သြပနေယျိကော- မိမိကာယ အဇ္စျတ္တတွင် ရရှိပေါက်ရောက်
ကိုယ်တွေ့မြောက်အောင် ကပ်၍ဆောင်ထိုက်သော ဂုဏ်ထူးဝိသေသနှင့်လည်း ပြည့်စုံတော်မူ၏။
၆။ ဝိညူဟိ-ပညာရှိသူ ရှင်လူအပေါင်း သူတော်ကောင်းတို့သည်။
ပစ္စတ္တံ-အသီးသီးသော မိမိတို့သန္တာန်၌ ။ ဝေဒိတဗ္ဗော၊ချမ်းသာလေစွ ကောင်းလေစွဟု ကာယစိတ္တ သုခနှစ်ပြင်၊ထင်ထင်ရှားရှား ခံစားသိမြင်ရသော ဂုဏ်ထူးဝိသေသနှင့်လည်း ပြည့်စုံတော်မူ၏ ။
တံ- ထိုသွာက္ခာတာအစ ဝေဒိတဗ္ဗောအဆုံး ဘဝဂ်ချုန်းမျှ ဘုန်းရှိန်ကြီးမား ဂုဏ်ခြောက်ပါးနှင့် ပြည့်စုံသော တရားတော်မြတ်ကို။ အဟံ- ခန္ဓာ အာယတန ဓါတ်စုမျှကို ကာယသမုတ် အကျွနှ်ပ်သည်။ ၀န္ဒာမိ-သဒ္ဓါစိတ်ဇော အာရုံပြော၍
မနောဝစီ ကာယညီလျှက် ဦးချီးလက်မိုး ကြာငုံဖြိုးသို့ ရှိုခိုးပါ၏ဘုရား။
တရားဂုဏ်တော် လိုရင်းအဓိပ္ပါယ်
၁။သွာက္ခာတ ဂုဏ်တော်
မြတ်စွာဘုရား ကောင်းစွာဟောထားသည့်တရား ဖြစ်ခြင်းဂုဏ်။
၂။ သန္ဒိဋ္ဌိက ဂုဏ်တော်
ကိုယ်တိုင်ကျင့်လျှင် ကိုယ်တိုင်သိနိုင်သောတရားဖြစ်ခြင်းဂုဏ်။
၃။ အကာလိက ဂုဏ်တော်
အခါမလပ် အကျိုးပေးခြင်း မဂ်ရလျှင် အခုချက်ချင်း ဖြစ်ခြင်းဂုဏ်။
၄။ ဧဟိပဿိက ဂုဏ်တော်
လာပါ ကျင့်စမ်းပါဟု ရဲရဲဝံ့ဝံ့ ဖိတ်ခေါ်ထိုက်ခြင်း အစမ်းသပ်ခံနိုင်ခြင်းဂုဏ်။
၅။ သြပနေယျိက ဂုဏ်တော်
မိမိစိတ်၌ အမြဲကပ်၍ ဆောင်ထားသင့်ခြင်းဂုဏ်။
၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ ဂုဏ်တော်
အရိယာတို့သည် နိဗ္ဗာန်ချမ်းသာကို အသီးသီး လက်တွေ့ခံစားနိုင်ခြင်း ဂုဏ်။
တရားဂုဏ်တော် ကဗျာ
တရားဂုဏ်တော် သေချာမှတ်ဖို့၊ကဗျာစပ်လို့ ဆိုကြမယ်
၁။ဘုရားကောင်းစွာ ဟောညွန်အပ်လို့၊တရားတော်မြတ် ခိုင်မာတယ်။
၂။ကိုယ်တိုင်ကျင့်ယင် ကိုယ်တိုင်သိလို့၊ မိမိရရ သေချာတယ်။
၃။အခုကျင့်ယင် အခုထူးလို့၊ အကျိုးကျေးဇူး မြန်ဆန်တယ်။
၄။ လာပါ ကျင့်ပါ ဖိတ်ခေါ်အပ်လို့။စမ်းသပ်ခံကြောင်း ကြေညာတယ်။
၅။ ကိုယ်နှင့်စိတ်မှာ မြဲဆောင်အပ်လို့။ ထပ်ကြပ်မကွာ အားထားဖွယ်။
၆။ အရိယာဆို ကိုယ်စီသိလို့၊ထိထိမိမိ ခံစားတယ်
