မြန်မာပြက္ခဒိန်

။......ယခုရောက်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။.......ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ.........။......... လည်ပတ်ရောက်လာ ဆွေသဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။ ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ......။..........သျှင်ငြိမ်းချမ်း...........Shin Nyein Chan............shinnyainchann@gmail.com
"မှတ်တမ်းလေးတခုချန်ထားခဲ့ရုံပါပဲ....။ တယောက်ယောက်အတွက် ...တခုခု အကျိုးရှိသွားရင် ကုသိုလ် ရတာပေါ့.....။"

Friday, September 27, 2024

မာရ်နတ်၏ တပ်မကြီး ဆယ်တပ်

 မာရ်နတ်၏ တပ်မကြီး ဆယ်တပ်

=====================
တရားဘာဝနာ အားထုတ်မည့် ယောဂီ သူတော်ကောင်းတွေ အတွက် ရှောင်သင့် ရှောင်ထိုက်သော မာရ်တပ် ၁၀-တပ် ဖြစ်ပေသည်။ ထိုတပ် ၁၀-တပ်အား မကျော်လွား နိုင်ခဲ့သော် မိမိတို့ အလိုရှိ အပ်သော တောင့်တ အပ်သော ပန်းတိုင်သို့ ရရှိနိုင်မည် မဟုတ်ပေ။

၁။ ကာမ တဏှာ

လူဘဝ၊ နတ်ဘဝ၊ ဗြဟ္မာဘဝ စသည့်ဘဝနှင့် စည်းစိမ် တို့အား လိုလား တောင့်တ အပ်သော ဝတ္ထုတဏှာ၊ ကာမဂုဏ် တို့အား လိုလား တောင့်တ အပ်သော ကာမတဏှာ။

၂။ မမွေ့လျော်ခြင်း -

 ယောဂီအဖြစ်၊ ရဟန်းအဖြစ်၊ သီလရှင်အဖြစ် စသည်၊ တရားအလုပ်၊ ပရိယတ်အလုပ်၊ ပရိပတ်အလုပ်၊ ဆိတ်ငြိမ်ရာ တောကျောင်း၊ တောင်ကျောင်း၊ သမထ၊ ဝိပဿ နာ စသည်တို့၌ မမွေ့လျော်ခြင်း။

၃။ ဆာလောင် မွတ်သိပ်ခြင်း - 

ဓုတင် စသည်တို့၌ မစောင့်ထိမ်း နိုင်ခြင်း၊ ညနေစာ ဟူသော ဝိကာလ ဘောဇနာအား မစောင့်ထိန်း နိုင်ခြင်း၊ သူတစ်ပါး လှူသော လှူဖွယ် တို့အား မစားနိုင်ခြင်း စသည်။

၄။ စိတ်ကုန်ခမ်းခြင်း - 

ဘာဝနာ မှုတို့၌ ပျင်းရိခြင်း၊ မမွေ့လျော်ခြင်း၊ စိတ်ပါ လက်ပါ မရှိခြင်း။

၅။ ထိနမိန္ဒ - 

အိပ်ချင် ငိုက်မြည်းခြင်း ။

၆။ ဘီရု - 

သမာဓိတို့ ကျဆင်းလာသဖြင့် အကြောက်တရား တို့ဖိစီးခြင်း။

၇။ ဝီစိကိစ္ဆာ - 

ယုံမှားသံသယရှိခြင်း၊ ယခုခေတ်မှာ ဈာန်တရား ဆိုတာ ရှိနိုင်ပါ့မလား၊ အာနပါန လုပ်ရုံနဲ့ နိဗ္ဗာန် ရနိုင်ပါ့မလား။ မဂ်ဉာဏ၊် ဖိုလ်ဉာဏ် ဆိုတာကော ရှိပါ့မလား စသည်ဖြင့် ယုံမှားခြင်း။

၈။ မဂ္ဂ ထံပ - 

ဘာဝနာ မှုတွေ အားကောင်း လာပြီး၊ ဈာန်တွေလည်း ရှုရလာတယ်၊ ဝိပဿ နာ တွေလည်း ရှုရလာတယ်။ ထိုသို့ ရှုရလာသော် ကျေးဇူးရှင်ဆရာ မိဘတို့ အပေါ်၌ ကျေးဇူးတရား တို့အား ချေဖျက်ခြင်း အမှုကိုပြု ုခြင်း။

၉။ လာဘသက္ကာယ စသည်- 

လာဘ်လာဘ၊ အခြွေအရံတွေ ပေါများ လာ၍ ထိုထိုသော အာရုံတွေ နောက်လိုက်ခြင်း။

၁၀။ မာန်မာန 

ထားကာ မိမိကိုယ်ကို ချီးမြောက်ခြင်း၊ သူတစ်ပါး တို့အား နှိမ့်ချခြင်း၊ မထီမဲ့မြင်ပြု ခြင်း စသည်တို့ ဖြစ်ပါတယ်။ ယောဂီ သူတော်ကောင်း အနေဖြင့် ထိုမာရ်တရား ဆယ်ပါးအား ကျော်လွှား လွန်မြောက်ကာ နိဗ္ဗာန်ရွှေပြည်သို့ တက်လှမ်းနိုင်ကျပါစေ။
(ခုဒ္ဒကနိကာယ်၊သုတ္တနိပါတ်၊မဟာဝဂ္ဂ၊ပဓာနသုတ္တံ)

No comments:

Post a Comment