မြန်မာပြက္ခဒိန်

။......ယခုရောက်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။.......ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ.........။......... လည်ပတ်ရောက်လာ ဆွေသဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။ ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ......။..........သျှင်ငြိမ်းချမ်း...........Shin Nyein Chan............shinnyainchann@gmail.com
"မှတ်တမ်းလေးတခုချန်ထားခဲ့ရုံပါပဲ....။ တယောက်ယောက်အတွက် ...တခုခု အကျိုးရှိသွားရင် ကုသိုလ် ရတာပေါ့.....။"

Friday, September 27, 2024

ဝဋ်တော် ( ၁၂ )ပါး

ဝဋ်တော် ( ၁၂ )ပါး 

မြတ်စွာဘုရားနဲ့ ဝဋ်တော် ( ၁၂ )ပါး

၁။
ဘုရားရှင်ဟာ အလောင်းတော်ဖြစ်စဉ် တစ်ခုသောဘဝက မုနာဠိအမည်ရှိသော သေသောက်ကြူးတစ်ဦးဖြစ်ပြီး သုရတိ အမည်ရှိ ပစ္စေကဗုဒ္ဓါကို """" ဒီသူဟာ ဆိတ်ကွယ်ရာအရပ်မှာ ကာမလိုက်စား မွေ့လျော်ပျော်ပါးပြီး တရားမရှိ၊ သီလမရှိသူ ဖြစ်တယ်..""
လို့ စွပ်စွဲစကား ပြောမှားခဲ့ပါတယ်။
အဲ့ဒီမကောင်းမှု့ကြောင့် ငရဲမှာ နှစ်ပေါင်းများစွာ ဆင်းရဲခံစားခဲ့ရပြီး ယခုနောက်ဆုံး ဘုရားဖြစ်တဲ့အခါ လူသူအများ အထင်မှားအောင် သုန္ဒရီပရိဗိုဇ်မရဲ့ စွပ်စွဲခြင်းကို ခံရပါတယ်။
၂။
ဘုရားရှင်ဟာ အလောင်းတော်ဖြစ်စဉ် တစ်ခုသောဘဝမှာ သဗ္ဗာဘိဘူ အမည်ရှိသော ပစ္စေကဗုဒ္ဓါရဲ့ နန္ဒမည်တဲ့ တပည့်ဖြစ်ခဲ့ပြီး အဲ့ဒီပစ္စေကဗုဒ္ဓါကို..
"" သီလမရှိ သူယုတ်မာသာဖြစ်တယ် ""
လို့ စွပ်စွဲစကား ပြောမှားခဲ့ပါတယ်။
အဲ့ဒီမကောင်းမှု့ကြောင့် သရဲမှာ အနှစ်တစ်သောင်းကြာ ဆင်းရဲခံစားခဲ့ရပြီး ယခု နောက်ဆုံးဘဝမှာ ဘုရားဖြစ်တဲ့အခါ ပရိတ်သတ်ဗိုလ်ပုံအလယ်မှာ စိဉ္စမာနမိန်းမယုတ်ရဲ့ မဟုတ်မတရား စွပ်စွဲခြင်းကို ခံရပါတယ်။
၃။
ဘုရားရှင်ဟာ အလောင်းတော်ဖြစ်စဉ် တစ်ခုသောဘဝမှာ လူအများ လေးစားပူဇော်အပ်တဲ့ ဗေဒင်သုံးရပ် ကမ်းဆုံးခပ်အောင် တတ်မြောက်သူ ပုဏ္ဏား ပါမောက္ခဆရာကြီးဖြစ်ပြီး တပည့် လုလင် ငါးရာအား မဟာဝုန်တောမှာ ဗေဒင်ကျမ်းများကို သင်ကြားပေးနေစဉ် အသိညာဉ်ရတဲ့ ဘီမအမည်ရှိရသေ့ အဲ့ဒီအရပ်သို့ ကြွလာတာကို မြင်ရတဲ့အခါ ကြည်ညိုရမယ့်အစား နှလုံးသွင်းမှားယွင်းကာ...
"" ဒီရသေ့ဟာ ကာမစည်းစိမ်ကို ခံစားသူ ရသေ့စဉ်းလဲဖြစ်တယ်..""
လို့ စွပ်စွဲစကားကို တပည့်တို့အား ပြောကြားခဲ့ပါတယ်။