တရားဂုဏ်တော် ခြောက်ဖြာပဲကွယ် အသဲစွဲအောင် မှတ်ကြကွယ်
မှတ်ကွယ်…………မှတ်ကွယ် ။
တရားဂုဏ်တော်ပွါးများရကျိုးပြ ကဗျာ
၁။ ကိလေ မနှောင့် ၂။ စိတ်စဉ်ဖြောင့်၏
၃။ ဘုန်းခေါင်ဟောကြား ၊တရားရိုသေ
၄။ သဒ္ဓါစွေ၍ ၅။ နှစ်ထွေပီတိ
၆။ သည်းခံချိ၏ ၇ ။ စေတီပုံလား
၈။ တရားနှင့်နေ ၉။ ထင်ပေ ဟိရောတ်
၁၀။ စိတ်ညွတ်ဓမ္မ ၁၁။ မဂ်မရလည်း ရောက်ထ မမှား
နတ်ရွာလားသည်၊ တရားဂုဏ်တော်ပွါးကျိုးတည်း။
ဘုရားဂုဏ်တော် (၉) ပါး နှင့် အဓိပ္ပါယ်
ဘုရားဂုဏ်တော် (၉) ပါး နှင့် အဓိပ္ပါယ်
ဘုရားဂုဏ်တော် (၉) ပါး
မြတ်စွာဘုရား၏ဂုဏ်တော် ၉-ပါးသည် အတုမရှိမြင့်မြတ်သောဂုဏ်တော်များဖြစ်၍ ၊ဤဂုဏ်တော်များကို သိနားလည်လျှင် မြတ်စွာဘုရားကို ပို၍ ပို၍ ကြည်ညိုလာမည်ဖြစ်သည်၊အကျိုးထူးကလဲ ပို၍မြင့်မြတ်သောအကျိုးထူးများကို ရရှိမည်ဖြစ်သည်။ဘုရားဂုဏ်တော်(၉)ပါး ပါဠိ
ဣတိ ပိသော ဘဂဝါ
၁။ အရဟံ
၂။ သမ္မာသမ္ဗုဒ္ဓေါ
၃။ ဝိဇ္ဇာစရဏ သမ္ပန္နော
၄။ သုဂေတာ
၅။ လောကဝိဒူ
၆။ အႏုတၱေရာ ပုရိသဒမၼာသာရထိ
၇။ သတ္ထာဒေဝ မနုဿာနံ
၈။ ဗုဒ္ဓေါ
၉။ ဘဂဝါ ။
ဘုရားဂုဏ်တော်၏ အနက်အဓိပ္ပါယ်
(၁) သောဘဂဝါ -ထိုမြတ်စွာဘုရားသည်။ ဣတိပိ ၊ဤသို့လျှင် ဗြဟ္မာနတ်လူ သုံးဘုံသူတို့၏ ကြည်ဖြူကော်ရော် ပူဇော်အထူးကိုခံယူတော်မူထိုက်ကြောင်းဖြစ်သော အတုမရှိသည့်
သီလဂုဏ်၊ သမာဓိဂုဏ်၊ပညာဂုဏ်၊ဝိမုတ္တိဂုဏ်၊ဝိမုတ္တိ္က္က္က`ဉာဏဒဿနဂုဏ်တို့နှင့်ပြည့်စုံတော်မူသောကြောင့် ။အရဟံ၊အရဟံ မည်တော်မူ၏ ။
(၂) သောဘဂဝါ-ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ဤသို့လျှင်သစ္စာ ဉေယျ ဓမ္မအပုံ အလုံးစုံကို အကုန်မကျန် မြတ်ရွှေဉာဏ်ဖြင့် အမှန်ထိုးထွင်း အလင်းထင်ပေါ် သိမြင်တော်မူသောကြောင့် သမ္မာသမ္ဗုဒ္ဓေါ- သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏ ။
(၃) သောဘဂဝါ-ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ဤသို့လျှင်ဝိဇ္ဇသုံးပါး ဝိဇ္ဇာရှစ်ပါး ၊စရဏတစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူသောကြောင့်၊ဝိဇ္ဇာစရဏသမ္ပန္နော၊ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏ ။
