မြန်မာပြက္ခဒိန်

။......ယခုရောက်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။.......ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ.........။......... လည်ပတ်ရောက်လာ ဆွေသဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။ ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ......။..........သျှင်ငြိမ်းချမ်း...........Shin Nyein Chan............shinnyainchann@gmail.com
"မှတ်တမ်းလေးတခုချန်ထားခဲ့ရုံပါပဲ....။ တယောက်ယောက်အတွက် ...တခုခု အကျိုးရှိသွားရင် ကုသိုလ် ရတာပေါ့.....။"

Friday, July 7, 2023

ဆုပေးပွဲ




ဆုပေးပွဲ

ဒီရင်ခွင် ဟာ မင်းအတွက် ...... လုံလောက်တဲ့ ကောင်းကင် မဟုတ် ဘူးလား......။ ကိုလံဘတ် ရှာမတွေ့ခဲ့တဲ့ အမြင့်မြတ်ဆုံး ကုန်းမြေဟာ... သစ္စာနယ်မြေ လို့ အချစ် ဦး စာမျက်နှာမှာ နိဒါန်းဖွင့်ခဲ့ဖူးသူပါ........။ ဒီရင်ခွင် ဟာ မင်းအတွက်..... မျှော်လင့် ချက် တစုံတရာ ရှိ မနေ ဘူးဆိုတာ သေချာ ခဲ့ ပြီ လား .......။ ပန်းပုံပြင် ဟာ ပန်း စကားမဟုတ်ခဲ့ပါဘူး.... တိမ်တစင်း နဲ့ လိပ်ပြာဝှက်တမ်း ကစား ရင်း ရနံ့ ပြယ်ရတဲ့ နှင်းဆီ ရယ်..........။ စပျစ် သီးချဉ်တယ် ဆိုတဲ့ မြေခွေး တို့ အလယ်မှာ... စင်္ကြာဝဠာ ကို အမဲ လိုက်တဲ့ သီအိုရီ များ.... ကားစင်တင်ခံ လိုက်ရတဲ့ အဆုံး မဲ့ ချစ်ခြင်း များ...... အေးခဲသွားတဲ့ သံမဏိ မျက်ရည် တစက် ..... ရူးရူး ရင့်ရင့် ရက်ရက် ရောရော ရောင်းအကောင်းဆုံး ဈေးကွက်ဝင် မိုးခါးရေ များ.... မူးမူးမိုက်မိုက် မေ့မေ့မောမော ယာဇ် ပလ္လင် ပေါ်က ပွင့်ဖတ်ကြွေ နှင်းဆီဝိုင် တခွက်...... ဆို့ ဆို့ နင့်နင့် ကြေကြေကွဲကွဲ... သက္က ရာဇ် တွေ ရဲ့ အန်ဖတ် တချို့ ..... သုံးပွင့်ဆိုင် ပြဇာတ် တပုဒ် အတွက် ငါ့နှလုံးသား တံခါး၀ မှာမှ.. မြင်းရုပ် ဘာလို့ ရှိ နေရတာလဲ.......။ နာရီ မရှိ တဲ့ ... နှလုံးသား ဧည့်ခံပွဲ မှာ အော်ဂလီဆန် တဲ့ တေးသွားတပုဒ်...... ညှီစော်နံနေတဲ့ အကြည့်များ.... ပုပ်သိုးနေတဲ့ စကားလုံး တွေနဲ့.... အပြန် မရှိတဲ့ ရထား အကြောင်း ပွဲတက်သူ မင်းကတော်အကြောင်း...... နှစ် ထောင်းအားရ... ကောင်းချီးပေးကြတယ်.......။ " မျက်မမြင် ကို စီးချင်းထိုး အောင်ပွဲ ခံ ခဲ့သူ မင်းကတော် က ပထမ ...." ..... " ယုန်တကောင် ရဲ့ နှာစေး ဟန် ကို အတု ခိုးနေတဲ့.. မနှင်းဆီ က ပူးတွဲ ပထမ..... " ......။ ချောင်းကိုပစ် ၍ မြောင်း ကိုရှာသူ သျှင်ငြိမ်းချမ်း အား " နောက် တကြိမ် ပြိုင်ပွဲ ဝင်ရန် လုံး၀ မသင့်လျော် ပါသဖြင့်... ရာသက်ပန် ထုတ်ပယ်လိုက်သည်......" ........။ ခပ်တိုးတိုးလေး ဖြစ်ဖြစ် ရယ်ခွင့်ပြု ပါ.......။ အိပ်မက်တွေ ဗလာကျင်းခဲ့ရ ငါ့ရင်ခုန်သံတွေ အတွက် ဘာသာပြန်မမှားခဲ့ပါပဲ..... အချိန်အခါ မဟုတ်... နောင်တ ရထား ဟာ ဘူတာမှား ဆိုက်ရောက်လာတယ်........။ ဒီရင်ခွင် ဟာ မင်းအတွက် တစုံ တရာ အာမခံချက် မရှိတဲ့ အနာဂတ် မဲ့ ကောင်းကင် တဲ့လား..........။ အစဉ်ပျော်ရွှင်ချမ်းမြေ့ ကြပါစေ..... သျှင်ငြိမ်းချမ်း................။

(19th,July,2015.............1:15 Am )

No comments:

Post a Comment