အဲ့ဒီတပည့်ငါးရာတို့ကလဲ ဆရာကြီးစကားကို အားရဝမ်းသာ လက်ခံကြကာ မြို့ရွာအတွင်း ဆွမ်းခံကြွနေတဲ့ အဲ့ဒီဘီမရသေ့ကို ..""ဒီရသေ့ဟာ ကာမစည်းစိမ်ကို ခံစားသူ ရသေ့စဉ်းလဲဖြစ်တယ်.."" လို့ အိမ်တိုင်း အိမ်တိုင်းရှိ လူအများအား ပြောကြားကြပါတယ်။
တပည့်တွေ အစွပ်စွဲခံရတာဟာလည်း ဘုရားရှင်ကိုယ်တော်မြတ် အစွပ်စွဲခံရသည်သာ မည်ပါတယ်။
၄။
ဘုရားရှင်ဟာ အလောင်တော်ဖြစ်စဉ် တစ်ခုသောဘဝမှာ မိကွဲဖတူဖြစ်တဲ့ ညီငယ်ကို ဥစ္စာလိုချင်တပ်မက်လို့ သတ်ဖြတ်ကာ တောင်ချောက်ကြားမှာ ပစ်ချရုံမက ကျောက်တုံးနဲ့ တစ်ဖန် ထပ်ပြီး ဖိညှပ်ကြိတ်ချေခဲ့ပါတယ်။
အဲ့ဒီမကောင်းမှု့ကြောင့် အကျိုးဆက်ကြောင့် နောက်ဆုံးဘ၀ ဘုရားဖြစ်တဲ့အခါ အရှင်ဒေဝဒတ် ကျောက်မောင်းဆင်ပြီး ပစ်ချတာကို ခံရကာ ခြေမတော်ကို ကျောက်ချပ်ကျောက်လွှာစင်ထွက်လာကာ သွေးစိမ်းတည်အောင် အထိအခိုက်ခံရပါတယ်။
၅။
ဘုရားရှင်ဟာ အလောင်းတော်ဖြစ်စဉ် တစ်ခုသောဘဝမှာ အမြှော်အမြင် အဆင်ခြင်နည်းပါးတဲ့ သူငယ်ဆိုးဖြစ်ပြီး လမ်းခရီးမမှာ မြူးထူးပျော်ပါး ကစားနေစဉ် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တစ်ပါးကို မြင်ရတဲ့အခါ ကြည်ညိုရမယ့်အစား နှလုံးသွင်းမှု့ မှားယွင်းကာ လမ်းခရီးမှာရှိတဲ့ ကျောက်ခဲတွေကို ကောက်ယူပြီး အဲ့ဒီပစ္စေကဗုဒ္ဓါကို ပစ်ခတ်ပြစ်မှားခဲ့ပါတယ်။
အဲ့ဒီမကောင်းမှု့ အကျိုးဆက်ကြောင့် နောက်ဆုံးဘ၀ ဘုရားဖြစ်တဲ့အခါ ဘုရားရှင်ကို သတ်ဖို့ရန် အရှင်ဒေဝဒတ်က လူသတ်လေးသမားများ စေလွှတ်တာကို ခံရပါတယ်။
၆။
ဘုရားရှင်ဟာ အလောင်းတော်ဖြစ်စဉ် တစ်ခုသောဘဝမှာ ဆင်ထိန်းယောကျား ဖြစ်ခဲ့ပြီး ဆွမ်းခံကြွဝင်တဲ့ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တစ်ပါးကို ဆင်နဲ့ နင်းသတ်တော့မယ့်ဟန် အဖန်ဖန် ခြောက်လှန့်ခဲ့ပါတယ်။
အဲ့ဒီမကောင်းမှု့ အကျိုးဆက်ကြောင့် ရာဇဂြိုလ်ပြည်မှာ အရက်များစွာသောက်ပြီး အကြမ်းစိတ်၊ အရိုင်းစိတ် ပေါက်နေတဲ့ နာဠာဂီရိဆင်က ဘုရားရှင်ကို နင်းသတ်ရန် ရှေးရှုချဉ်းကပ်လာတာ ခံရပါတယ်။
၇။
ဘုရားရှင်ဟာ အလောင်းတော်ဖြစ်စဉ် တစ်ခုသောဘဝမှာ ပြည့်ရှင်မင်းဖြစ်ပြီး မင်းမာန်တက်ကာ ယောက်ျားတစ်ယောက်ကို ကိုယ်တိုင်ပဲ လှံနဲ့ထိုးဆွ သတ်ဖြတ်ခဲ့ပါတယ်။
အဲ့ဒီမကောင်းမှု့ အကျိုးဆက်ကြောင့် ငရဲမှာ အနှစ်များစွာ ကျခဲ့ရပြီး နောက်ဆုံးဘဝမှာ အရှင်ဒေဝဒတ် ကျောက်မောင်းဆင်ပြီး ချတဲ့အခါ ကျောက်လွှာကျောက်ချပ် ခြေမမှာ ထိခိုက်ပြီး သွေးစိမ်းတည်တဲ့ အနာရောဂါကို ကုစားရန် အတွက် ဆရာဇီဝက ခြေမတော်ကို ဓားနဲ့ခွဲတာကို ခံရပါတယ်။
၈။