(၄) သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်၊ဣတိပိ၊ဤသို့လျှင်၊သဿတဒိဋ္ဌိ၊ဥစေ ္ဆဒဒိ
ဋ္ဌိ မကပ်ငြိဘဲ မဇ္စျိမပဋိပါတ် ကောင်းမြတ်ဖြောင့်တန်၊ မဂ္ဂင်လမ်းဖြင့် ရွှေနန်းပူရီ ဘေးမဲ့ပြည်သို့ ကြွချီဆိုက်ရောက်တော်
မူသောကြောင့်၊သုဂတော၊သုဂတမည်တော်မူ၏ ။
(၅) သောဘဂဝါ၊ထိုမြတ်စွာဘုရားသည်၊ဣတိပိ၊ဤသို့လျှင် ကာမ ရူမ အရူပဟု လောကအပြင် ဘုံတစ်ခွင်ကို ကုန်စင်ခပင်း
မကျန်ကြွင်းအောင် အလင်းထင်ပေါ် သိမြင်တော်မူသောကြောင့်
လောကဝိဒူ-လောကဝိဒူ မည်တော်မူ၏ ။
(၆) သောဘဂဝါ၊ထိုမြတ်စွာဘုရားသည်၊ဣတိပိ၊ ဤသို့လျှင် ဇာတိမာန် ပုညမာန် ဂုဏမာန် ဗလမာန် ဣဒ္ဓိမာန် ပညာမာန်
တို့ဖြင့် မိုးစွန်ကြွားကြွား ငါ တကားဟု ကြုံးဝါးခက်ထန် အဆိပ်လျှံ
သည့် နန္ဒောပနန္ဒ အင်္ဂုလိမာလ သစ္စကနှင့် ဗကဗြဟ္မာ သတ္တဝါတို့
ကို ဒေသနာသံ ဆိပ်အံငြိမ်းဆေး အမြန်ပေး၍ ယဉ်ကျေးအောင်ပြု
ဆုံးမမှုဝယ် အတုမရှိလွန်ကဲဘိသောကြောင့် အနုတ္တရော ပုရိသဒမ္မသာရထိ-အနုတ္တရော ပုရိသ ဒမ္မသာရထိမည်တော်မူ၏ ။
(၇) သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်၊ဣတိပိ၊ဤသို့လျှင် လူနတ်ဗြဟ္မာ သတ္တဝါအများ သောင်းထိုက်သားတို့၏ ဝပ်တွားရှိပျောင်း ညွတ်ညောင်းခယ ဆုံးမခံရာ ဆရာသခင် ဦးထိပ်တင်ကြီးဖြစ်တော်မူသောကြောင့်၊သတ္ထာဒေဝ မနုဿာနံ၊
သတ္ထာဒေဝ မနုဿာနံ မည်တော်မူ၏ ။
(၈) သောဘဂဝါ၊ထိုမြတ်စွာဘုရားသည်၊ဣတိပိ၊ဤသို့လျှင် သစ္စာလေးရပ် တရားမြတ်ကို လူနတ်အများ သိထင်ရှားအောင်
ဟောကြားထုတ်ဖော် သိစေတော်မူသောကြောင့် ။ ဗုဒ္ဓေါ-ဗုဒ္ဓမည်တော်မူ၏ ။
(၉) သောဘဂဝါ၊ထိုမြတ်စွာဘုရားသည်၊ဣတိပိ၊ဤသို့လျှင်ဘုန်းတော်အနန္တ၊ကံတော်အနန ္တ၊ဉာဏ်တော်အနန ္တ၊တန်ခိုးတော်အနန ္တကြီးမြတ်လှ၍ လောကသုံးပါး လူအများတို့ လေးစားဂရု ချီးပမှုကြောင့်
ဘဂဝါ ၊ဘဂဝါမည်တော်မူ၏ ။ တံ၊ ထိုအရဟံ အစ ဘဂဝါအဆုံး ဘဝဂ်ချုံးမျှ ဘုန်းရှိန်ကြီးမား ဂုဏ်ကိုးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊အဟံ၊ ခန္ဓာ အာယတန ဓါတ်စုမျှကို ကာယသမုတ် အကျွနှ်ပ်သည်။ ၀န္ဒာမိ၊သဒ္ဓါစိတ်ဇော အာရုံပြော၍
မနော ၀စီ ကာယညီလျှက် ဦးချီလက်မိုး ကြာငုံဖြိုးသို့ ရှိခိုးပါ၏ဘုရား ။
ဘုရားဂုဏ်တော် လိုရင်းအဓိပ္ပါယ်
အရဟံ ဂုဏ်တော်
ကိလေသာကင်းစင်၍ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ခြင်း လူနတ်ဗြဟ္မာတို့၏ ပူဇော်အထူးကိုခံထိုက်ခြင်းဂုဏ်။
သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်
တရားအလုံးစုံကို သဗ္ဗညုတဉာဏ်ဖြင့် အလိုလိုသိခြင်း ဉာဏ်ပညာအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်ခြင်းဂုဏ်။
ဝိဇ္ဇာစရဏ သမ္ပန္န ဂုဏ်တော်
ဝိဇ္ဇာဉာဏ်သုံးပါး၊(၈)ပါး၊စရဏအကျင့် ၁၅ ပါးတို့နှင့် ပြည့်စုံတော်မူခြင်း၊အကြီးဆုံး ဝိဇ္ဇာနှင့်အကောင်းဆုံးအကျင့်ရှိသူဖြစ်ခြင်းဂုဏ်။
သုဂတ ဂုဏ်တော်
ဟုတ်မှန် အကျိုးရှိသော စကားကို ကောင်းစွာ ဆိုတတ်ခြင်း နိဗ္ဗာန်သို့ကောင်းစွာ သွားတတ်ခြင်းဂုဏ်။
လောကဝိဒူ ဂုဏ်တော်
သတ္တလောက၊သင်္ခါရလောက၊သြကာသလောက၊တည်းဟူသော
လောကသုံးပါးကို သိမြင်တော်မူခြင်းဂုဏ်။
အနုတ္တရောပုရိသဒမ္မသာရထိ ဂုဏ်တော်
မယဉ်ကျေးသူတို့ကို ယဉ်ကျေးအောင် ဆုံးမတတ်ရာ၌ အသာလွန်ဆုံးဖြစ်ခြင်းဂုဏ်။
သတ္ထာဒေဝ မနုဿာနံဂုဏ်တော်
နတ်လူသတ္တဝါအားလုံးတို့၏ ဆရာဖြစ်ခြင်းဂုဏ်
ဗုဒ္ဓေါဂုဏ်တော်
သစ္စာလေးပါးကို ကိုယ်ကိုတိုင်သိမြင်၍ သူတစ်ပါးတို့အားလည်း
ကောင်းစွာဟောကြားညွန်ပြနိုင်သောဂုဏ်။
ဘဂဝါ ဂုဏ်တော်
ဘုန်းတော်-၆-ပါးနှင့်ပြည့်စုံတော်မူခြင်းဂုဏ်
ဘုန်းတန်ခိုးအရှိဆုံးပုဂ္ဂိုလ် ဖြစ်ခြင်းဂုဏ်။
ဘုရားဂုဏ်တော်(၉)ပါး ကဗျာ
ဘုရားဂုဏ်တော် သေချာမုတ်ဖို့၊ကဗျာစပ်လို့ ဆိုကြမယ်။
၁။ကိလေသာတွေ ကင်းစင်ပြတ်လို့၊လူနတ်ဗြဟ္မာ ပူဇော်တယ်။
၂။တရားအလုံးစုံ ကိုယ်တိုင်သိလို့၊ဆရာမရှိသူ ဖြစ်ပါတယ်။
၃။ထူးတဲ့အသိဉာဏ် အကျင့်မှန်များလဲ၊ကောင်းစွာထင်ရှားပြည့်စုံတယ်
၄။ကောင်းတဲ့စကားကို ပြောဆိုတတ်လို့၊ နိဗ္ဗာန်မြတ်သို့ ကြွသွားတယ်။
၅။ သတ္တ သင်္ခါ သြကာသတဲ့၊လောကသုံးပါ သိမြင်တယ်။