ဘုရားရှင်ဟာ အလောင်းတော်ဖြစ်စဉ် တစ်ခုသောဘဝမှာ တံငါရွာတစ်ရွာမှာ တံငါသားငယ် ဖြစ်ကာ မိမိဆွေမျိုး တံငါတွေက ငါးတွေကို ရက်ရက်စက်စက် သတ်ဖြတ်ကြတာကို မြင်ရတဲ့အခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ပါတယ်။ (( ကိုယ်တိုင်တော့ မသတ်ပါ ။)).
အဲ့ဒီမကောင်းမှု့ အကျိုးဆက်ကြောင့် နောက်ဆုံးဘ၀ ဘုရားဖြစ်တဲ့အခါ ဦးခေါင်းကိုက်ရောဂါ မကြာခဏ ဖြစ်တာကို ခံစားရပါတယ်။
(( ရှေးက ငါးတွေကို ရက်ရက်စက်စက် သတ်ခဲ့တဲ့ ဆွေမျိုးတံငါတွေဟာ ယခုအခါ သာကီဝင်မင်းတွေ ဖြစ်လာကြပြီး ဝိဋဋူပရဲ့ အသတ်အဖြတ်ခံကြရပါတယ်။
၉။
ဘုရားရှင်ဟာ အလောင်းတော်ဖြစ်စဉ် ဖုဿဘုရားရှင်ရဲ့ သာသနာတော်မှာ တပည့်ရဟန်းတွေကို..
"" သင်တို့ဟာ မုယောကို ခဲကြ စားကြလော။ သလေးဆွမ်းတွေကို မစားကြနဲ့...."" လို့ ရေရွတ်စကား ပြောမှားခဲ့ပါတယ်။
အဲ့ဒီမကောင်းမှု့ အကျိုးဆက်ကြောင့် နောက်ဆုံးဘ၀ ဘုရားဖြစ်တဲ့အခါ ဝေရဉ္ဇာပြည်မှာ ဝေရဉ္ဇာပုဏ္ဏား လျှောက်ထားပင့်ဖိတ်ချက်အရ ဝါကပ်တော်မူစဉ် ဝါတွင်းသုံးလပတ်လုံး မုယောမှုန့်ကိုသာ ဘုဉ်းပေးခဲ့ရပါတယ်။
၁၀။
ဘုရားရှင်ဟာ အလောင်းတော်ဖြစ်စဉ် တစ်ခုသောဘဝမှာ လက်ဝှေ့သမားဖြစ်ပြီး အခြားလက်ဝှေ့သမားတစ်ဦးကို ခါးရိုးကျိုးအောင် ရိုက်ချိုးထိုးသတ်ခဲ့ပါတယ်။
အဲ့ဒီ မကောင်းမှု့အကျိုးဆက်ကြောင့် နောက်ဆုံးဘ၀ ဘုရားဖြစ်တဲ့အခါ ခါးတော် ညောင်းညာ နာကျင်ကိုက်ခဲခြင်း ဆင်းရဲကို ခံရပါတယ်။
၁၁။
ဘုရားရှင်ဟာ အလောင်းတော်ဖြစ်စဉ် တစ်ခုသောဘဝမှာ ဆေးဆရာဖြစ်ခဲ့ပြီး ဆေးဖိုးမပေးလိုတဲ့ သူဌေးသားတစ်ယောက်အား ဝမ်းလားဆေး တိုက်ကျွေးခဲ့ပါတယ်။
အဲ့ဒီမကောင်းမှု့ အကျိုးဆက်ကြောင့် နောက်ဆုံးဘ၀ ဘုရားဖြစ်ပြီး ကရိနိဗ္ဗာန်စဲတော်မူခါနီးမှာ သွေးဝမ်းသွန်ရောဂါကို ခံစားရပါတယ်။
၁၂။
ဘုရားရှင်ဟာ အလောင်းတော်ဖြစ်စဉ် ကသပဘုရား လက်ထက်မှာ ဇောတိပါလပုဏ္ဏားလုလင် ဖြစ်ခဲ့ပြီး ကသပဘုရားကို `` ဒီဦးပြည်းရဟန်းမှာ သဗ္ဗညုတဉာဏ် ဘယ်မှာဖြစ်နိုင်မှာလဲ၊ သဗ္ဗညုတဉာဏ်ဟာ အလွန်ရခဲတဲ့ တရားဖြစ်တယ်..""
 လို့ နှုတ်နဲ့ ပြစ်မှား ပြောကြားခဲ့ပါတယ်။
အဲ့ဒီမကောင်းမှုအကျိုး ဆက်ကြောင့် နောက်ဆုံးဘဝမှာ တောထွက်ပြီး ဘုရားဖြစ်အောင် ဒုက္ကဂစရိယာ ကျင့်တော်မူတဲ့အခါ အခြားဘုရားအလောင်းတော်တွေမှာ ရက် လ အနည်းငယ်သာ ထိုက်သည့်အလျောက် ကျင့်ကြရပေမယ့် ငါတို့ဘုရားရှင်ဟာ ၆ နှစ်ကြာအောင် ဒုက္ကရစရိယာကို ကျင့်တော်မူရပါတယ်။
(( ခုဒ္ဒကနိကာယ်၊ ထေရာပဒါနပါဠိ၊ ၃၉ ၊ အဝဋဖလဝဂ္ဂ ။ ၁၀၊ ပုဗ္ဗကမ္မပိလောတိက ဗုဒ္ဓအပဒါန်၊ ၃၄၆/ ၃၅၀ ))

No comments:

Post a Comment