၆။မယဉ်ကျေးသူ ယဉ်အောင်ပြုတဲ့၊ဆုံးမမှုမှာ သာလွန်တယ်။
ရ။လူနတ်ဗြဟ္မာ သတ္တဝါများရဲ့၊ဆရာထင်ရှား ဖြစ်ပါတယ်။
ဂ။လေးပါးသစ္စာ စိတ်ဖြာသိတဲ့၊ဉာဏ်မြင်ရှိသူ ဖြစ်ပါတယ်။
၉။ဘုန်းတော်ခြောက်စုံ ဂုဏ်တော်မြတ်နှင့် တစ်စမလပ် ပြည့်စုံတယ်။
ဘုရားဂုဏ်တော် ကိုးဖြစ်ပဲကွယ်၊အသဲစွဲအောင် မှတ်ကြကွယ်
မှတ်ကွယ်………..မှတ်ကွယ်။
ဘုရားဂုဏ်တော်ပွါးများရခြင်းအကျိုး
၁။ရာဂ ဒေါသ မောဟ စသည့် ကိလေသာများ မနှောင့်ယှက်ခြင်း။
၂။စိတ်အစဉ် ဖြောင့်မတ်၍ ကုသိုလ်တိုးပွါးခြင်း။
၃။မြတ်စွာဘုရားအား ရိုသေ၍ သတိကောင်းလာခြင်း။
၄။မြတ်စွာဘုရား၌ သက်ဝင်ယုံကြည်မှု သဒ္ဓါ တိုးတက်လာခြင်း
၅။နှစ်သက်ခြင်းပီတိနှင့် ရွှင်လန်းခြင်း ပါမောဇ္ဇတို့အဖြစ်များခြင်း။
၆။ဘေးရန်အမျိုးမျိုးကို သည်းခံနိုင်လာခြင်း၊၊
ရ။ခန္ဓာကိုယ်သည် စေတီအလား ပူဇော်ထိုက်ခြင်း။
ဂ။ဘုရားနှင့်အတူနေသော အမှတ်သညာရခြင်း။
၉။ မကောင်းမှုပြုရန် ရှက်ခြင်းကြောက်ခြင်း(ဟီရိ၊သြတပ္ပ)ဖြစ်ခြင်း
၁၀။မြတ်စွာဘုရား၌ စိတ်ညွတ်ခြင်း။
၁၁။မဂ် ဖိုလ် မရသေးလျှင် အပါယ်လေးပါး မလားဘဲ သုဂတိဘုံဘဝသို့ လားရခြင်း။
ဆောင်ပုဒ်လင်္ကာ
၁။ ကိလေမနှောင့်၊ ၂။ စိတ်စဉ်ဖြောင့်၏
၃။ ဘုန်းခေါင့်ရိုသေ ၄။ သဒ္ဓါစွေ၍
၅။ နှစ်ထွေပီတိ ၆။သည်းခံချိ၏။
ရ။ စေတီပုံလား ၈။ ဘုရားနှင့်နေ
၉။ ထင်ပေဟိရောတ်၊ ၁၀။ စိတ်ညွတ်ချစ်ရှင်
၁၁။ မဂ်စဉ်မပွါး နတ်ရွာလားသည် ဘုရားဂုဏ်တော်ပွါးကြောင်းတည်း။
ဗုဒ္ဓေါ လောကေ သမုပ္ပန္နော ဟိတာယ သဗ္ဗပါဏိနံ
သုံးလူ့ဆရာ မြတ်ဗုဒ္ဓသည် သတ္တဝါအများ အကျိုးပွါးဖို့ ထင်ရှားလူ့ရွာ ပွင့်ထွန်းပေါ်ပေါက်လာပေ၏။
၁။ ဘုရားရှင်တော် မပွင့်ပေါ်လျှင် လူတော်အများ စိတ်ကောင်းထားလည်း၊ ဤကားကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘဝ မသိရ များလှ အပြစ်တွေ။
၂။ ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍ ဟောဖော်ညွန်ကြား မြတ်တရားကြောင့် ဤကားကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘဝ
သိကြရ များလှကျေးဇူးတွေ။